ဆောင်းရာသီရောက်ပြီဆိုတော့ အပြင်မှာ အေးတဲ့ရာသီဥတုကြောင့် အသားအရေတွေက ခြောက်လာပြီး ခြောက်လာတနဲ့အမျှ အသားယားတာ ၊ ကွဲအက်တာ ၊ နီလာတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒီလိုမဖြစ်ရအောင် ဆောင်းရာသီမှာ အသားအရေက ရေဓာတ်ပြည့်ဝနေစေဖို့ ဒီအချက်တွေကို မဖြစ်မနေလိုက်နာသင့်ပါတယ်။

မျက်နှာသစ်ဆေးပြောင်းသုံးပါ

မျက်နှာအသားအရေက တင်းပြီးခြောက်နေတယ်လို့ခံစားရရင် အရေပြားရဲ့ pH အဆင့်ကို ထိန်းသိမ်းပေးတဲ့ နူးညံ့တဲ့ သန့်စင်ဆေးကို သုံးပေးပါ။

အစိုဓာတ်ထိန်းပေးတဲ့ moisturizer သုံးပါ

မျက်နှာသစ်ပြီးတာနဲ့ Moisturizer လိမ်းပေးပါ။ အသားအရေကို ချောမွေ့ပြီး ယားယံတာတွေကနေ ကာကွယ်ပေးနိုင်ဖို့ အစိုဓာတ်ကို ထိန်းညှိပေးတဲ့ Moisturizer မဖြစ်မနေလိမ်းပေးပါ။ Moisturizer လိမ်းတဲ့အခါ လက်၊ ခြေ၊ တံတောင်ဆစ်၊ ဒူးနဲ့ တခြားခြောက်တဲ့နေရာတွေကိုလည်း လိမ်းဖို့မမေ့ပါနဲ့။

Sunscreen လိမ်းပါ

ဆောင်းရာသီမှာ Sunscreen က ပိုအရေးကြီးပါတယ်။ နေရောင်ခြည်ကြောင့် အသားအရေ နေလောင်တာ ၊ နီတာ ၊ ကင်ဆာဖြစ်နိုင်တာတွေကြောင့် SPF 30 နဲ့အထက် Sunscreen သုံးပေးပါ။

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်စားပါ

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်ကို သေချာရွေးပြီးစားတဲ့အခါ ခန္ဓာကိုယ်က ရေဓာတ်ကို ထိန်းသိမ်းပေးပြီး sebum ထုတ်လုပ်မှုကို မြှင့်တင်ပေးပါတယ်။ ဒါကြောင့် ဖက်တီးအက်ဆစ်နဲ့ ဗီတာမင် E, A ကြွယ်ဝတဲ့ အစားအစာများကို စားပေးပါ။

ရေများများသောက်ပါ

ဘယ်လိုရာသီမျိုးပဲဖြစ်ဖြစ် ရေဓာတ်လုံလောက်စွာရနေဖို့က အရေးကြီးပါတယ်။ ရာသီဥတုအေးတဲ့အချိန်မှာ ရေကို ပုံမှန်ခဏခဏသောက်ပြီး အစိုဓာတ်ရအောင်နေပါ။

Exfoliation လုပ်ပါ

ဆောင်းရာသီမှာ ကျန်းမာပြီးတောက်ပတဲ့အသားအရေရဖို့ အပျော့စား Exfoliator နဲ့ Exfoliation လုပ်ပေးပါ။ တစ်ပတ်လျှင် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်လုပ်ပေးပါ။

သက်တောင့်သက်သာရှိတဲ့ အဝတ်အစားကို ရွေးချယ်ပါ

တင်းတင်းကျပ်ကျပ်ဝတ်ထားရင် အရေပြားမှာ ယားယံမှု ပိုဖြစ်တတ်ပါတယ်။ ဒါကြောင့် အဝတ်အစားဝတ်တဲ့အခါ အရေပြားကို အသက်ရှုစေပြီး အရေပြားနီမြန်းတာ ယားတာကိုကာကွယ်ပေးမယ့် သက်တောင့်သက်သာရှိတဲ့ အဝတ်အစားကို ရွေးချယ်ပါ။