ချစ်တဲ့မျက်လုံးနဲ့ ကြည့်လိုက်ရင် အရာအားလုံးက လှတယ်ဆိုတဲ့ စကားက မှန်ပါတယ်။ ဒါပေမဲ့ လူတစ်ယောက်ကို ပထမဆုံးကြည့်လိုက်ရင် သူတို့ရဲ့ မျက်နှာပုံစံ၊ ဝတ်စားဆင်ယင်ပုံတွေကို မြင်ရမှာပါ။ သင်က ကောင်လေးနဲ့ ပထမဆုံး ဒိတ်တယ်ဆိုရင် သင့်ရဲ့ပုံစံလေးက သူတို့အတွက် စွဲမက်ဖွယ်လေးဖြစ်သင့်ပါတယ်။ တချို့ဝတ်ဆင်ပုံတွေကိုတော့ သူတို့ ဘယ်လိုမှ သဘောမကျပါဘူး။ ဒီဝတ်ဆင်ပုံတွေကို သိထားတော့ သင်ဒိတ်လုပ်တဲ့အချိန် ရှောင်နိုင်ပါတယ်။ ဘယ်လိုဝတ်ဆင်ပုံတွေလဲဆိုတော့-

၁။ Pattern ပါတဲ့ ဘောင်းဘီအပွကြီးတွေ

ဘောင်းဘီအပွတွေက သင့်ကို သက်တောင့်သက်သာဖြစ်စေပါတယ်။ ပြီးတော့ ဝတ်တဲ့သူတိုင်းကို လွတ်လပ်ပေါ့ပါးစေပါတယ်။ ဒါပေမဲ့ ကောင်လေးနဲ့ ချိန်းတွေ့တဲ့အချိန် အဲ့လိုဘောင်းဘီမျိုးရှောင်ပေးပါ။ ဘယ်လိုဘောင်းဘီမျိုးလဲဆိုရင် ဥပမာပြောရရင် ကျွန်မတို့ ပုဂံသွားရင် ဝတ်တတ်တဲ့ ဘောင်းဘီမျိုးပါ။

၂။ ဆောင်းတွင်းဝတ်ဘွတ်ဖိနပ်

ဒီဖိနပ်တွေက ကိုယ့်ကို ပိုကျဉ်းကျပ်စေသလို ကောင်လေးတွေကလည်း သဘောမကျပါဘူး။ ကောင်လေးတွေက သင့်ရဲ့ ခြေထောက်လှလှလေးတွေကို မြင်ချင်မှာပါ။ အရှိအတိုင်းပဲ သူတို့မြင်ပါစေ။

၃။ Sexy ကျလွန်းတဲ့အင်္ကျီတွေ

သင်က အမိုက်စားမိန်းကလေးဆိုတာ သိပါတယ်။ ဒါပေမဲ့ ကောင်လေးနဲ့ ချိန်းတွေ့တဲ့အချိန် တိုလွန်းတာ၊ ကျပ်လွန်းတာတွေက မသင့်တော်ပါဘူး။ သူတို့ရဲ့ စိတ်ကို ခိုးလိုးခုလုဖြစ်စေမှာ မှန်ပါတယ်။ ဒါပေမဲ့ သင့်ကို လွယ်လွယ်ရတဲ့မိန်းကလေးလို့ ထင်သွားနိုင်ပါတယ်။ ရုံးသွားတဲ့စတိုင်မျိုးလည်း မဝတ်ပါနဲ့။

၄။ ကိုယ်လုံးမပေါ်တဲ့အဝတ်အစားတွေ

ဟူး… ဒိတ်ရတာလွယ်တော့မလွယ်ဘူးနော်။ ကိုယ်လုံးမပေါ်တဲ့ တစ်ဖြောင့်တည်းဂါဝန်ပုံစံအင်္ကျီဖြစ်ရင်လည်း ကောင်လေးတွေ သဘောမကျကြပါဘူး။ တကယ်လို့ တဖြောင့်တည်းသွားတဲ့အဝတ်အစားတွေ ဝတ်မယ်ဆိုရင် ခါးပတ်လေးပတ်ပေးပါ။ ခါးပတ်ပတ်တဲ့ပုံစံကို ကောင်လေးတွေ သဘောကျကြပါတယ်။

၅။ မိတ်ကပ်နဲ့ Accessories တွေများလွန်းတာ

မိတ်ကပ်ထူလွန်းတာကလည်း ကောင်လေးတွေ ကြည့်မရတာတစ်ခုအပါအဝင်ဖြစ်ပါတယ်။ Accessories တွေများတယ်ဆိုတာကတော့ လက်ကောက်လည်း နှစ်ကွင်း၊ လက်စွပ်လေးကလည်း နှစ်ကွင်း၊ ခေါင်းပတ်လေးပါ ပါလိုက်ရင် သူတို့မျက်လုံးထဲ ပဒေသာပင်ကြီးလို ဖြစ်နေပါလိမ့်မယ်။

၆။ တစ်ဆက်တည်းအင်္ကျီတွေ

အင်္ကျီတစ်ဆက်တည်းက သင့်ကို စမတ်ကျစေပါတယ်။ ဒါပေမဲ့ ယောကျာ်းလေးတွေကတော့ မကြိုက်ပါဘူး။ ဂျင်းဘောင်းဘီနဲ့ အင်္ကျီ တစ်ဆက်တည်း ပုံစံတွေကိုလည်း သူတို့ သဘောမခွေ့လှပါဘူး။ ဒီအင်္ကျီတွေက အပေါ်က ပြောခဲ့တဲ့ နံပါတ် ၁ ဘောင်းဘီအပွနဲ့ နံပါတ် ၄ ကိုယ်လုံးမပေါ်တဲ့အဝတ်အစား ပေါင်းစပ်မှုဖြစ်နေပါတယ်။

၇။ အမွှေးတွေများတဲ့အင်္ကျီ

အမွှေးတွေများတဲ့ အင်္ကျီ ဦးထုပ်တွေက ယောကျာ်းလေးတွေ သဘောမကျတဲ့အထဲပါဝင်ပါတယ်။

ဒီအရာတွေကတော့ယောကျာ်းလေးတွေ မုန်းတဲ့အင်္ကျီပုံစံတွေပါ။ ယောကျာ်းလေးတိုင်းတော့ မဟုတ်ပါဘူး။