မိန်းကလေးတွေအတွက် ခြေတံနဲ့တင်ပါးလှပပြီး Body Shape ပေါ်လွင်လာစေမယ့် လေ့ကျင့်ခန်း ၇ မျိုးကို မျှဝေပေးလိုက်ပါတယ်။ လေ့ကျင့်ခန်းတွေအများကြီးရှိပေမယ့် ဒီ ၇ မျိုးက လူတိုင်းအတွက် လုပ်ရတာအဆင်ပြေမှာပါ။
လေ့ကျင့်ခန်း ၁
ကြမ်းမှာလှဲပြီး လက်နှစ်ဖက်ကို ကြမ်းမှာကပ်ထားပါ။ ဒူးထောင်ပြီး တင်ပါးကို အပေါ်မြှောက်လိုက်၊ ပြန်ချလိုက်နဲ့ လုပ်ပေးရမှာပါ။ ၁၅ ကြိမ်မှ အကြိမ် ၃၀ အထိ လုပ်နိုင်ပါတယ်။
လေ့ကျင့်ခန်း ၂
ပုံမှာလုပ်ပြထားတဲ့အတိုင်း လက်ဖဝါးနဲ့ကြမ်းကိုထောက်၊ ဒူးထောက်ပြီး ခြေထောက်တစ်ဖက်ကို အနောက်ကန်ပြီးမြှောက်လိုက်၊ ပြန်ချလိုက်နဲ့ လုပ်ပေးရမှာပါ။ ခြေထောက်ကို ဘယ်ညာတစ်လှည့်စီ အဲ့အတိုင်း လုပ်ပေးပါ။ တစ်ဖက်ကို ၁၅ ကြိမ်မှ အကြိမ် ၃၀ အထိ လုပ်ပေးနိုင်ပါတယ်။
လေ့ကျင့်ခန်း ၃
ခြေထောက်တစ်ဖက်ကို ကွေးပြီးတော့ လက်နှစ်ဖက်နဲ့ကိုင်ထားပါ။ ပြီးရင် ပုံမှာလုပ်ပြထားတဲ့အတိုင်း တင်ပါးကို အပေါ်မြှောက်လိုက်၊ ပြန်ချလိုက်လုပ်ပေးပါ။ ဒါလည်း ခြေထောက်ကို ဘယ်ညာတစ်လှည့်စီ တစ်ဖက်ကို ၁၅ ကြိမ်မှ အကြိမ် ၃၀ အထိ ကိုယ်အဆင်ပြေသလောက် လုပ်ပေးရမှာပါ။
လေ့ကျင့်ခန်း ၄
ခြေထောက်နှစ်ဖက်ကြားမှာ ညှပ်ထားဖို့အတွက် exercise ball ရှိရင် ပိုအဆင်ပြေပါတယ် ပုံမှာလုပ်ပြထားတဲ့အတိုင်း လုပ်ရုံပါပဲ။ အကြိမ် ၂၀၊ ၃၀ လောက် လုပ်ပေးရမှာ ဖြစ်ပါတယ်။
လေ့ကျင့်ခန်း ၅
ဒီလေ့ကျင့်ခန်းမှာတော့ လက်နှစ်ဖက်ကို ကြမ်းမှာကပ်ထားပြီး ခြေထောက်တစ်ဖက်ကို ပုံထဲကအတိုင်းမြှောက်လိုက်၊ ပြန်ချလိုက်နဲ့ လုပ်ရမှာပါ။ ဘယ်ညာတစ်လှည့်စီ တစ်ဖက်ကို ၁၅ ကြိမ်မှ အကြိမ် ၃၀ အထိ လုပ်ပေးပါ။
လေ့ကျင့်ခန်း ၆
လက်နှစ်ဖက်ကို ကြမ်းမှာကပ်ထားပြီး ခြေထောက်တစ်ဖက်ကို အပေါ်မြှောက်ထားပါ။ အဲ့လို မြှောက်ထားတဲ့အနေအထားနဲ့ တင်ပါးကိုအပေါ်ကြွလိုက်၊ အောက်ပြန်ချလိုက် လုပ်ရမှာပါ။ ခြေထောက်ကို ဘယ်ညာတစ်လှည့်စီ တစ်ဖက်ကို ၁၅ ကြိမ်မှ အကြိမ် ၃၀ အထိ လုပ်ပေးရပါမယ်။
လေ့ကျင့်ခန်း ၇
နောက်ဆုံးလေ့ကျင့်ခန်းကတော့ ပုံမှာလုပ်ပြထားတဲ့အတိုင်း ခုံနဲ့ အလေးတုံးကိုအသုံးပြုပြီး လုပ်ရမှာပါ။ ဒါလည်း ခြေထောက်ကို ဘယ်ညာတစ်လှည့်စီ တစ်ဖက်ကို ၁၅ ကြိမ်မှ အကြိမ် ၃၀ အထိ လုပ်ပေးရင် ရပါပြီ။