ဗိုက်ချပ်ပြီးခါးသေးချင်သူများအတွက် ခုံပေါ်မှာထိုင်ပြီး လုပ်ပေးရမယ့် လွယ်ကူသော လေ့ကျင့်ခန်း ၇ ခုကို မျှဝေပေးလိုက်ပါတယ်။ ဒီတိုင်းလုပ်ရတာထက်စာရင် ခုံပေါ်မှာထိုင်ပြီးလုပ်ရတာမျိုးက ပိုအဆင်ပြေတာကြောင့် ဗိုက်ချပ်ချင်တယ်၊ ခါးသေးချင်တယ်၊ ဗိုက်နဲ့ခါးဘေးက မလိုအပ်တဲ့အဆီပိုတွေ ကျသွားချင်တယ်ဆိုရင်တော့ ဒီလေ့ကျင့်ခန်းတွေကို Try ကြည့်သင့်ပါတယ်။

ခုံအစပ်လေးမှာထိုင်ပြီး ပုံမှာပြထားတဲ့အတိုင်း ခါးကိုမတ်မတ်ထားပြီး ကျောကအနောက်ကိုမှီပါ။ ပြီးရင် ခြေထောက်မကြွပဲ ဝမ်းဗိုက်ကြွက်သားတွေကိုညှစ်ပြီး အရှေ့ကို ပြန်မတ်ပါ။ ပြီးရင် နောက်ပြန်မှီပါ။ အဲ့အတိုင်း ဆက်တိုက် အကြိမ် ၂၀ လုပ်ပေးရပါမယ်။

ပုံမှာပြထားတဲ့အတိုင်း အနောက်ကိုဆုတ်ထိုင်၊ ကျောကိုကပ်ထားပြီး ခါးကိုမတ်ထားပါ။ လက်နှစ်ဖက်ကို ခေါင်းနောက်ထားပြီး ခါးကို ဘယ်၊ ညာ လှည့်ပေးပါ။ အဲ့အတိုင်းဆက်တိုက် အကြိမ် ၃၀ လုပ်ပေးရပါမယ်။

ခုနကလိုပဲ အနောက်ကိုဆုတ်ထိုင်၊ ကျောကိုကပ်ထားပြီး ခါးကိုမတ်ထားပါ။ လက်နှစ်ဖက်ကို ခေါင်းနောက်ထားပြီး အရှေ့ကိုကုန်းလိုက်၊ ပြန်မတ်လိုက်နဲ့ အကြိမ် ၃၀ လုပ်ပေးရပါမယ်။

ပုံမှာပြထားတဲ့အတိုင်း မတ်မတ်ထိုင်ပြီး ခြေထောက်တစ်ဖက်ကို လက်နဲ့ကိုင်ပြီး ရင်ဘတ်နားထိရောက်အောင် ကွေးပေးပါ။ ပြီးရင် အောက်ပြန်ချပါ။ ပြီးရင် အပေါ်ယူပြီး ပြန်ကွေးပါ။ အဲ့အတိုင်း ဘယ်၊ ညာ တစ်လှည့်စီ၊ တစ်ဖက်ကို အကြိမ် ၂၀ စီ လုပ်ပေးရမှာပါ။

ပုံမှာပြထားတဲ့အတိုင်း လက်နှစ်ဖက်က ခုံကိုကိုင်ပြီး နောက်မှီထိုင်ပါ။ ခြေထောက်နှစ်ဖက်ကိုစုပြီး ဒူးကိုရင်ဘတ်နားထိရောက်အောင် ကွေးထားပါ။ ပြီးရင် အရှေ့ကိုဆန့်ပါ။ ပြီးရင် ပြန်ကွေးပါ။ လုံးဝအောက်မချရပါဘူး။ ၁၀ ကြိမ်ဆက်တိုက်လုပ်ပြီးမှ ခြေထောက်ကို အောက်ခဏပြန်ချပါ။ ပြီးရင် ၁၀ ကြိမ် ထပ်လုပ်ပါ။ စုစုပေါင်း အကြိမ် ၃၀ လုပ်ပေးရပါမယ်။

ခုံမှာမတ်မတ်ထိုင်ပြီး လက်ကခုံကိုကိုင်ထားပါ။ ပုံမှာပြထားတဲ့အတိုင်း ခြေထောက်က ခြေချောင်းလေးတွေနဲ့ ထောက်ထားပါ။ အဲ့အတိုင်း ခြေထောက်ကိုကွေးပြီး အပေါ်နည်းနည်းမြှောက်လိုက်၊ အောက်ပြန်ချလိုက်နဲ့ ၁၀ ကြိမ်ဆက်တိုက်လုပ်ပေးပါ။ ပြီးရင် ခုနကလိုပဲ အကြိမ် ၃၀ ပြည့်အောင် လုပ်ပေးရမှာပါ။

ခုံမှာမတ်မတ်ထိုင်ပြီး လက်နှစ်ဖက်က ခုံကိုကိုင်ထားပါ။ ပြီးရင် ပုံမှာပြထားတဲ့အတိုင်း ခြေထောက်နှစ်ဖက်ကို ရှေ့ဆန့်ထုတ်ပြီး ဘယ်၊ ညာ ယှက်ပေးရမှာပါ။ ဒီလေ့ကျင့်ခန်းကိုတော့ ၁ မိနစ်ပြည့်အောင်လုပ်ရမှာ ဖြစ်ပါတယ်။

source:www.brightside.me