သင်က ကိုယ့်ရည်းစားကိုပဲ အားကိုးနေတဲ့ အားနည်းတဲ့ အမျိုးသမီး ဇာတ်ကောင်တွေကိုပဲ ကြည့်ရတာ ရိုးအီနေပြီဆိုရင် ဇာတ်လမ်း အပြောင်းအလဲလုပ်ဖို့ အချိန်အခါကောင်းပါပဲ။ အမှန်တော့ ဒီလို ဇာတ်ကားတွေက တွေးခေါ်မှု၊ ပုံဖော်မှု မှားယွင်းနေတာကြောင့် ဖြစ်ပါတယ်။ သင်က အမှီအခိုကင်းပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ် ရပ်တည်နေတဲ့ အမျိုးသမီး တစ်ဦးဆိုရင် ဒီလို ဇာတ်ကားမျိုးတွေကို သင်ကြိုက်မှာ မဟုတ်ပါဘူး။ ဒီတစ်ခေါက်မှာတော့ Independent Woman ဖြစ်တဲ့ သင် အကြိုက်တွေ့စေမယ့် ကြည့်သင့်တဲ့ ဇာတ်ကားတွေကို ဖော်ပြလိုက်ပါတယ်။

၁။ Alien

ဒီ ဇာတ်လမ်းထဲက ဇာတ်ကောင်အမျိုးသမီးက အမိုက်ဆုံး အမျိုးသမီး ဇာတ်ကောင် ဖြစ်ပါတယ်။ သူမက ထက်မြက်ပြီး အမှီအခိုကင်းသူ တစ်ဦး ဖြစ်ပါတယ်။ ဇာတ်ကားထဲမှာ သူမ ကိုယ်တိုင်မသိတဲ့ အကောင်တွေရန်ကနေ ကာကွယ်ဖို့ ဘယ်သူ့ကိုမှ အားမကိုးတာကို တွေ့ရပါတယ်။

၂။ Mulan

သင်က ဒီဇာတ်လမ်းကို ကြည့်ပြီးသား ဖြစ်မှာပါ။ ဒါပေမဲ့ ထပ်ကြည့်နိုင်ပါတယ်။ ဒီဇာတ်လမ်းထဲမှာတော့ ဖခင်အစား စစ်တိုက်ဖို့ အမျိုးသားတစ်ဦးအနေနဲ့ ဟန်ဆောင်ခဲ့တဲ့ ဇာတ်လိုက်မင်းသမီးကို တွေ့မြင်ရမှာပါ။ ဇာတ်လမ်းအဆုံးသတ်မှာ သူမက ယောက်ျားအရင့်အမာကြီးတွေနဲ့ ရင်ဘောင်တန်းပြီး တိုက်ပွဲဝင်ခဲ့တာကို တွေ့မြင်နိုင်ပါတယ်။

၃။ Terminator 2

များသောအားဖြင့် ဇာတ်လမ်းအဆက်တွေက ရှေ့ မူရင်းအစ ဇာတ်ကားကို မမှီတတ်ကြပါဘူး။ ဒါပေမဲ့ Terminator 2 က ဒီလို မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ Sarah Connor ဆိုတဲ့ အမျိုးသမီးကြောင့်ပါ။ သူမက အပြစ်ကင်းစင်ပြီး ရိုးသားတဲ့ မိန်းကလေး အဖြစ်ကနေ သတ္တိကောင်းတဲ့ အာဂသတ္တိခဲ အမျိုးသမီးအဖြစ် ပြောင်းလဲသွားတာကို ဇာတ်လမ်းထဲ ကြည့်ရမှာပါ။

၄။ Erin Brockovich

ဒီဇာတ်ကားက တကယ့်ဖြစ်ရပ်မှန်ကို ရိုက်ထားတာကြောင့် ပိုတောင် စိတ်ဝင်စားဖို့ ကောင်းပါသေးတယ်။ ဥပဒေရေးရာ လက်ထောက်တစ်ဦး ဖြစ်လာခဲ့တဲ့ Erin Brockovich ဟာ ကယ်လီဖိုးနီးယား ပါဝါ ကုမ္ပဏီတစ်ခုကို မြို့တွင်း ရေ ညစ်ညမ်းမှုပြစ်ချက်ကြောင့် ပိတ်အောင် ကြိုးပမ်းနိုင်ခဲ့ပါတယ်။ အမျိုးသမီးတစ်ဦးဟာ စိတ်ဆုံးဖြတ်လိုက်တာနဲ့ အကုန်လုပ်နိုင်ကြောင်း ဒီအကြောင်းအရာက သက်သေပြနေပါတယ်။

၅။ Bonnie and Clyde

Bonnie နဲ့ Clyde က ရာဇဝတ်သားတွေ ဖြစ်တာကြောင့် သင့် စံပြပုဂ္ဂိုလ်တော့ မဖြစ်သင့်ပါဘူး။ ဒါပေမဲ့ အမျိုးသမီးဖြစ်သူ Bonnie ဟာ စိတ်ဓာတ်ခိုင်မာပြီး သန်မာတဲ့ အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။ သူမချစ်သူ Clyde နီးပါး အရည်အချင်းရှိသူ ဖြစ်ပြီး သူမ ပန်းတိုင်ကို ရောက်ဖို့ ဘယ်အနှောင့်အယှက်မှ အဝင်မခံသူ ဖြစ်ပါတယ်။

၆။ Thelma And Louis

ဇာတ်လမ်းအစမှာတော့ Thelma နဲ့ Louis ဟာ အားနည်းတဲ့ပုံစံပေါ်ပြီး အမျိုးသားတွေရဲ့ ထိန်းချုပ်တာ ခံရတယ်လို့ မြင်ရပေမယ့် ခရီးထွက်ပြီးနောက်မှာတော့ သူတို့နှစ်ဦးဟာ ခွန်အားအပြည့်နဲ့ အမှီအခိုကင်းတဲ့ အမျိုးသမီးတွေ ဖြစ်လာကြပါတယ်။ ဘယ်အမျိုးသမီးမဆို သန်မာကြံ့ခိုင်နိုင်ကြောင်း ဒီဇာတ်လမ်းက သက်သေပြနေပါတယ်။

၇။ Kill Bill

အမျိုးသမီးတစ်ဦးဟာ အမျိုးသား တစ်ယောက်လို အရည်အချင်းရှိနိုင်ပါတယ်။ လိမ္မာပါးနပ်နိုင်ပါတယ်။ အမျိုးသားတွေလိုပဲ အဆိပ်ပြင်းသူ ဖြစ်နိုင်ပါတယ်။ Kill Bill က ဒါကို သက်သေပြနေပါတယ်။ ဒီဇာတ်လမ်းကတော့ အသက်ရှင်ဖို့အတွက် သေနတ်ကို သတ္တိရှိရှိ ကိုင်နိုင်တဲ့ အမျိုးသမီးတစ်ယောက် အကြောင်းပါ။ မိန်းကလေး တစ်ယောက်က တစ်ချိန်တည်းမှာ လှလည်းလှနိုင်သလို အဆိပ်လည်း ပြင်းနိုင်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar