ဆံကေသာဆိုတာ ကျွန်မတို့ မိန်းမသားတွေအတွက်တော့ ဒုတိယမျက်နှာပါပဲ။ အမျိုးသားပဲဖြစ်ဖြစ် အမျိုးသမီးတွေပဲဖြစ်ဖြစ် ကျန်းမာတဲ့ ဆံကေသာကို ပိုင်ဆိုင်ချင်ကြပါတယ်။ အမျိုးသမီးတွေအနေနဲ့ ဆံပင်အရှည်ထားချင်ပေမယ့် ဆံပင်အရှည်နှေးနေလို့ စိတ်ညစ်နေရတတ်ပါတယ်။

ကျွန်မတို့ နေ့စဉ်ထိတွေ့အသုံးပြုနေတဲ့ ဓါတုပစ္စည်းတွေ၊ စားသုံးနေတဲ့အစားအသောက်တွေဟာ ဆံကေသာကောင်းခြင်း မကောင်းခြင်းနဲ့ သက်ဆိုင်နေပါတယ်။ ဆံပင်အရှည်နှေးနေလို့ စိတ်ညစ်နေတဲ့ ပျိုမေတို့အတွက် နည်းလမ်းကောင်းလေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။

၁။ ဆံပင် တိဖို့ မမေ့ပါနဲ့။

ဆံပင်အရှည်မြန်ချင်ရင်တော့ ဆံပင်တိဖို့မမေ့ပါနဲ့။ ၃ လ ၄ လကိုတစ်ခါပဲဖြစ်ဖြစ် ဆံပင်ကို မဖြစ်မနေတိပေးသင့်ပါတယ်။ ဒါမှ ဆံဖျားနှစ်ခွဖြစ်တာကို သက်သာစေပြီး ဆံပင်အရှည်မြန်စေမှာပါ။

၂။ ရေနွေးပူပူနဲ့ ခေါင်းမလျှော်ပါနဲ့။

ခေါင်းကို ရေအေးနဲ့ပဲလျှော်ပေးပါ။ ရေနွေးနဲ့ ခေါင်းလျှော်တာဟာ ဆံပင်ကျွတ်စေပါတယ်။

၃။ ရေများများသောက်ပါ။

မနက်မိုးလင်းတိုင်း ရေသောက်ပြီး တစ်နေ့တာလုံးကိုအစပြုသင့်ပါတယ်။ ရေဓါတ်ဖြည့်တင်းနေမှ ဆံပင်ရော အသားအရေရော သန်စွမ်းကောင်းမွန်မှာပါ။ မဟုတ်ရင်တော့ ဆံသားခြောက်သွေ့နေမှာဖြစ်ပါတယ်။

၄။ ခေါင်းဘီးကို သေချာရွေးဝယ်ပါ။

ကိုယ့်ဆံပင်နဲ့ အဆင်ပြေတဲ့ ခေါင်းဘီးကို ရွေးချယ်ဝယ်ယူသင့်ပါတယ်။ ပြီးတော့ ခေါင်းကိုလည်း ဆံပင်ရေစိုနေတဲ့အချိန်မှာ မဖြီးပါနဲ့။ ဆံပင်ခြောက်နေတဲ့အချိန်မှသာဖြီးပေးပါ။

၅။ ဓါတုပစ္စည်းမပါတဲ့ ခေါင်ေးလျှာ်ရည်သုံးပါ။

Parabens, Sulphates, Silicone နဲ့ SLS မပါတဲ့ ခေါင်းလျှော်ရည်တွေကို သုံးပေးပါ။ သစ်ဥသစ်ဖုတွေနဲ့ လုပ်ထားတဲ့ ခေါင်းလျှော်ရည်က အကောင်းဆုံးပါပဲ။

၆။ အစားအသောက်ကိုလည်း ဂရုစိုက်ပါ။

ကျန်းမာသန်စွမ်းတဲ့ ဆံကေသာရရှိပိုင်ဆိုင်စေဖို့အတွက် အစားအသောက်ကိုလည်း အဟာရညီညွှတ်မျှတသွာစားပေးပါ။ လတ်ဆတ်တဲ့ အသီးအရွက်၊ ငါး နွားနို့ အခွံမာသီးတွေ စားပေးသင့်ပါတယ်။ သရေစာ အမြန်စားအစားအစာတွေ ရှောင်ပါ။

၇။ ခေါင်းနေ့တိုင်းမလျှော်ပါနဲ့။

ခေါင်းနေ့တိုင်းလျှော်တာ ခေါင်းပုံမှန်လျှော်တာဟာလည်း ဆံကေသာကို ပျက်ဆီးစေပါတယ်။ ဥပမာ ၂ ရက်ခြားတစ်ခါလျှော်တာမျိုးမဟုတ်ဘဲ ၂ ရက်နေ ၁ ခါ ၃ ရက်နေ ၁ ခါ လျှော်ပေးပါ။