မိတ်ကပ်လိမ်းတာက ပိုလှချင်လို့ပါ ။ ဒါပေမယ့် သတိထားမိဘဲ လုပ်မိလိုက်တဲ့ တချို့အချက်တွေက ပိုပြီးရုပ်ဆိုးစေပါတယ်။ ဒါကြောင့် အခုမှမိတ်ကပ်စလိမ်းတဲ့လူတိုင်း ဒီလိုမိတ်ကပ်အမှားတချို့ကို သတိထားဖို့ လိုပါတယ်။ ဒါမှ မှန်ရှေ့မှာ ကုန်ဆုံးခဲ့ရတဲ့ နာရီတွေကို အလဟသမဖြစ်မှာပါ။

ဒါကြောင့် အလှကြိုက်တဲ့ပျိုမေတို့အတွက် ဒီလို အဖြစ်များတဲ့ မိတ်ကပ်အမှားတွေကို ဘယ်လိုရှောင်ရမလဲဆိုတာကို ဝေမျှပေးချင်ပါတယ်။

1. Foundation Shade

မိတ်ကပ်ဘရန်းတိုင်းမှာ Foundation အတွက် မတူတဲ့အရောင်တွေ အများကြီးရှိတာမလို့ ကိုယ့်အသားအရေနဲ့ကိုက်ညီတဲ့ လိုက်ဖက်တဲ့ Foundation ကို သေချာရွေးပါ။

2. Dirty Makeup Brushes

မိတ်ကပ်လိမ်းတဲ့အခါ မဖြစ်မနေလိုအပ်တဲ့ Brush တွေကို မကြာမကြာ သန့်ရှင်းပေးဖို့လိုပါတယ်။ သန့်ရှင်းမှုမရှိဘဲ ညစ်ပတ်နေတဲ့ Brush တွေမှာ ပိုးမွှားနဲ့အညစ်အကြေးတွေ အများကြီးရှိနေနိုင်တာမလို့ နေ့တိုင်းလုပ်ဖို့ မလိုအပ်ပေမယ့် တစ်ပတ်မှာ တစ်ကြိမ်လောက်တော့ သန့်ရှင်းရေးလုပ်ပေးပါ။

3. Mascara

မျက်တောင်ကော့ဖို့ Mascara ကိုအများကြီးခြယ်တာက အချိန်ကြာတာနဲ့အမျှ ထူပြီး ကြောက်စရာကြီးဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် Mascara ကို အများကြီးမခြယ်ပါနဲ့။ မျက်တောင်ထူပြီး ရှည်တာကိုကြိုက်ရင် မျက်တောင်တုကို စမ်းကြည့်ပါ။

4. လည်ပင်း

မိတ်ကပ်လိမ်းတဲ့အခါ လည်ပင်းကိုလည်း Foundation လိမ်းဖို့မမေ့ပါနဲ့။ လည်ပင်းကိုမလိမ်းဘဲ မျက်နှာကိုဘဲလိမ်းမိရင် လည်ပင်းက သဘာဝအတိုင်းဖြစ်နေတာမလို့ ကြည့်ရဆိုးပါတယ်။

5. မျက်တောင်ကော်

မျက်တောင်တုတပ်ဖို့ မျက်တောင်ကော်အများကြီးသုံးတဲ့အခါ အဆက်နားမှာ ကော်တွေများကြီး ကြည့်မကောင်းပါဘူး။ ကော်အများကြီးသုံးမယ့်အစား မျက်တောင်မှာ ကော်ပါးပါးလေးလိမ်းပြီး တပ်တဲ့အခါ စက္ကန့် 30 လောက် ဖိပြီးစောင့်ပေးပါ။

6. Bronzer

မျက်နှာပုံဖော်ဖို့ Bronzer သုံးတဲ့အခါ အလွန်အကျွံလိမ်းမိရင် မျက်နှာကို ပိုမည်းသွားစေနိုင်လို့ အများကြီးလိမ်းမျိုး ရှောင်ပါ။