ဆံပင်အရှည်ထားတဲ့ မိန်းကလေးတိုင်းအတွက် ကိုယ့်ဆံသားကျန်းမာလှပစေဖို့ သတိထားရှောင်ကြဉ်သင့်တဲ့ အရာ ၇ ခုကို ပြောပြပေးလိုက်ပါတယ်။
Plastic ဘီးတွေနဲ့ဖြီးတာကိုရှောင်ပါ
Plastic ဘီးတွေနဲ့ ခေါင်းဖြီးတာက ဆံသားငြိပြီးရှုပ်တာ၊ ဆံပင်ကျွတ်တာတွေ ဖြစ်စေပါတယ်။ ဆံပင်အရှည်ထားတဲ့သူတွေဆို ခေါင်းဖြီးရင်ပိုဂရုစိုက်ရပါမယ်။ ဒါကြောင့် အကောင်းဆုံးကတော့ သစ်သားနဲ့လုပ်ထားတဲ့ဘီး (သို့) ceramic brush နဲ့ဖြီးတာက ပိုကောင်းပါတယ်။
ပြင်းတဲ့ခေါင်းလျှော်ရည်တွေကိုရှောင်ပါ
ပြင်းတဲ့ခေါင်းလျှော်ရည်တွေကိုသုံးတာက ဆံသားအဆီဓာတ်ဆုံးရှုံးစေပြီး ဆံသားပျက်စီးစေပါတယ်။ ဒါကြောင့် ကိုယ်က ဆံပင်ရှည်တယ်ဆို ဆံသားလှအောင် ပိုဂရုစိုက်ရပါမယ်။ ခေါင်းလျှော်ရည်ကိုသေချာရွေးသုံးပြီး နောက်ကနေ conditioner သုံးပေးဖို့လည်း မမေ့ပါနဲ့။
ဆံပင်ကိုအနောက်လှန်မဖြီးပါနဲ့
ဆံပင်ကိုအနောက်လှန်ဖြီးတာက အုံထူတဲ့သူတွေ၊ ဆံပင်ပါးပြီး ဆံလုံးသေးတဲ့သူတွေ၊ ဆံပင်ရှည်တဲ့သူတွေဆို ဆံပင်ငြိတာ၊ ရှုပ်ထွေးပြီးကျွတ်တာမျိုးတွေ ဖြစ်လေ့ရှိပါတယ်။ ဒါကြောင့် ဆံပင်ကို အနောက်လှန်မဖြီးပါနဲ့။
ဆံပင်နှစ်ခွတွေကိုမညှပ်ပဲမထားပါနဲ့
ဆံပင်နှစ်ခွဖြစ်တာတွေကို မညှပ်ပဲထားရင် ဆံသားပျက်စီးစေပါတယ်။ ဆံပင်နှစ်ခွတွေ ပိုများလာစေပါတယ်။ ဒါကြောင့် ဆံပင်အရှည်ထားပြီး healthy hair ဖြစ်ချင်ရင် တစ်လတစ်ခါ ဆံပင်နှစ်ခွတွေကို ညှပ်ပေးပါ။
ဆံပင်ရေစိုနေချိန်ခေါင်းမဖြီးပါနဲ့
ဆံပင်ရေစိုနေချိန်မှာ ခေါင်းဖြီးမယ်ဆိုရင် ဆံပင်တွေကျွတ်ပြီး ဆံသားနာစေပါတယ်။ ဆံပင်အရှည်ကြီးတွေဆိုရင် အရမ်းရှုပ်ထွေးကုန်ပြီး ရှင်းရခက်တာမျိုးတွေပါ ဖြစ်ပါတယ်။
ဆံပင်ကိုပုံစံတစ်မျိုးထဲချည်ထားတာမျိုးမလုပ်ပါနဲ့
ဆံပင်ကို ပုံစံတစ်မျိုးထဲ ချည်ထားတာ၊ ထုံးထားတာ၊ စည်းထားတာမျိုးတွေ မလုပ်ပါနဲ့။ ဒီလိုပုံစံတစ်မျိုးထဲကို ပုံသေအမြဲလုပ်တာက ဆံပင်တွေကျိုးကြေပြီး ပျက်စီးစေပါတယ်။ ဆံသားနာစေပါတယ်။
ဆံပင်ကို treatment မလုပ်ပဲမနေပါနဲ့
ဆံပင်အရှည်ထားတဲ့သူတွေက ပုံမှန်ထက်ပိုပြီး ဆံပင်ကိုဂရုစိုက်ပေးသင့်ပါတယ်။ ဒါမှလည်း ဆံပင်ရှည်ရှည်လေးက healthy hair ဖြစ်ပြီး လှနေမှာပါ။ ဒီလိုလှနေဖို့ဆိုရင် အနည်းဆုံးတစ်လတစ်ခါ hair treatment ယူထာမျိုး လုပ်ပေးသင့်ပါတယ်။ ဆိုင်မှာမလုပ်နိုင်ရင်တောင် အိမ်မှာပဲ သဘာဝနည်းလမ်းတွေနဲ့ ပေါင်းတင်တာမျိုး လုပ်ပေးလို့ရပါတယ်။