ဗိုက်အဆီတွေများလို့ ဝမ်းဗိုက်အဆီကျချင်နေတဲ့ ယောင်္ကျားလေးပဲဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ် သေချာထိရောက်စေဖို့ ဝမ်းဗိုက်အဆီတွေ လျော့ကျလာစေမယ့် အသက်ရှူလေ့ကျင့်ခန်းတွေကို မျှဝေပေးလိုက်ပါတယ်။ အိမ်မှာ နေ့တိုင်း အချိန်နည်းနည်းပေးပြီး လုပ်သွားရင် သိသာတဲ့ရလဒ်ကို ရရှိလာမှာပါ။

ပုံမှာပြထားတဲ့အတိုင်း ကြမ်းမှာ ပက်လက်လှဲပြီး လက်နှစ်ဖက်ကို နည်းနည်းကားထားပါ။ လက်ဖဝါးဖြန့်ထားပါ။ မျက်လုံးမှိတ်ပြီး အသက်ကို ပုံမှန်ရှူသွင်းရှူထုတ်လုပ်ပေးပါ။ အဲ့အတိုင်း ၅ မိနစ် (သို့) ၁၀ မိနစ်လုပ်ပေးရမှာပါ။

ပုံမှာပြထားတဲ့အတိုင်း လှဲအိပ်ပြီး ဒူးနှစ်ဖက်ကို ထောင်ထားပါ။ လက်ဖဝါးနှစ်ဖက်ကို မှောက်ထားပါ။ မျက်လုံးမှိတ်ပြီး အသက်ကို ပြင်းပြင်းလေး ၁၅ စက္ကန့် (သို့) ၂၀ စက္ကန့်လောက် ရှိုက်ရှူလိုက်ပါ။

ပုံမှာပြထားတဲ့အနေအထားအတိုင်း ထိုင်ပြီး မျက်လုံးမှတ်ကာ စက္ကန့် ၃၀ (သို့) စက္ကန့် ၆၀ လောက် အသက်ကို ဖြေးဖြေးချင်းစီ ရှူသွင်းရှူထုတ်လုပ်ပေးပါ။

ပုံမှာပြထားတဲ့အတိုင်း ထိုင်ပြီး လက်နှစ်ဖက်ကိုလည်း ပုံမှာပြထားတဲ့အတိုင်းပဲ လုပ်ပြီး အသက်ရှူလေ့ကျင့်ခန်းလုပ်ပေးရမှာပါ။ ၅ မိနစ်လောက် အဲ့အတိုင်းနေပြီး အသက်ရှူလေ့ကျင့်ခန်းလုပ်ပေးပါ။

တရားထိုင်သလိုမျိုး ပုံမှာပြထားတဲ့အနေအထားအတိုင်းထိုင်ပြီး လက်နှစ်ဖက်ကိုလည်း ပုံမှာပြထားတဲ့အတိုင်းပဲလုပ်ပေးပါ။ ပြီးရင် အဲ့အတိုင်း အသက်ကို ပုံမှန်လေး ၅ မိနစ်လောက် ရှူသွင်းရှူထုတ်လုပ်ပေးပါ။

ဒါကတော့ ခုနကလေ့ကျင့်ခန်းနဲ့ တူတူပါပဲ။ သူက အသက်ကို ပြင်းပြင်းလေးရှူသွင်း ရှူထုတ်လုပ်ရမှာပါ။ ၅ မိနစ် (သို့) ၁၀ မိနစ် လုပ်ပေးပါ။

ဒါကတော့ နောက်ဆုံးလေ့ကျင့်ခန်းပါ။ ပုံမှာပြထားတဲ့အနေအထားအတိုင်း နေပြီး အသက်ရှူလေ့ကျင့်ခန်းလုပ်ရမှာပါ။ ၅ မိနစ်လောက်လုပ်ပေးရပါတယ်။ ပုံမှန်အတိုင်းပဲ အသက်ကို ဖြေးဖြေးချင်းစီ ရှူသွင်းရှူထုတ်လုပ်ပေးပါ။

Source: www.brightside.me