၁ လအတွင်း ခန္ဓာကိုယ်အချိုးအစား ကျစ်လျစ်လှပစေဖို့အတွက် ပြုလုပ်ရမယ့် လေ့ကျင့်ခန်းတွေကိုမျှဝေပေးချင်ပါတယ်။

Gym ကစားနေတဲ့သူတွေပဲဖြစ်ဖြစ် အိမ်မှာပဲ ပေါ့ပေါ့ပါးပါး ကစားချင်သူတွေပဲ ဖြစ်ဖြစ် အဆင်ပြေမယ့် နည်းလမ်းလေးတွေပါ။ အဓိကကတော့ ဝမ်းဗိုက်ချပ်စေပြီး တင်သားကို ကျစ်လျစ်လှပစေမယ့်လေ့ကျင့်ခန်းတွေဖြစ်ပါတယ်။

၁။ Plank

ဒီလေ့ကျင့်ခန်းကတော့ လက်တဒေါင် ခြေဖဝါးတို့နဲ့ ထောက်ပြီး ခန္ဓာကိုယ်အပေါ်ပိုင်းကို မတ်မတ်ထားနေပေးရမှာပါ။ အစပိုင်းမှာ လုပ်ရတာတော့ ခက်ခဲပါတယ်။

ဒီလေ့ကျင့်ခန်းက သင့်ဝမ်းဗိုက်၊ နောက်ကျော၊ တင်သား၊ ခြေထောက်နဲ့ လက်က ကြွက်သားတွေအတွက်ကောင်းမွန်စေပါတယ်။

၂။ ဒိုက်ထိုးမယ်

ဒိုက်ထိုးလေ့ကျင့်ခန်းကလည်း သင့်ရဲ့ ရင်အုံ၊ လက်နဲ့ ဝမ်းဗိုက်က ကြမ်းသားတွေအတွက် ကောင်းမွန်စေပါတယ်။

၃။ ပေါင်သားနဲ့ တင်သားအတွက် လေ့ကျင့်ခန်း

ဝမ်းဗိုက်ချပ်စေပြီး တင်သားကို ကျစ်လျစ်လှပစေမယ့် လေ့ကျင့်ခန်း ၇ မျိုး

အင်ဆုံး ဒူးထောက်ထိုင်ထားမယ်။ လက်နှစ်ဖက်ကိုလည်း ထောက်ထားမယ်။ ပြီးရင် ဘယ်ဖက်ဒူးကို အပေါ်ထောင်ပြီး ညာဖက် တဒေါင်နဲ့ တိုက်မယ်။ ပြီးရင် ခြေထောက်ကို အနောက်ဖက်တန်းတန်းဆန့် လက်ကို အရှေ့ဖက်တန်းတန်းဆန့်လိုက်မယ်။ နောက်တစ်ဖက်ကို ပြောင်းလုပ်ပေးမယ်။

ဒီလေ့ကျင့်ခန်းကတော့ တင်သားကိုကျစ်လျစ်စေသလို ပေါင်တံကိုလည်း ကျစ်လျစ်စေမှာဖြစ်ပါတယ်။ ခါးကအဆီတွေလည်း ကျစေမှာပါ။

၄။ Squat

Squat ထိုင်တာကတော့ Gym တွေမှာလည်း အများအားဖြင့်ဆော့ကြပါတယ်။ အလေးတုံးတွေအပေါ်တင်ပြီးလည်း ဆော့ကြသလို အလွတ်တန်းလည်း ထိုင်ကြပါတယ်။ လက်နှစ်ဖက်ကို စုထားမယ်။ ခြေထောက်နှစ်ဖက်ကို နည်းနည်းကားထားမယ်။ ပြီးရင် တင်ကိုနောက်ပစ်၊ ခါးကို ကော့ပြီး ဒူးတစ်ဝက်လောက်ထိ ထိုင်ချပေးပါ။

ဒီလေ့ကျင့်ခန်းက ပေါင်သား၊ တင်သားနဲ့ လက်က ကြွက်သားတွေကို သန်မာစေပါတယ်။

၅။ ဝမ်းဗိုက်အတွက်လေ့ကျင့်ခန်း

ဒူးနှစ်ဖက်ထောင်၊ လက်နှစ်ဖက်ကို အပေါ် တန်းတန်းဆန့်ပြီး လှဲလိုက်ပါ။ ပြီးရင် ခန္ဓာကိုယ်အပေါ်ပိုင်းကို အဆုံးထိ ထပေးပါ။

ဝမ်းဗိုက်ကအဆီတွေကို ကျစေပြီး ကြွက်သားသန်မာစေပါတယ်။

၆။ ဝမ်းဗိုက်နဲ့ တင်သားအတွက်လေ့ကျင့်ခန်း

အရင်ဆုံး လက်နှစ်ဖက် နဲ့ ဒူးနှစ်ဖက်ကို ထောက်ပြီး ခန္ဓာကိုယ် ပက်လက်နေမယ်။ ပြီးရင် ခြေထောက်တစ်ဖက်ကို အပေါ် မြောက်လိုက်မယ်။ အဲဒီနောက် ဗိုက်နဲ့ ခန္ဓာကိုယအလည်ပိုင်းက နည်းနည်းနိမ့်ချလိုက်မယ်။ ပြီးရင် အပေါ်ပြန်တက်မယ်။ တစ်ဖက်ကို ၁၀ ကြိမ်လုပ်ပေးရပါမယ်။

ဝမ်းဗိုက်နဲ့ တင်သားကို ကျစ်လျစ်လှပစေမှာဖြစ်ပါတယ်။

၇။ ခါးက အဆီကျဖို့

ခါးနောက်ပိုင်းက အဆီကျစေဖို့အတွက် အရင်ဆုံး လက်နှစ်ဖက်ကို မျက်နှာအပ်ပြီးမှောက်လျက်နေပါ။ ပြီးရင် ခန္ဓာကိုယ်အပေါ်ပိုင်းကို ကြွပေးပြီး နေနိုင်သလောက်နေပါ။

အခုဖော်ပြခဲ့တဲ့ လေ့ကျင့်ခန်းတွေကိုလုပ်ပေးမယ်ဆိုရင် သင့်ခန္ဓာကိုယ်ကို ကျစ်လျစ်လှပလာစေမှာဖြစ်ပါတယ်။ လေ့ကျင့်ခန်း တစ်မျိုးဆီကို ၁၀ ကြိမ် ၄ ကျော့ဆီ လုပ်ပေးရမှာဖြစ်ပါတယ်။ မနက်စောစော လုပ်ပေးရင် ပိုကောင်းပါတယ်နော်။