Gym သွားဖို့ အဆင်မပြေတဲ့သူတွေအတွက် Gym သွားစရာမလိုပဲ တင်ပါးနဲ့ခြေထောက်တွေ ကျစ်လစ်လာစေမယ့် လေ့ကျင့်ခန်း ၇ ခုကို မျှဝေပေးလိုက်ပါတယ်။ တင်ပြားတဲ့သူတွေ၊ တင်ထွက်ချင်တဲ့သူတွေဆိုလည်း ဒီလေ့ကျင့်ခန်းတွေကိုသာ ပုံမှန်လုပ်ပေးပါ။
လေ့ကျင့်ခန်း ၁
ကြမ်းမှာ လက်ထောက်ထားပြီး ဘယ်ခြေထောက်ကိုဆန့်၊ ညာခြေထောက်ကိုကွေး၊ ညာခြေထောက်ကိုဆန့်၊ ဘယ်ခြေထောက်ကိုကွေးနဲ့ တစ်လှည့်စီ ဆက်တိုက်လုပ်ပေးရပါမယ်။
လေ့ကျင့်ခန်း ၂
ဆောင့်ဆောင့်ထိုင်ရာကနေ ပုံမှာလုပ်ပြထားသလို ခုန်ပေးပါ။ ပြီးရင် ပြန်ထိုင်ပါ။ ပြန်ခုန်ပါ။ အဲ့အတိုင်းဆက်တိုက် အနည်းဆုံး ၁၅ ကြိမ် လုပ်ပေးပါ။
လေ့ကျင့်ခန်း ၃
ပုံမှာလုပ်ပြထားတဲ့အတိုင်း လုပ်ပေးရမှာပါ။ လက်နှစ်ဖက်က အောက်ကိုဆန့်ထားပြီး ခါးနဲ့ကျောနဲ့ကလည်း တစ်ဖြောင့်တည်း ဖြစ်နေရပါမယ်။ ခြေထောက်ကိုလည်း ဆန့်ထားရပါမယ်။ ပြီးရင် ခြေထောက်ချ မတ်တပ်ပြန်ရပ်၊ ပြီးရင် အဲ့အတိုင်းပြန်လုပ်ပါ။ ဆက်တိုက် ဘယ်ညာတစ်လှည့်စီ တစ်ဖက်ကို ၁၀ ကြိမ်စီလုပ်ပေးပါ။
လေ့ကျင့်ခန်း ၄
ပုံမှာလုပ်ပြထားတဲ့ အနေအထားအတိုင်း ၅ စက္ကန့်နေပြီးမှ ခြေထောက်ပြန်ချပါ။ ပြီးရင်ပြန်လုပ်ပါ။ ဒါလည်း ဘယ်ညာတစ်လှည့်စီ တစ်ဖက်ကို ၁၀ ကြိမ်စီ လုပ်ပေးပါ။
လေ့ကျင့်ခန်း ၅
ဆိုဖာ (သို့) အိမ်ယာကို အမှီပြုပြီး ပုံမှာပြထားသလို လုပ်ပေးရမှာပါ။ ဒီလေ့ကျင့်ခန်းကိုလည်း ဆက်တိုက် ၁၅ ကြိမ်လုပ်ပေးပါ။
လေ့ကျင့်ခန်း ၆
ဒီလေ့ကျင့်ခန်းကတော့ ကြမ်းမှာလှဲပြီး လုပ်ရမှာပါ။ တင်ပါးကို အပေါ်မြှောက်လိုက်၊ အောက်ပြန်ချလိုက်နဲ့ လုပ်ပေးရမှာပါ။ ၁၅ ကြိမ်လုပ်ပေးရင် ရပါပြီ။
လေ့ကျင့်ခန်း ၇
နောက်ဆုံးလေ့ကျင့်ခန်းကတော့ ခုံပေါ်ခြေထောက်တင်ပြီး ပုံမှာပြထားသလိုမျိုး လုပ်ပေးရမှာပါ။ ဘယ်ညာတစ်လှည့်စီ တစ်ဖက်ကို ၁၀ ကြိမ် (သို့) ၁၅ ကြိမ်စီ လုပ်ပေးရုံပါပဲ။