မင်္ဂလာပါ။ ပျိုမေတို့ထဲမှာ အပြင်သွားတိုင်း စတိုင်ကျကျလေးဝတ်ချင်လို့ အင်္ကျီအဝတ်အစားရွေးရင်း ခေါင်းရှုပ်နေရတဲ့သူတွေရှိလား။ ဒီလိုမဖြစ်ရအောင် ထွေထွေထူးထူးခေါင်းစားစရာမလိုဘဲ ဘာနဲ့ပဲတွဲဝတ်ဝတ် ကြည့်ကောင်းစေမယ့် အင်္ကျီဒီဇိုင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

ပေါ့ပေါ့ပါးပါးနဲ့ အထာကျစေမယ့်အပြင် ဘယ်တော့မှာမရိုးတဲ့ ဒီဇိုင်းတွေဖြစ်တာမို့ မိန်းကလေးတိုင်းအတွက် အဆင်ပြေမှာပါ။ ဒီတော့ စိတ်ဝင်စားရင် ကြည့်လိုက်ရအောင်။

၁။ Crop Top

ဘယ်သွားသွားအထာကျနေဖို့ ခါးတို Crop Top လေးတွေက ကွက်တိပါပဲ။ ဒါလေးတွေက ဝတ်ရပေါ့ပါးသလို ဘောင်းဘီ၊ စကပ်မျိုးစုံနဲ့လည်း တွဲဝတ်လို့လှပါတယ်။ Crop Top ဝတ်ဖို့ ခါးအရမ်းသေးစရာလည်း မလိုပါဘူး။ ခါးပြည့်တဲ့သူတွေလည်း Crop Top ဝတ်လို့လှတာမို့ မိန်းကလေးတိုင်း တစ်ထည်လောက်တော့ ရှိထားသင့်ပါတယ်နော်။

၂။ Oversized တီရှပ်

Oversized ရှပ်လေးတွေကလည်း တစ်ထည်ရှိထားရုံနဲ့ အမျိုးမျိုးတွဲစပ်ဝတ်နိုင်တဲ့ အင်္ကျီလေးတွေပါ။ သူ့တစ်ထပ်တည်း ဝတ်ရင်လည်း သက်တောင့်သက်သာရှိသလို အပေါ်ထပ်အင်္ကျီနဲ့တွဲဝတ်တာ ဒါမှမဟုတ် ဘောင်းဘီ၊ စကပ်ထဲ ထည့်ဝတ်တာမျိုးလည်းလုပ်နိုင်ပါတယ်။ လူငယ်မိန်းကလေးတွေနဲ့ လိုက်ဖက်ပြီး လုံးဝအထာကျစေမှာပါ။

၃။ ကော်လာအင်္ကျီခါးရှည်

ကော်လာအင်္ကျီခါးရှည်လေးတွေကလည်း ရိုးရိုးလေးနဲ့ ဝတ်လို့လှပါတယ်။ သူ့တစ်ထပ်တည်းနဲ့လည်း ပွပွလေး ဝတ်နိုင်သလို အပေါ်ထပ် Coat အပါးလေးလိုလည်း တွဲဝတ်နိုင်တာမို့ ဒီလို အင်္ကျီခါးရှည်ပုံစံကို ကိုယ်ဝတ်နေကျ အရောင်လေးရွေးပြီး တစ်စုံလောက်ဝယ်ထားလိုက်ပါ။

၆။ အဖြူရောင်ရှပ်အင်္ကျီ

အဖြူရောင်ရှပ်လေးတွေက အဝတ်အစားတိုင်းနဲ့ လိုက်သလို သူ့တစ်ခုတည်းလည်း ရှင်းရှင်းလေးနဲ့ ဆွဲဆောင်မှုရှိတာမို့ မိန်းကလေးတိုင်းမှာရှိထားသင့်တဲ့ အင်္ကျီမျိုးလို့ ပြောလို့ရပါတယ်နော်။

၄။ Turtleneck အင်္ကျီ

ဒီလို လည်ပင်းအရှည်ပါတဲ့ Turtleneck အင်္ကျီလေးတွေကလည်း မိန်းကလေးဆန်ပြီး ဆွဲဆောင်မှုရှိပါတယ်။ ထွေထွေထူးထူးပြင်ဖို့မလိုဘဲ သူ့တစ်မျိုးတည်းနဲ့ စတိုင်ကျစေမှာပါ။

၅။ Sweater Vest

ဝတ်စကုတ်အင်္ကျီလေးတွေကလည်း ကိုယ်ဝတ်တတ်ရင်ဝတ်တတ်သလို ခေတ်မှီပြီး အထာကျတဲ့ ဖက်ရှင်လေးရစေတာမို့ တစ်ထည်လောက်ရှိထားတာ မမှားပါဘူးနော်။

၆။ Cardigan


Cardigan အပါးလေးတွေက ဝတ်ရပေါ့ပါးပြီး ဓာတ်ပုံရိုက်လို့လည်းလှတာမို့ လူငယ်ကောင်မလေးတွေကြား ရေပန်းစားပါတယ်။ Cardigan လှလှလေး တစ်ထည်ရှိထားတာက ဘာနဲ့ပဲတွဲဝတ်ဝတ်ကြည့်ကောင်းစေမှာပါ။

၇။ Blazer


ရုံးသွား၊ ပွဲတက်ရတဲ့ ပျိုမေတို့အတွက် အပြင်ထပ် Blazer တွေက အရမ်းအသုံးဝင်တာမို့ တစ်ထည်လောက်တော့ မဖြစ်မနေရှိထားသင့်ပါတယ်နော်။ ကိုယ်ဝတ်ထားတဲ့ Outfit ကို ပိုပြီးစမတ်ကျသွားအောင် ပံ့ပိုးပေးမှာပါ။

Photo Source: Pinterest

By MyStyle Myanmar