အားလုံးပဲ မင်္ဂလာပါ၊ မိန်းကလေးတိုင်းကတော့ ရှိရင်းစွဲအလှထက် ပိုလှချင်ကြတဲ့သူတွေချည်းပါပဲ။ အလှကုန်ပစ္စည်းကြော်ငြာတွေကလည်း ဒီပစ္စည်းလေးသုံးလိုက်မယ်ဆို ဘယ်လိုမျိုးပြီးပြည့်စုံတဲ့ အလှပိုင်ရှင်ဖြစ်သွားမှာ၊ လူတကာက ကိုယ့်အလှကို ငေးမောအားကျနေမှာ စသည်ဖြင့် မက်လုံးတွေပေးကြပါတယ်။

တကယ်တမ်းကျတော့ တချို့အလှကုန်ပစ္စည်းတွေက အသုံးမဝင်ပါဘူး။ အသုံးမဝင်တဲ့အလှကုန်ပစ္စည်းတွေကို မဝယ်ဘဲနေလိုက်မယ်ဆို ပိုက်ဆံစုမိ ဆောင်းမိသွားတာပေါ့နော်။ ဘယ်လို အလှကုန်ပစ္စည်းတွေဖြစ်မလဲဆိုတာ အတူတူဆက်ဖတ်လိုက်ရအောင်။

လက်လိမ်းတဲ့ခရင်မ်၊ ခြေထောက်လိမ်းတဲ့ ခရင်မ်

ဘော်ဒီလိုရှင်းထဲမှာ အစိုဓာတ်ထိန်းပေးတဲ့ဓာတ် ပါရှိပြီးသားဖြစ်တဲ့အတွက်ကြောင့် လက်လိမ်းတာတွေ၊ ခြေထောက်လိမ်းတဲ့ခရင်မ်တွေဆိုပြီး သပ်သပ်ကြီးခွဲနေစရာမလိုပါဘူး။ အာနိသင်က အတူတူပါပဲ။

တိုနာ

မျက်နှာအသားအရေထိန်းသိမ်းရာမှာ တိုနာက မသုံးမဖြစ်သုံးပေးရမယ်လို့ မိန်းကလေးတိုင်းထင်ကြပါတယ်။ အမှန်တကယ်တော့ မျက်နှာသစ်ဆေးက တိုနာထက် ပိုအစွမ်းထက်ပါတယ်။ တိုနာနဲ့မျက်နှာသစ်ဆေး နှစ်ခုတွဲသုံးနေမယ့်အစား အယ်လ်ကိုဟောမပါတဲ့ မျက်နှာသစ်ဆေးကောင်းကောင်းတစ်ခု ဝယ်သုံးပေးပါ။

Lip Balm

နှုတ်ခမ်းသားလေး မခြောက်သွေ့ဖို့၊ မကွဲအက်စေဖို့ Lip Balm လိမ်းသင့်တယ်လို့ ထင်ကြပါတယ်။ ဒီတစ်ခေါက် Lip Balm ဆိုးရင် သေချာသတိထားကြည့်လိုက်ပါ။ နှုတ်ခမ်းသားတွေ ပိုခြောက်သွေ့သွားတာကို တွေ့ရပါလိမ့်မယ်။ ဒါကဘာဖြစ်လို့လဲဆိုရင် Lip Balm ထဲမှာ အသားအရေကို ခြောက်သွေ့စေတဲ့ အယ်လ်ကိုဟောဓာတ်ပါဝင်လို့ပါပဲ။ နှုတ်ခမ်းကို ဗက်ဆီလင်းအလှဆီလိမ်းပေးမယ်၊ ဒါမှမဟုတ် သံလွင်ဆီ၊ အုန်းဆီစတဲ့ သဘာဝအဆီလိမ်းပေးမယ်ဆို လုံလောက်ပါပြီ။

အမွှေးရိတ်တဲ့ ခရင်များ

ခြေသလုံးမွှေးတွေ ရိတ်ဖို့ ခရင်မ်သပ်သပ် ဝယ်မသုံးပါနဲ့။ ရေချိုးဆပ်ပြာခရင်မ်နဲ့ ရေချိုးရင်း အမြှုပ်လေးတွေထနေချိန်မှာ ရိတ်ပေးလိုက်ပါ။ ရေချိုးဆပ်ပြာခရင်မ်က အမွှေးရိတ်တဲ့ခရင်မ်ထက် ပိုအစွမ်းထက်ပါတယ်။

အကြောပြတ်အရာများအတွက် ခရင်မ်

အကြောပြတ်အရာတွေသက်သာဖို့အတွက် ခရင်မ်လိမ်းခြင်းကလည်း ပျောက်ကင်းမှာမဟုတ်တဲ့အတွက်ကြောင့် ပိုက်ဆံကုန်တာပဲ အဖတ်တင်ပါလိမ့်မယ်။ အကြောပြတ်ရာတွေ ပျောက်ကင်းဖို့ဆိုရင်တော့ လေ့ကျင့်ခန်းမှန်မှန်လုပ်ပြီး ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသုံးပေးပါ။

လက်သည်းခွံလေးတွေအတွက် အလှဆီ

လက်သည်းခွံလေးတွေ ကျန်းမာပြီး ကြည့်ကောင်းနေစေဖို့အတွက်ဆိုရင်တော့ ဗက်ဆီလင်းအလှဆီ (သို့) သံလွင်ဆီ၊ အုန်းဆီ စတဲ့ သဘာဝအဆီတွေပဲ လိမ်းပေးပါ။

မျက်နှာပေါင်းတင်တဲ့ ကပ်ခွာ

မျက်နှာပေါင်းတင်တဲ့ ကပ်ခွာအသုံးပြုမယ့်အစား မျက်နှာလိမ်းတဲ့ခရင်မ်တစ်မျိုးမျိုးလိမ်းပေးခြင်းက ပိုပြီး အာနိသင်ကောင်းမွန်တာကို တွေ့ရပါတယ်။

Source: Brightside.me