ခါးသေးချင်တဲ့သူတွေနဲ့ ခါးမှာအဆီတွေများလို့ စိတ်ညစ်နေတဲ့သူတွေအတွက် အိမ်မှာ အေးဆေးလုပ်လို့ရအောင် ခါးသေးသွယ်ဖို့ အထိရောက်ဆုံးဖြစ်တဲ့ လေ့ကျင့်ခန်း ၇ ခုကို မျှဝေပေးလိုက်ပါတယ်။ လေ့ကျင့်ခန်း ၇ ခု ရှိတဲ့အတွက် တစ်ခုပြီးတိုင်းမှာ ၁၀ စက္ကန့်နားပြီးတော့မှ နောက်တစ်ခုကို ဆက်လုပ်ပေးပါ။

Bodyweight Windmill

အရင်ဆုံး လက်နှစ်ဖက်ကို ဘေးကားပြီး မတ်တပ်ရပ်နေပါ။ ပြီးမှ ပုံမှာလုပ်ပြထားသလို ညာခြေထောက်ကို ဘေးဆန့်ထုတ်၊ ဘယ်ဘက်ကိုစောင်း၊ ပြီးရင် လက်နှစ်ဖက်ကားပြီး မတ်တပ်ပြန်ရပ်၊ ပြီးရင် ဘယ်ခြေထောက်ကို ဘေးဆန့်ထုတ်ပြီး ညာဘက်ကိုစောင်း လုပ်ပေးရမှာပါ။ အဲ့လိုမျိုး ဆက်တိုက် စက္ကန့် ၂၀ လုပ်ပေးရမှာ ဖြစ်ပါတယ်။

High Knee Skips

ပုံမှာပြထားသလို ခုန်ပြီးတော့ ဘယ်ခြေထောက်ကိုကွေးပြီး မြှောက်လိုက်၊ ညာခြေထောက်ကို ကွေးပြီးမြှောက်လိုက်နဲ့ လုပ်ပေးရမှာ ဖြစ်ပါတယ်။ ဒါလည်း စက္ကန့် ၂၀ လုပ်ပေးရမှာပါ။

Snap Jumps

ပုံမှာလုပ်ပြထားသလို ခြေထောက်ကိုကွေးလိုက်၊ ပြန်ဆန့်ထုတ်လိုက်၊ ပြန်ကွေးလိုက်နဲ့ ဆက်တိုက် စက္ကန့် ၂၀ လုပ်ပေးပါ။

Side Plank Leg Raises

ဒီလေ့ကျင့်ခန်းကတော့ လွယ်ပါမယ်။ ဘယ်ဘက်စောင်းပြီး ညာခြေကို မြှောက်လိုက်၊ ပြန်စုလိုက်နဲ့ ၁၀ စက္ကန့်လုပ်၊ အချိန်ပြည့်ရင် ညာဘက်စောင်းပြီး ဘယ်ခြေကို မြှောက်လိုက်၊ ပြန်စုလိုက်နဲ့ ၁၀ စက္ကန့် လုပ်ပေးပါ။

Seated Oblique Twist

ပုံမှာပြထားတဲ့အတိုင်းနေပြီး လက်ကို ဘယ်ပို့လိုက်၊ ညာပို့လိုက်နဲ့ လုပ်ပေးရမှာပါ။ လက်နဲ့ခါးပဲ လှည့်သွားရပါမယ်။ ခြေထောက်က အဲ့အတိုင်းပဲထားပေးပါ။ စက္ကန့် ၂၀ ပြည့်အောင် ဆက်တိုက်လုပ်ပေးရပါမယ်။

Crunch With Leg Raise

ဒူးထောင်ပြီး လက်နှစ်ဖက်က ခေါင်းနောက်ကိုထားပြီး လှဲနေပါ။ ပြီးရင် ဒုတိယပုံထဲကလို ကုန်းထပါ။ ပြီးရင် ပြန်လှဲပါ။ အဲ့အတိုင်း ဆက်တိုက် စက္ကန့် ၂၀ လုပ်ပေးပါ။

Seated Side Crunch

နောက်ဆုံးလေ့ကျင့်ခန်းကတော့ ခုံမှာမတ်မတ်ထိုင်ပြီး လက်နှစ်ဖက်ကို ခေါင်းနောက်မှာထားပါ။ ပြီးရင် ခါးကိုဘယ်ကိုင်းလိုက်၊ ညာကိုင်းလိုက်နဲ့ စက္ကန့် ၂၀ ဆက်တိုက်လုပ်ပေးရုံပါပဲ။