ဆံပင်အရှည်ကြီးထားတဲ့ long hair လေးတွေအနေနဲ့ ဆံသားမပျက်စီးအောင်၊ ဆံကေသာလှပအောင် ရှောင်ကြဉ်သင့်တဲ့အရာ ၇ ခုကို ပြောပြပေးလိုက်ပါတယ်။

Hair Care လုပ်ရမှာပျင်းခြင်း

ဆံပင်အရှည်ထားရင် hair care လုပ်ဖို့ကို ပျင်းလို့မရပါဘူး။ ပျင်းရင် ဆံသားပျက်စီးတာ၊ ဗောက်ထတာတွေ ဖြစ်လာမှာပါ။ ဒါကြောင့် တစ်ပတ်တစ်ခါ ပုံမှန် ဆံပင်ပေါင်းတင်တာမျိုး၊ hair serum ပုံမှန်သုံးပေးတာမျိုး၊ ခေါင်းလျှော်ရည်နဲ့ treatment ကို သေချာသုံးပေးတာမျိုး လုပ်ရပါမယ်။

Chemical များတာတွေသုံးခြင်း

Chemical တွေ ထိတာများရင် ဆံသားပျက်စီးတာ၊ အဖျားတွေပျက်ထွက်တာ၊ အဖျားနှစ်ခွဖြစ်တာတွေ ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် chemical ကို တတ်နိုင်သလောက် ရှောင်ပေးပါ။

ပလတ်စတစ်ဘီးနဲ့ဖြီးခြင်း

ပလတ်စတစ်ဘီးနဲ့ဖြီးတာက ဆံသားအရမ်းနာပါတယ်။ ဆံသားနာပြီး ငြိတာ၊ ဆံသားပျက်ထွက်တာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဆံပင်အရှည်ထားရင် ဘီးကောင်းကောင်းလေး သေချာရွေးသုံးပါ။ ဖြီးတဲ့အခါမှာလည်း စိတ်ရှည်ရှည်နဲ့ဖြီးပါ။

ပြင်းတဲ့ခေါင်းလျှော်ရည်သုံးခြင်း

ပြင်းတဲ့ခေါင်းလျှော်ရည်တွေသုံးရင် ဆံသားပျက်စီးပြီး နာပါတယ်။ ဒါကြောင့် အရမ်းပြင်းတဲ့ ခေါင်းလျှော်ရည်တွေသုံးတာကို ရှောင်ရပါမယ်။

ဆံပင်ကိုအနောက်လှန်ဖြီးခြင်း

ဆံပင်ကို အနောက်ကိုလှန်ပြီး ယူဖြီးတာတွေက ဆံသားငြိတာ၊ နာတာ၊ ရှုပ်ထွေးတာတွေ အရမ်းဖြစ်ပါတယ်။ ဆံပင်ရှည်ရင် ပိုဆိုးပါတယ်။ ဆံပင်တွေရှုပ်ထွေးကုန်တော့ သေချာမရှင်းရင် ကျွတ်ကုန်မှာပါ။

နှစ်ခွတွေ၊ အဖျားတွေမညှပ်ခြင်း

ဆံပင်နှစ်ခွတွေ၊ အဖျားတွေကို တစ်လတစ်ခါလောက် ပုံမှန်ညှပ်ပေးရပါတယ်။ ဆံပင်ရှည်ရင် အဖျားတွေရှူးလေ့ရှိပါတယ်။ အဲ့ဒါကို မညှပ်ပဲထားရင် နှစ်ခွတွေဖြစ်၊ အဖျားတွေပျက်စီးပြီး အဖျားရှူးသွားပါလိမ့်မယ်။ ဆံပင်လည်း အရှည်နှေးလာမှာပါ။

ဆံပင်ရေစိုနေချိန်ခေါင်းဖြီးခြင်း

ဆံပင်မခြောက်သေးပဲ ရေစိုနေတဲ့အချိန်မှာ ခေါင်းဖြီးတာက ဆံသားနာပြီး ပျက်စီးပါတယ်။ ဆံပင်ကျွတ်ပါတယ်။ ဒါကြောင့် ဆံပင်ကို ခြောက်အောင်သုတ်ပြီးမှ အဖျားကနေ စဖြီးပါ။