ခေါင်းကိုက်တာက ဆေးသောက်ရင်ပျောက်ပေမယ့် ခဏခဏဆေးသောက်မယ်ဆိုရင် နောက်ပိုင်း ဆေးမတိုးတော့တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဆေးမသောက်ပဲ ခေါင်းကိုက်တာကို အမြန်ဆုံးပျောက်ကင်းစေနိုင်တဲ့ လေ့ကျင့်ခန်း ၇ ခုကို ပြောပြပေးလိုက်ပါတယ်။

ခြေထောက်ကိုမတ်မတ်ရပ်ပြီး ခါးတစ်ဝက်ကနေ ရှေ့ကိုကုန်းပါ။ လက်ဖဝါးနှစ်ကို ကြမ်းနဲ့ထိရပါမယ်။ အဲ့လိုလုပ်ထားတဲ့အချိန်မှာ အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပါ။ ပြီးရင် ခန္ဓာကိုယ် ပြန်မတ်ပါ။ ပြီးတာနဲ့ နောက်တစ်ကြိမ်ထပ်လုပ်ပါ။ ၅ ကြိမ်တော့ပြည့်အောင် လုပ်ပေးပါ။

တင်ပလေခွေထိုင်ပြီး ခြေဖဝါးနှစ်ဖက်ကို ထိထားပါ။ လက်အနေအထားကိုလည်း ပုံမှာပြထားတဲ့အတိုင်းလုပ်ပါ။ ဒီအတိုင်း စက္ကန့် ၃၀ လောက်နေပြီး အသက်ကို ရှူသွင်း၊ ရှူထုတ်လုပ်ပေးပါ။

ခါးအောက်မှာ ခေါင်းအုံးထည့်ကာ လှဲပြီး ခြေထောက်နှစ်ဖက်ကို ပုံမှာပြထားတဲ့အတိုင်း နံရံမှာကပ်ထောင်ထားပါ။ အဲ့အနေအထားအတိုင်း ၁ မိနစ် အနည်းဆုံး နေပေးရပါမယ်။

ပုံမှာပြထားတဲ့အတိုင်း အနေအထားမှန်အောင် သေချာလုပ်ပေးပါ။ အဲ့လိုလုပ်နေချိန်မှာ အသက်ကိုပြင်းပြင်းရှူသွင်းလိုက်ပါ။ ပြီးရင် ပုံမှန်အတိုင်းပြန်နေပါ။ ပြီးမှ ပြန်လုပ်ပါ။ ၁၀ ကြိမ်ပြည့်အောင်လုပ်ပေးပါ။

ပုံမှာပြထားတဲ့အနေအထားအတိုင်းကုန်းပြီး ၁ မိနစ် နေပေးရပါမယ်။

ပုံမှာပြထားတဲ့အနေအထားအတိုင်း ကွေးထိုင်ပြီး လက်နှစ်ဖက်ကို ရှေ့ကိုဆန့်ထုတ်ထားပါ။ ခြေဖနောင့်နှစ်ဖက်လုံးကလည်း တင်ပါးနဲ့ထိနေရပါမယ်။ ဒီအတိုင်း ၁ မိနစ် ပြည့်အောင် နေရပါမယ်။

ပုံမှာပြထားတဲ့အနေအထားအတိုင်း နောက်ကိုလန်ပြီး လက်ဖဝါးနှစ်ဖက်က ခြေဖနောင့်ကို ထိထားရပါမယ်။ စက္ကန့်ပိုင်းလောက် အဲ့လိုနေပြီး ပုံမှန်အတိုင်းပြန်နေပါ။ ပြီးမှ ပြန်လုပ်ပါ။ အနည်းဆုံး ၅ ကြိမ်ပြည့်အောင် လုပ်ရပါမယ်။

Source: www.brightside.me