မင်္ဂလာပါနော်။ လက်သည်းနီအတွက် ဆိုင်မှာပုံသွင်းဖို့အချိန်မရသူတွေ၊ အပိုမကုန်ချင်တဲ့သူတွေနဲ့ ကိုယ်တိုင်ဆိုးကြည့်ဖို့ စဉ်းစားနေတဲ့သူတွေအတွက် ဆိုးရအရမ်းမခက်ဘဲ ရိုးရိုးလေးနဲ့ လှနေမယ့် အတွဲအစပ်အိုင်ဒီယာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ လက်သည်းနီလေးတွေ ကိုယ်တိုင်ဆိုးပေးတာက ကိုယ့်ကိုယ်ကိုယ် Self Care လုပ်ရာလည်းရောက်သလို ကိုယ်တိုင်ဆိုးတတ်လာဖို့ လေ့ကျင့်ပြီးသားလည်း ဖြစ်ပါတယ်နော်။

လက်သည်းအတို၊ အရှည်မရွေးလိုက်ဖက်မယ့် အရောင်စပ်လေးတွေဖြစ်လို့ အကြိုက်တွေ့မယ့် ပုံစံလေးတွေပါလားမလား ကြည့်လိုက်ရအောင်။

၁။ Gradient Nails

အရောင်ဆင်တာလေးတွေ တွဲပြီးဆိုးပေးရတဲ့ ဒီဇိုင်းလေးပါ။ အရောင်မရွေးတတ်ရင်ပြထားတဲ့ မတိမ်းမယိမ်း Shade လေးတွေကို တွဲစပ်ဆိုးတာမျိုးလုပ်နိုင်ပါတယ်။

၂။ Candy Nails

အပေါ်က ပုံစံနဲ့ဆင်ပေမယ့် သူက တစ်ရောင်ချင်း အရောင်လုံးဝမတူတာတွေကို စပ်ဆိုးပေးရမယ့်ပုံစံဖြစ်ပါတယ်။ ဒီလိုကိုယ်ကြိုက်ရာရွေးပြီး တစ်ရောင်စီရောဆိုးပေးလိုက်တာကလည်း အားလုံးဆိုးပြီးတဲ့အခါ သူ့ဟာနဲ့သူတစ်မျိုးဆန်းပြီး လှနေတာကို တွေ့ရမှာပါ။

၃။ French Manicure

French Tips လို့လည်းခေါ်သလို လက်သည်းထိပ်နေရာလေးမှာပဲ ဆိုးတဲ့ပုံစံလေးကလည်း ဘယ်တော့မှမရိုးတဲ့ ဒီဇိုင်းလေးလို့ပြောလို့ရပါတယ်။ အဖြူတစ်မျိုးတည်းမဟုတ်ဘဲ အခြားအရောင်လေးတွေနဲ့ဆိုးရင်လည်း လှတာမို့ Try ကြည့်ဖို့မမေ့ပါနဲ့။

၄။ Accent Nails

ဒါလေးကတော့ လက်သည်းတွေကိုပုံစံတူ တစ်ရောင်ထဲဆိုးပြီး ကြားထဲက လက်သည်းအချို့ကို မတူတဲ့ပုံလေးရအောင် ညှပ်ပြီးဆိုးရတဲ့ပုံစံဖြစ်ပါတယ်။

၅။ Fresh Nude Nails

ရိုးရိုးလေးနဲ့ လှနေဖို့ လက်အသားရောင်နဲ့မတိမ်းမယိမ်းရှိတဲ့ Nude အရောင် လက်သည်းနီတွေက ကွက်တိပါပဲ။ ကိုယ့် Skin Tone နဲ့လိုက်မယ့်အရောင်လေးတွေကို လက်သည်းအပြည့်ဆိုးလိုက်တာမျိုးလုပ်ကြည့်ပါ။

၆။ Negative Space Nails

ရှင်းရှင်းလေးနဲ့ တစ်မူကွဲထွက်နေအောင် ဆိုးချင်တဲ့သူတွေက ဒီလို လက်သည်းတစ်ဝက်ပဲ ဆိုးတဲ့ပုံစံလေးတွေလုပ်ကြည့်ပါ။ တစ်ရောင်ထဲ (သို့) အရောင်စပ်ပြီး မတူအောင်ဆိုးနိုင်သလို ပေါ့ပေါ့ပါးပါးလေးပဲ ဆိုးချင်တဲ့သူတွေအတွက် အဆင်ပြေမှာပါ။

Photo Source: Pinterest

By MyStyle Myanmar