Calories တွေလောင်ကျွမ်းသွားပြီး Body Shape ပိုလှလာစေဖို့အတွက် အိမ်မှာ TV ကြည့်ရင်းနဲ့ အေးဆေးလုပ်လို့ရတဲ့ လေ့ကျင့်ခန်း ၇ ခုကို မျှဝေပေးလိုက်ပါတယ်။ လေ့ကျင့်ခန်းလုပ်ဖို့ သီးသန့်အချိန်ပေးရမှာ ပျင်းတဲ့သူတွေ Try ကြည့်သင့်ပါတယ်။

Palm Down Exercise

ဒီလေ့ကျင့်ခန်းက အရမ်းလွယ်ပါတယ်။ မတ်တပ်ရပ်ပြီး လက်နှစ်ဖက်ကို ပုံမှာပြထားတဲ့အတိုင်း မြှောက်လိုက်၊ အောက်စိုက်လိုက်နဲ့ ၁ မိနစ် ဆက်တိုက်လုပ်ပေးရမှာပါ။

Chest Fly Variation

မတ်တပ်ရပ်ပြီး လက်အနေအထားကို ပထမပုံထဲကလိုလုပ်ပေးပါ။ ပြီးရင် ဒုတိယပုံထဲကလို လက်နှစ်ဖက်ကို မျက်နှာရှေ့မှာ စုပေးပါ။ အဲ့အတိုင်း အနေအထား ၂ မျိုးကို ဆက်တိုက် ၁ မိနစ်ပြည့်အောင် လုပ်ပေးရမှာ ဖြစ်ပါတယ်။

High Knees

လက်နှစ်ဖက်ကို ပုံမှာလုပ်ပြထားတဲ့အတိုင်း ဗိုက်အရှေ့မှာထားပြီး ဘယ်ခြေထောက်ကို ကွေးပြီးမြှောက်လိုက်၊ ညာခြေထောက်ကို ကွေးပြီး မြှောက်လိုက်နဲ့ ဘယ်ညာတစ်လှည့်စီ ဆက်တိုက်လုပ်ပေးပါ။

Chair Squat

အနောက်မှာ ထိုင်ခုံထားပြီး ခြေထောက်နှစ်ဖက်ကို နည်းနည်းကားထားပါ။ ခန္ဓာကိုယ်ကို မတ်မတ်ထားပါ။ ပြီးရင် ထိုင်ခုံပေါ်ထိုင်လိုက်၊ ပြန်ထလိုက်နဲ့ အကြိမ် ၃၀ လုပ်ပေးရုံပါပဲ။

Standing Oblique Twist

ပထမပုံမှာလုပ်ပြထားတဲ့ အနေအထားနဲ့ စပြီးနေပေးရမှာပါ။ ပြီးရင် အဲ့အနေအထားနဲ့ပဲ ဒုတိယပုံထဲကလို လက်နှစ်ဖက်ကို ၉၀ ဒီဂရီ မြှောက်လိုက်ပါ။ ပြီးရင် ပထမပုံထဲကလို ဘေးနှစ်ဖက်ကို ပြန်ကားပါ။ အဲ့အတိုင်း အနေအထား ၂ မျိုးကို တစ်လှည့်စီ အနည်းဆုံး ၁၅ ကြိမ် လုပ်ပေးပါ။

Seated Body Lift

ပုံမှာပြထားသလို ထိုင်ခုံမှာ လက်နှစ်ဖက်ထောက်ပြီး ထိုင်နေပေးပါ။ ပြီးရင် လက်နှစ်ဖက်ကိုပဲ အားယူပြီး အပေါ်ကို နည်းနည်းကြွလိုက်၊ ထိုင်ခုံမှာ ပြန်ထိုင်လိုက် လုပ်ပေးရမှာပါ။

Booty Burn

လက်နှစ်ဖက်ကို ရင်ဘတ်ရှေ့မှာထားပြီး ခြေထောက်တစ်ဖက်မြှောက်ပါ။ ပြီးရင် ဒုတိယပုံထဲမှာ လုပ်ပြထားသလို မြှောက်ထားတဲ့ခြေထောက်ကို အနောက်ပို့ပါ။ ပြီးရင် ပြန်ထ အစကနေ ပြန်လုပ်ပါ။ အဲ့အတိုင်း ဘယ်ညာတစ်လှည့်စီ တစ်ဖက်ကို ၁၅ ကြိမ်စီ လုပ်ပေးရင် ရပါပြီ။