Eyeshadow က မျက်လုံးခြယ်တဲ့အခါမှာပဲ အသုံးဝင်တာမဟုတ်ပါဘူး။ Eyeshadow ရှိရုံနဲ့ အဆင်ပြေသွားတာမျိုးတွေလည်း ရှိပါတယ်။ ဒါကြောင့် မိတ်ကပ်ပြင်တဲ့အခါမှာ Eyeshadow ကို အမျိုးမျိုးသုံးလို့ရမယ့် နည်းလမ်းကောင်း ၇ ခုကို မျှဝေပေးလိုက်ပါတယ်။

Eyebrow ခြယ်တဲ့အခါ

Eyeshadow ဝယ်ရင် ရောင်စုံပါတာမျိုး၊ ကိုယ်အမြဲခြယ်လို့အဆင်ပြေမယ့် အရောင်တွေ များများပါတာမျိုးကို ရွေးဝယ်ပြီး Eyeshadow လှလှလေးတွေခြယ်ပါ။

Eyeliner ဆွဲတဲ့အခါ

Eyeshadow နဲ့လည်း Eyeliner ဆွဲလို့ရပါတယ်။ အရောင်ရင့်တာလေးတွေနဲ့ Eyeliner ဆွဲတာလည်း လှပါတယ်။ Makeup Look တစ်မျိုးလေး ဆန်းသွားစေပါတယ်။ Eyeliner မရှိတဲ့အခါမှာလည်း Eyeshadow ရှိရုံနဲ့တင် အဆင်ပြေပါတယ်။

Contouring အဖြစ်သုံးခြင်း

Eyeshadow အညိုရှိရင် contouring palette တောင်မလိုပါဘူး။ Eyeshadow အညိုကိုပဲ သုံးလိုက်လို့ရပါတယ်။

ပါးနီခြယ်တဲ့အခါ

ပါးနီခြယ်တဲ့အခါမှာလည်း glitter မပါတဲ့ Eyeshadow ပန်းရောင်၊ လိမ္မောရောင်လေးတွေကို ပါးနီအဖြစ်နဲ့ သုံးလို့ရပါတယ်။

မျက်ခုံးမွှေးဆွဲတဲ့အခါ

မျက်ခုံးမွှေးဆွဲတဲ့အခါမှာလည်း Eyeshadow အညိုရောင်၊ အမဲရောင်ကိုသုံးပြီး မျက်ခုံးမွှေးဆွဲလို့ရပါသေးတယ်။

Highlighter ခြယ်တဲ့အခါ

Highlighter ခြယ်ရင် Glow ပြီး မျက်နှာလေးပိုလင်းသွားစေပါတယ်။ Highlighter မရှိရင် Glitter Eyeshadow အဖြူရောင်၊ ရွှေရောင်လေးတွေကို အစားထိုးသုံးပေးလို့ရပါတယ်။

Lipstick ဆိုးတဲ့အခါ

ပါတီပွဲတွေသွားတဲ့အခါမျိုးမှာ အထာကျကျပုံစံမျိုး ပြင်ချင်တယ်ဆိုရင် Lip Gloss လေးဆိုးပြီး Glitter Eyeshadow ကို နှုတ်ခမ်းမှာ နည်းနည်းလေး ပွတ်ပေးလိုက်ပါ။ Bling Bling ဖြစ်ပြီး တစ်မျိုးလေးဆန်းကာ လှနေမှာ သေချာပါတယ်။