နွေရာသီရောက်ပြီဆိုရင် ချွေးထွက်တာနဲ့ လိမ်းထားတဲ့မိတ်ကပ်က ကြာရှည်မခံတာမျိုး၊ မိတ်ကပ်အထူကြီးဖြစ်နေလို့ ပူပြီး အဆီဖုတွေ ထွက်လာတာမျိုး၊ ချွေးပေါက်ပိတ်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဒီလိုတွေမဖြစ်အောင် နွေရာသီမှာ မိတ်ကပ်ပြင်မယ်ဆိုရင် မရှိမဖြစ်လိုအပ်တဲ့ပစ္စည်း ၇ မျိုးကို ပြောပြပေးလိုက်တယ်နော်။

Lightweight foundation or Tinted moisturizer

နွေရာသီမှာ မိတ်ကပ်အထူကြီးတွေ Heavy ဖြစ်တာတွေ လိမ်းရင်လည်း ပူပြီး ချွေးပေါက်ပိတ်တာတွေ ဖြစ်စေတဲ့အတွက် လိမ်းရတာပေါ့ပါးပြီး ပါးပါးလေးနဲ့ လှနေစေမယ့် မိတ်ကပ် Look တွေကိုပဲ ရွေးချယ်သင့်ပါတယ်။ ဒီလို မိတ်ကပ် Look အတွက်ဆိုရင်တော့ Foundation ရွေးချယ်တဲ့အခါမှာ Lightweight ဖြစ်တဲ့ Foundation or Tinted moisturizer တွေကိုပဲ ရွေးချယ်သင့်ပါတယ်။

Setting spray

မိတ်ကပ်သားကြာရှည်ခံဖို့ Setting spray ကလည်း လိုပါတယ်။ ပူပြင်းတဲ့ရာသီဥတုမှာဆို ပိုတောင်လိုအပ်ပါသေးတယ်။ အဆီပြန်တာကိုလည်း ထိန်းပေးပြီး မိတ်ကပ်သားရွေ့တာမျိုးမဖြစ်အောင်လည်း ထိန်းပေးနိုင်ပါတယ်။

Primer

မိတ်ကပ်သားကြာရှည်ခံဖို့ဆိုရင် Primer လည်းလိုတာကြောင့် Primer ကိုလည်း မဖြစ်မနေသုံးပေးသင့်ပါတယ်။

Waterproof mascara

ချွေးနဲ့အဆီနဲ့ရောပြီး အလွယ်တကူပျက်တာမျိုးတွေ မဖြစ်ဖို့အတွက် Waterproof mascara သုံးပေးသင့်ပါတယ်။ မျက်လုံးကိုဘာမှမခြယ်ရင်တောင်မှ မျက်တောင်လေးတွေ ကော့ပြီးရှည်နေရင် လှနေပါပြီ။ မျက်ခုံးမွှေးဆွဲဖို့အတွက်လည်း mascara ကိုသုံးပေးလို့ရပါတယ်။

Cream blush

တခြားပါးနီတွေထက် Cream blush လေးတွေက လိမ်းထားရင် အသားနဲ့တစ်ပြေးထဲဖြစ်ပြီး ပိုပြီးတော့ သဘာဝဆန်ဆန်နဲ့ လှပါတယ်။ ငယ်ရွယ်နုပျိုတဲ့ပုံစံလေးလည်း ဖြစ်စေပါတယ်။ နွေရာသီအတွက်ဆိုရင်တော့ ပိုပြီးအဆင်ပြေတာပေါ့။

Bright lip colours

နွေရာသီမှာဆိုရင် မျက်နှာလေးလင်းပြီး fresh ဖြစ်နေစေဖို့ နှုတ်ခမ်းနီကို အရောင်မှိန်တာတွေထက် Bright ဖြစ်တဲ့ အရောင်လေးတွေကို ရွေးဆိုးပေးပါ။

SPF lip balm

နွေရာသီမှာ နေအရမ်းပြင်းတဲ့အခါ Sunscreen လိမ်းသလိုပဲ နှုတ်ခမ်းသားလည်း နေရောင်ခြည်ဒဏ်ကြောင့် ပျက်စီးတာမျိုးမဖြစ်အောင် SPF ပါတဲ့ lip balm ဆိုးပေးသင့်ပါတယ်။