အားလုံးပဲ မင်္ဂလာပါ။ လူတိုင်းအောင်မြင်ချင်ကြပါတယ်။ သင့်အနေနဲ့ အောင်မြင်တဲ့ဘဝဆိုတာ ဘာကို ပြောချင်တာလဲ။ လူတိုင်းကတော့ အောင်မြင်မှုကို ပေတံအမျိုးမျိုးနဲ့ တိုင်းတာကြပါတယ်။ သင်လိုချင်တဲ့နေရာတစ်ခုကို ရောက်တာက အောင်မြင်ခြင်းလို့ ယေဘုယျပြောနိုင်ပါတယ်။ သင်က အောင်မြင်သူတစ်ယောက်ဖြစ်ချင်ရင်တော့ ဒီအလေ့အကျင့် (၇) ခုကို နေ့တိုင်းပြုလုပ်သင့်ပါတယ်။

၁။ နောက်နေ့အတွက် ကြို Plan ချပါ

နောက်နေ့အတွက် To Do List ကြိုရေးတတ်တဲ့အကျင့်က သင်လိုချင်တဲ့ဘဝကို အမြန်ရောက်ဖို့ ကူညီနိုင်တဲ့ နည်းလမ်းတစ်ခုပါပဲ။ ညကတည်းက နောက်နေ့အတွက် ဘာတွေလုပ်ချင်လဲ..ဘာတွေရည်မှန်းချက်ရှိလဲ ကြို လုပ်ထားသင့်ပါတယ်။


၂။ မနက်ပိုင်းမှာ အကျင့်ကောင်းတွေမွေးမြူပါ

မနက်ပိုင်းမှာ အလုပ်တွေ ပိုပြီးဖို့ ကိုယ့်ကိုကိုယ် ပိုဂရုစိုက်နိုင်ဖို့ မနက်စောစော ထသင့်ပါတယ်။ မနက်ပိုင်းမှာ အကျင့်ကောင်းတွေကို ကြိုးစားလုပ်ကြည့်ပါ။

၃။ တိတ်ဆိတ်တဲ့အချိန်တစ်ခုဖန်တီးပါ

မနက်စောစောထပြီး တိတ်ဆိတ်မှုကို ခံစားနိုင်ပါတယ်။ လူတစ်ယောက်မှာ တိတ်ဆိတ်တဲ့ကိုယ်ပိုင်အချိန်တစ်ခုရှိသင့်ပါတယ်။ ဒီအချိန်မှာ တရားထိုင်တာ ဘုရားရှိခိုးတာ စသဖြင့် ပြုလုပ်နိုင်ပါတယ်။

၄။ နေ့တိုင်းကျေးဇူးတင်တတ်တဲ့အကျင့်ကို မွေးမြူပေးပါ

နေ့တိုင်း ကိုယ်ကျေးဇူးတင်တဲ့အရာတွေကို ချရေးတတ်တဲ့အကျင့်ကို ထားပေးပါ။


၅။ စာဖတ်ပါ

တစ်နေ့မှာ ဘယ်နှစ်မိနစ် စာဖတ်မယ်ဆိုပြီး ပုံမှန်ဖတ်ပေးပါ။

၆။ လှုပ်လှုပ်ရှားရှားနေပါ

နေ့တိုင်းလေ့ကျင့်ခန်းလုပ်ပေးတာက သင့်ရဲ့ စိတ်ကျန်းမာရေးရော ခန္ဓာကိုယ်ကျန်းမာရေးအတွက်ပါ ကောင်းမွန်စေပါတယ်။


၇။ ပြီးအောင်ကြိုးစားပါ

ကိုယ်ချမှတ်ထားတဲ့ တစ်နေ့တာ လုပ်စရာတွေကို ပြီးမြောက်အောင်ကြိုးစားပေးပါ။

Photo Source: Pinterest

By MyStyle Myanmar