သောကတွေ ပူပန်မှုတွေက လက်ရှိကာလမှာ လူတိုင်းရင်ဆိုင်နေရတဲ့ အရာပါ။ လူတွေက ပျော်ရွှင်မှုကိုလည်း ငွေပေးပြီး ဝယ်ယူတတ်ကြပါတယ်။ တကယ်တော့ ကိုယ့်ရဲ့ အမှန်တကယ်ပျော်ရွှင်မှုက ကိုယ့်အတွင်းဘက်က လာတာပါ။ ငြိမ်းချမ်းမှု၊ တိတ်ဆိတ်မှုတွေကနေ ပျော်ရွှင်မှုကို ရှာဖွေနိုင်ပြီး စိတ်ဖိစီးမှုလျှော့ချနိုင်ပါတယ်။ အောက်မှာဖော်ပြထားတဲ့ နည်းလမ်းတွေကတော့ စိုးရိမ်သောကတွေနဲ့ စိတ်ဖိစီးမှုတွေကို အလွယ်တကူ လျှော့နိုင်မယ့် နည်းတွေပါ။

၁။ အသက်ပြင်းပြင်းရှူပါ


ကိုယ်လုပ်နေတဲ့အရာတွေကို ခဏရပ်လိုက်ပြီး အသက်ရှူသွင်းရှူထုတ်ကို အာရုံစိုက်ပါ။ ပိုလွယ်ကူအောင် ဝမ်းဗိုက်ပေါ်မှာ လက်တင်ထားပေးပါ။ ရှူသွင်းတဲ့အချိန် ဝမ်းဗိုက်ဖောင်းသွားစေပြီး ရှူထုတ်လိုက်တဲ့အချိန် ဝမ်းဗိုက်ချပ်သွားပါစေ။

၂။ သဘာဝရဲ့အသံကို နားထောင်ပါ


သင်က မြို့ပြတိုက်တာအဆောက်အအုံတွေပေါ် နေထိုင်တဲ့သူဖြစ်ရင်တောင် သဘာဝတရားကို ရှာဖွေနိုင်ပါတယ်။ နည်းလမ်းကတော့ YouTube ပေါ်က သဘာဝတောတောင်တွေ ရိုက်ကူးထားတဲ့ ဗီဒီယိုတွေကို ဒေါင်းပြီးကြည့်ပါ။ သဘာဝအသံတွေဖြစ်တဲ့ ရေကျသံ၊ ငှက်ကလေးတွေရဲ့ တေးသီသံတွေကိုလည်း နားထောင်နိုင်ပါတယ်။ သဘာဝတရားထဲ နေထိုင်သူတွေက အသက်ပိုရှည်ကြတယ်လို့ သိပ္ပံပညာရှင်တွေက ဆိုထားပါတယ်။

၃။ Social Media ခဏနားပါ


ကျွန်ုပ်တို့က Social Media ပေါ်က အခြားသူတွေရဲ့ ဒုက္ခရောက်နေတဲ့သတင်းတွေ ဘဝတွေကို ကြည့်ပြီး အပူတွေက ကိုယ့်ဆီကူးစက်တတ်ပါတယ်။ ကိုယ့်ထက်သာတဲ့သူတွေ တွေ့ရင်လည်း နှိုင်းယှဉ်တတ်ကြပါတယ်။ ဒီအရာတွေကြောင့် စိတ်ညစ်မနေဖို့ Social Media ကို ခဏနားမှ ရပါမယ်။

၄။ လေ့ကျင့်ခန်းလုပ်ပါ


လေ့ကျင့်ခန်းပုံမှန်လုပ်ပေးတာက သင့်ကို ကျန်းမာစေရုံမက ကိုယ့်ကိုကိုယ်ယုံကြည်မှုကိုလည်း ပိုတက်စေပါတယ်။

၅။ များများရယ်မောပေးပါ


သင်ကြည့်နေကျ ဟာသ Program တွေ ဟာသဗီဒီယိုတွေ ပုံမှန်ကြည့်ပေးပါ။ ရယ်မောခြင်းသည် အသက်ရှည်ပါသည်ဆိုတဲ့ အရာကို အားလုံးယုံကြည်ကြမှာပါ။

၆။ သူငယ်ချင်းတွေနဲ့ ဆက်သွယ်ပါ


တစ်ယောက်တည်းမနေဘဲကိုယ့်ရဲ့ သူငယ်ချင်းတွေကို ဆက်သွယ်ပါ။ သူတို့ နေကောင်းလား သတင်းမေးပါ။ စိတ်ဓာတ်ကျတဲ့အချိန် သူငယ်ချင်းတွေဆီ ရင်ဖွင့်တိုင်ပင်ပါ။

၇။ တရားထိုင်ပါ


တရားထိုင်တာက လက်ရှိအချိန်ကို ပိုအာရုံစိုက်နိုင်ဖို့ ကူညီပေးပါတယ်။ ကိုယ့်ရဲ့ ခန္ဓာကိုယ် ဘေးပတ်ဝန်းကျင်တွေဆီ ပိုအာရုံစိုက်မိစေပါတယ်။

Source: HerBeauty.co

By MyStyle Myanmar