Weight ကျချင်ပေမယ့် Gym သွားပြီးလည်း မဆော့ချင်ဘူးဆိုတဲ့သူတွေအတွက် Weight ကျစေဖို့ ထိရောက်တဲ့ Exercise 7 မျိုးကို မျှဝေပေးလိုက်ပါတယ်။ ဒီ Exercise 7 မျိုးထဲက ကိုယ်အဆင်ပြေရာကို ရွေးချယ်ပြုလုပ်နိုင်ပါတယ်။ 2 မျိုးလောက်ပဲ ပုံမှန်လုပ်ပေးမယ်ဆိုရင်တောင် အဆင်ပြေနေပါပြီ။

တာတိုပြေးခြင်း

တာတိုပြေးခြင်းက နှလုံးကျန်းမာရေးကောင်းစေတဲ့အပြင် Weight ကျစေဖို့အတွက်လည်း ထိရောက်မှုရှိတဲ့ Exercise ဖြစ်ပါတယ်။ တစ်ပတ်မှာ 2 ကြိမ် 3 ကြိမ်လောက် ပုံမှန်လုပ်ပေးရင် ရပါပြီ။

ရေကူးခြင်း

ရေကူးခြင်းက ကိုယ်ရည်စစ်ပြီး Weight ကျစေတယ်ဆိုတာကို သိကြမှာပါ။ ကြွက်သားတွေလည်း သန်မာစေပြီး Cholesterol levels နဲ့ Blood pressure ကိုလည်း ကောင်းမွန်စေပါတယ်။ ရေကူးတတ်တယ်ဆိုရင် ရေကူးရုံနဲ့ Weight ကျစေမယ်ဆိုတာကိုလည်း မမေ့နဲ့အုံးနော်။ တစ်ပတ်မှာ 2 ကြိမ် 3 ကြိမ်လောက် ကူးပေးရင် ရပါပြီ။

Boxing ထိုးခြင်း

Boxing ထိုးခြင်းက ပုံမှန်လေ့ကျင့်တာမျိုးဆိုရင်တောင် Calories 500 လောက် လောင်ကျွမ်းစေပြီး ပြင်းထန်တဲ့ Boxing ထိုးခြင်းမျိုးဆိုရင် Calories 900 လောက် လောင်းကျွမ်းစေပါတယ်။ ဒီတော့ Weight လည်းကျချင်တယ် ကိုယ်ခံပညာလည်း တစ်ခါထဲသင်ချင်တယ်ဆိုရင် Boxing ထိုးတာ အကောင်းဆုံးပါပဲ။ သူလည်း တစ်ပတ်ကို 2 ကြိမ်လောက်ဆိုရင် ရပါတယ်။

ကခြင်း

တစ်နေ့ကို တစ်နာရီပဲ ကခုန်ပေးရင်တောင်မှ Weight ကျစေပါတယ်။ တစ်ပတ်ကို 3 ရက်လောက် ပုံမှန်လုပ်ပေးရင် ရပါပြီ။ ကရတာ ပျော်တဲ့သူဆိုရင်တော့ ဒီအချက်ကို Try ကြည့်သင့်တယ်နော်။

ကြိုးခုန်ခြင်း

ကြိုးခုန်ပေးခြင်းကလည်း Weight ကျစေတယ်ဆိုတာကို သိကြမှာပါ။ Weight ကျစေရုံသာမကပဲ Stress လည်း လျော့ကျစေပါတယ်။ မနက်တိုင်း 10 မိနစ် 15 မိနစ်လောက် ကြိုးခုန်ပေးရုံနဲ့တင် Weight ကျစေမှာပါ။

Climbing

တကူးတက တောင်တက်တာမျိုးမလုပ်ပဲ မိုးလုံလေလုံနေရာတွေမှာ Climbing Exercise လုပ်ပေးတာမျိုးက သင့်ကို Weight ကျစေဖို့ အများကြီး အထောက်အကူဖြစ်စေပါတယ်။ တစ်ခါလုပ်ရင် မိနစ် 30 လောက် လုပ်ပေးပြီး တစ်ပတ်ကို 3 ကြိမ်လောက်ဆို လုံလောက်ပါပြီ။

လမ်းလျှောက်ခြင်း

နောက်ဆုံး Exercise ကတော့ အရိုးရှင်းဆုံးနဲ့ အလွယ်ကူဆုံးပါပဲ။ နေ့တိုင်း တစ်နေ့ကို မိနစ် 30 လမ်းလျှောက်ပေးရမှာပါ။ မနက်စောစောထပြီးလျှောက်ရင် ပိုကောင်းပါတယ်။