သင်က သင့်အတွက် အရေးပါတဲ့ တစ်နေရာရာကို သွားမယ်ဆိုပါစို့။ ဒီလို အချိန် ဗိုက်မပူဘဲ ချပ်ရပ်စွာ စမတ်ကျကျ ဝတ်ချင်တယ်ဆိုရင်တော့ ဒီအကြောင်းကို ဆက်ဖတ်လိုက်ပါနော်။ တချို့မိန်းကလေးတွေဆိုရင် ပိန်ပေမယ့် ဗိုက်ပူတတ်ကြပါတယ်။ ဒါက ကိုယ့်နေထိုင်မှု၊ စားသောက်မှု ပုံစံကြောင့် ဖြစ်နိုင်သလို ဗိုက်အဆီ တကယ်ရှိလို့ ဖြစ်နိုင်ပါတယ်။ သင်က တစ်နေရာရာ သွားခါနီး အမြန်လေး ဗိုက်ချပ်ချင်ရင်တော့ ဒီအချက်တွေကို လိုက်နာသင့်ပါတယ်။

၁။ Sodium ပါတဲ့ အစားအသောက်ကို ရှောင်ပါ

Sodium ဖြစ်တဲ့ အထူးသဖြင့် ဆားကို လျှော့စားသင့်ပါတယ်။ Sodium က သင့်ဗိုက်ကို ပူစေနိုင်ပါတယ်။ တစ်နေရာရာ သွားခါနီတိုင်း ကိုယ် ဆားပါတဲ့ အစားအစာ ဘယ်လောက်စားလိုက်ပြီလဲ ပြန်စဉ်းစားသင့်ပါတယ်။

၂။ ရေများများ သောက်ပါ

ဗိုက်လေဖောင်းပြီး ဗိုက်ပူတာကို သက်သာစေမယ့် နောက်ထပ် နည်းလမ်းတစ်ခုကတော့ ရေများများ သောက်တာပါ။ ရေများများသောက်တဲ့အခါ ဗိုက်ကလေး ချပ်လာစေပါတယ်။

၃။ အချိုရည် ရှောင်ပါ

ကာဗွန်နိတ်များတဲ့ ဂတ်စ်ပါတဲ့ အချိုရည်တွေက ဗိုက်ပူစေပါတယ်။ အပြင်သွားခါနီး အချိုရည် အစား ရေကိုပဲ ပိုသောက်ပေးသင့်ပါတယ်။ ဒါ့အပြင် လက်ဖက်စိမ်းရည် Green Tea ကိုလည်း သောက်နိုင်ပါတယ်။

၄။ အချိုးအစားကို လျှော့လိုက်ပါ

အပြင်သွားခါနီး ဗိုက်မပူချင်ရင် ကိုယ်စားတာကို ဂရုစိုက်သင့်ပါတယ်။ အစားစားရင် ဖြည်းဖြည်းလေး စားတာ၊ ကိုယ်စားတာကို နဂိုထက် လျှော့လိုက်တာ စတာတွေကို လုပ်ပေးသင့်ပါတယ်။

၅။ ကိုယ်စားတဲ့ အစားအသောက်

ပွဲတစ်ခုခု သွားခါနီးမှာ အဆီများတာတွေကို မစားသင့်ပါဘူး။ ဒီအစား ပရိုတင်းများတဲ့ အစားအသောက်တွေ၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အသီးအရွက်အဆီ စတာတွေကို ရွေးချယ်သင့်ပါတယ်။

၆။ ယောဂကျင့်ပါ

ဝမ်းဗိုက်နေရာကို အဓိက ထားတဲ့ ယောဂလေ့ကျင့်ခန်းတွေ ရှိပါတယ်။ ဗိုက်လေဖောင်းတာကို သီးသန့် ရည်ရွယ်ထားတဲ့ ယောဂလေ့ကျင့်ခန်းတွေပါ ရှိပါတယ်။ ဒီလို ယောဂလေ့ကျင့်ခန်းတွေက ဗိုက်ပူတာကို ဖြစ်စေတဲ့ အဆိပ်တွေကို ပျက်ပြယ်စေပြီး စွမ်းအင် ပိုရလာပါလိမ့်မယ်။

၇။ အရက် ရှောင်ပါ

မူးယစ်စေတဲ့ ဝိုင်၊ အရက်၊ ဘီယာ စတာတွေကို အပြင်သွားမယ့်နေ့တွေမှာ ရှောင်သင့်ပါတယ်။ ဒီအရေတွေက ခန္ဓာကိုယ်ကို ရေဓာတ် ခမ်းခြောက်စေကာ အစာမကြေ ဖြစ်စေပါတယ်။ မသွားခင် ရေက လွဲရင် တခြား ဘာမှ မသောက်သင့်ပါဘူး။

Photo Source: Pinterest

By MyStyle Myanmar