ရင်သားဆိုဒ်သေးလို့ စိတ်ညစ်နေတဲ့ မိန်းကလေးတွေအတွက် သဘာဝအတိုင်း ရင်သားဆိုဒ်ပိုကြီးလာစေမယ့် လေ့ကျင့်ခန်း ၇ ခုကို မျှဝေပေးလိုက်ပါတယ်။ ဆေးလိမ်းတာ၊ ဆေးသောက်တာတွေက ဘေးဥပါဒ်ဖြစ်စေတာကြောင့် လေ့ကျင့်ခန်းပဲ လုပ်ပေးသင့်ပါတယ်။ အချိန်ယူပြီး စိတ်ရှည်ရှည်နဲ့ ဇွဲရှိရှိနဲ့ သေချာလုပ်ပေးမယ်ဆိုရင်တော့ သိသာတဲ့ရလဒ်ကို ရရှိလာမှာပါ။

Wall presses

နံရံမှာ လက်ထောက်ပြီး ပထမပုံထဲကလို နေပေးပါ။ ပြီးရင်တော့ လက်ကိုဖြေးဖြေးချင်းစီ ဆန့်ထုတ်လိုက်ရမှာပါ။. အဲ့အတိုင်း ၁၅ ကြိမ် လုပ်ပေးရုံပါပဲ။

Arm circles

ပုံမှာပြထားတဲ့အတိုင်း လက်နှစ်ဖက်ကို ဘေးဆန့်ထုတ်ပြီး လက်မောင်းကို စက်ဝိုင်းပုံစံလှည့်ပေးရမှာပါ။ တစ်မိနစ်ပြည့်အောင် လှည့်ရပါမယ်။ ပြီးရင်တော့ ခဏနားပြီး နောက်တစ်မိနစ် ထပ်လှည့်ပေးပါ။

Arm presses

ပထမပုံထဲကလို လက်နှစ်ဖက်ကို ဘေးဆန့်ထုတ်ပါ။ ပြီးရင် ဒုတိယပုံထဲကလို အရှေ့ကိုဆန့်ထုတ်ပြီး လက်ဖဝါးနှစ်ဖက်ကို စုထားပေးပါ။ ပြီးရင် ပထမပုံထဲကလို ပြန်လုပ်ပါ။ အဲ့အတိုင်း တစ်မိနစ်ပြည့်အောင် ထပ်တလဲလဲလုပ်ပေးရပါမယ်။

Prayer pose

လက်ဖဝါးနှစ်ဖက်ကိုစုထားပြီး ပထမပုံထဲကလို အရှေ့ဆန့်ထုတ်ထားပါ။ ပြီးရင်တော့ လက်ကိုဖြေးဖြေးချင်းစီ အနောက်ဆုတ်ပြီး ရင်ဘတ်နဲ့ကပ်ရပါမယ်။ လက်ဖဝါးနှစ်ဖက်စုထားတာကို မဖြုတ်ရပါဘူး။ အဲ့အတိုင်း ဆက်တိုက်လုပ်ပေးရပါမယ်။ ၁၅ ကြိမ်လောက်လုပ်ပေးရင် ရပါပြီ။

Horizontal chest press

ဒီလေ့ကျင့်ခန်းကတော့ အလေးတုံးကို သုံးပေးရပါမယ်။ ဒါမှ ပိုထိရောက်မှာပါ။ ကြမ်းမှာလှဲပြီး ဒူးနှစ်ဖက်ကို ကားပြီးထောင်ထားပါ။ အလေးကိုကိုင်ပြီး ပထမပုံထဲကလို မျက်နှာရှေ့မှာ စုရပါမယ်။ ပြီးရင်တော့ ဒုတိယပုံထဲကလို တံတောင်ကိုကွေးချပစ်ရပါမယ်။ အဲ့အတိုင်း တစ်လှည့်စီ ဆက်တိုက် တစ်မိနစ်ပြည့်အောင် လုပ်ရပါမယ်။

Modified pushups

ဒူးထောက်ပြီး ခြေထောက်ကို ပုံမှာပြထားတဲ့အတိုင်း စုထားပါ။ ပထမပုံထဲကလိုစနေပြီး ဖြေးဖြေးချင်းစီ လက်ကိုကွေးပြီး ကြမ်းနဲ့ရင်ဘတ်ထိအောင် လုပ်ပေးရမှာပါ။ တစ်ဆင့်ချင်းစီ သေချာလုပ်ပေးရင်ရပါပြီ။ ပုံမှာပြထားတဲ့ ၃ ဆင့်လုံးကို လုပ်ပြီးရင် ထပ်လုပ်ပါ။ အနည်းဆုံး ၁၂ ကြိမ်တော့ လုပ်ပေးရပါမယ်။