ဗိုက်ချပ်ရုံတင်မဟုတ်ပဲ 11 Line ABS လေးတွေပါ ပေါ်လာစေဖို့ နေ့စဉ်ပုံမှန်လုပ်ပေးရမယ့် လေ့ကျင့်ခန်း ၇ ခုကို မျှဝေပေးလိုက်ပါတယ်။

Tap Planks

ပုံမှာပြထားတဲ့အတိုင်း planks ထောက်နေပြီး တင်ပါးကို တစ်ဖက်စောင်းလိုက်၊ ပြန်တည့်လိုက်၊ နောက်တစ်ဖက်ကိုစောင်းလိုက်၊ ပြန်တည့်လိုက်နဲ့ ဆက်တိုက် အကြိမ် ၃၀ လုပ်ပေးရမှာဖြစ်ပါတယ်။

Twist & Touch Crunches

ပုံမှာပြထားတဲ့အတိုင်းထိုင်ပြီး လက်ဖဝါးနှစ်ဖက်ကိုစုကာ ဘယ်ဖက်ကိုဆန့်ထုတ်လိုက်၊ ညာဖက်ကိုဆန့်ထုတ်လိုက်နဲ့ ဆက်တိုက် အကြိမ် ၃၀ လုပ်ပေးရမှာဖြစ်ပါတယ်။

Bicycle Crunches

ခေါင်းကိုနည်းနည်းထောင်ထားပြီး လက်နှစ်ဖက်က ခေါင်းနောက်မှာထားပါ။ ပြီးရင်တော့ စက်ဘီးနင်းသလို ပုံမှာပြထားတဲ့အတိုင်း ဘယ်ခြေထောက်ကိုကွေး၊ ညာခြေထောက်ကိုဆန့်၊ ညာခြေထောက်ကိုကွေး၊ ဘယ်ခြေထောက်ကိုဆန့်နဲ့ ဆက်တိုက် အကြိမ် ၃၀ လုပ်ပေးရမှာပါ။

Mountain Bike

ပုံမှာပြထားတဲ့အတိုင်း လက်နှစ်ဖက်နဲ့ကြမ်းကို ထောက်ထားပြီး ခြေထောက်ကို ဝမ်းဗိုက်နားထိရောက်အောင်ကွေးပါ။ ဘယ်ကွေး၊ ညာဆန့်၊ ညာကွေး၊ ဘယ်ဆန့်နဲ့ လုပ်ပေးရမှာပါ။ ဒါလည်း အကြိမ် ၃၀ လုပ်ပေးရင်ရပါပြီ။

Criss Cross Crunches

ခုနကလိုပဲ ခေါင်းကိုနည်းနည်းထောင်ထားပြီး လက်နှစ်ဖက်က ခေါင်းနောက်မှာထားပါ။ ပြီးရင်တော့ ခြေထောက်နှစ်ဖက်ကို တစ်ဖက်တစ်လှည့်စီ မြှောက်ပေးရမှာဖြစ်ပါတယ်။ ၄၀ ဒီဂရီရောက်အောင် မြှေက်ရပါမယ်။ ၂၅ ကြိမ်လုပ်ပေးရင်ရပါပြီ။

Twist Crunches

ပုံမှာပြထားတဲ့အတိုင်းထိုင်ပြီး ခြေထောက်နှစ်ဖက်ကိုက ၄၅ ဒီဂရီရအောင် မြှောက်ထားရပါမယ်။ မြှောက်ထားတဲ့အတိုင်း လက်နှစ်ဖက်ကို ဘယ်ပို့လိုက်၊ ညာပို့လိုက် လုပ်ပေးရမှာပါ။ လုပ်ပေးရမယ့် အကြိမ်အရေအတွက်ကတော့ အကြိမ် ၃၀ ဖြစ်ပါတယ်။

Heel Touches

ပုံမှာပြထားတဲ့အတိုင်းနေပြီး ဘယ်လက်နဲ့ ဘယ်ခြေမျက်စိကိုထိ၊ ညာလက်နဲ့ ညာခြေမျက်စိကို ထိပေးရုံပါပဲ။ တစ်ဖက်ကို ၁၅ ကြိမ်စီလုပ်ပေးရင် ရပါပြီ။