အားလုံးပဲ မင်္ဂလာပါနော်။ ဓာတ်ပုံလှလှလေးတော့ရချင်ပေမယ့် ကင်မရာရှေ့ရောက်တိုင်း ဘယ်နေရာကြည့်ရမှန်းမသိ၊ လက်ကို ဘယ်နားထားရမှန်းမသိ ရှက်ကိုးရှက်ကန်း ဖြစ်နေတယ်လို့ ခံစားနေရတဲ့သူတွေရှိလား။ ကင်မရာသေချာကြည့်ပြီး Pose ပေးရမှာ ရှက်တတ်တာက သင့်ကိုဓာတ်ပုံထဲမှာလည်း သက်တောင့်သက်သာမရှိဘဲ တောင့်တောင့်ကြီးလို မြင်ရစေပါတယ်။ ဒီလိုမဖြစ်ရအောင် ဒီတစ်ခေါက်မှာ ကင်မရှာရှက်တတ်တဲ့ ကောင်မလေးတွေအတွက် သိပ်အားစိုက်စရာမလိုဘဲ သဘာဝဆန်ဆန်လှနေစေမယ့် ပေါ့ပေါ့ပါးပါး Pose ပေးနည်း နမူနာလေးတွေကို မျှဝေပေးလိုက်ပါတယ်။

ကိုယ်ရှေ့မှာ ကင်မရာမရှိသလိုသဘောထားပြီး မေးလေးထောက်ကာ မျက်လုံးတွေ မှိတ်ထားလိုက်ပါ။ ဒီလို Pose လေးက မျက်နှာနေထိုးတဲ့နေရာမှာ ထွက်ရိုက်ရင်ပိုလှပါတယ်။ နေရောင်နဲ့အတူ မျက်နှာလေး Glow နေတဲ့ ပုံစံရစေမှာပါ။


ပစ္စည်းတစ်ခုခုပြုတ်ကျလို့ အောက်ငုံ့ကြည့်နေတဲ့ပုံစံ Pose လေးကလည်း ကင်မရာကို တည့်တည့်ကြည့်စရာမလိုဘဲ ရိုးရိုးလေးနဲ့ အထာကျစေမှာပါ။

တစ်ဖက်လှည့်ကြည့်ပြီး ဆံပင်သပ်နေသလို Pose လေးကလည်း ကင်မရာရှက်တတ်တဲ့ကောင်မလေးတွေအတွက် ကွက်တိပါပဲ။

Coffee ခွက်လေးကိုင်ပြီး မသိမသာ Snap မိသလို Pose ပေးတာကလည်း သဘာဝဆန်တဲ့ပုံလှလှလေးရစေမှာပါ။


မျက်နှာလေးကာပြီး ရယ်နေသလို Pose လေးကလည်း တစ်မျိုးလေးဆန်းပြီး ချစ်စရာကောင်းစေပါတယ်။

အအေးခွက်၊ စာအုပ်၊ ပန်း စတဲ့ပစ္စည်းလေးတွေနဲ့ ကာပြီး Pose ပေးတာမျိုးကလည်း တစ်မျိုးလေးလှစေမှာပါ။

နေပူလို့ မျက်နှာတစ်ဝက်ကာထားတဲ့ Pose လေးလုပ်တာကလည်း ဓာတ်ပုံရိုက်တိုင်း လက်ကိုဘယ်နေရာထားရမှန်းမသိတဲ့သူတွေအတွက် အဆင်ပြေပါတယ်။

ကင်မရာကိုလက်နဲ့ကာသလို Pose လေးကလည်း မျက်နှာသိပ်မမြင်ရအောင် ရိုက်ချင်သူတွေအတွက် သင့်တော်သလို ဝတ်ထားတဲ့ Outfit လေးကိုအသားပေးပြီးသား ဖြစ်စေမှာပါ။

Photo Source: Pinterest, preview.ph

By MyStyle Myanmar