ကိုယ့် အသားအရေ Tone အလိုက် တချို့ အရောင်တွေက မျက်နှာကို လင်းစေသလို တချို့အရောင်တွေကတော့ မျက်နှာကို မှောင်သွားစေနိုင်ပါတယ်။ အခုဖော်ပြပေးမယ့် အရောင်တွေကတော့ ဘယ် အသားရောင် Tone ပဲ ဖြစ်ဖြစ် အသားဖြူသွားတယ် ထင်ရစေမယ့် အရောင်တွေ ဖြစ်ပါတယ်။ သင်က ဘယ်လို အဝတ်အစားပဲ ဝတ်ဝတ် ဖော်ပြပါ ဒီအရောင်တွေက ပိုလှအောင် ပံ့ပိုးပေးပါလိမ့်မယ်။

၁။ မြရောင်

မြရောင်က အသားအရေ အရောင်တိုင်းနဲ့ လိုက်ဖက်တဲ့ အရောင်တွေထဲက တစ်ခုပါ။ ကျောက်မျက်ရတနာ အရောင် ဖြစ်တာကြောင့် အသားအရေကို ဖျော့သွားတာမျိုး မဖြစ်စေဘဲ မိန်းကလေးတိုင်းနဲ့ လိုက်ဖက်စေပါတယ်။

၂။ Charcoal ရောင်

 

မီးခိုးရောင်က အင်္ကျီအရောင်တိုင်းနဲ့ လိုက်ဖက်တဲ့ အရောင်ပေမယ့် Charcoal အရောင်က ပိုလှပါတယ်။ ဘာကြောင့်လဲဆိုတော့ Charcoal အရောင်က ပိုရင့်ပြီး မီးခိုးရောင်ကတော့ ဖျော့တာကြောင့် အသားဖြူတဲ့လူတွေကို ပိုဖျော့တော့သွားစေနိုင်ပါတယ်။

၃။ ပန်းခရမ်းရောင်

ပန်းခရမ်းရောင်က အရောင်လင်းတာနဲ့ အရောင်မှောင်တာရဲ့ အရောအစပ် ဖြစ်တာကြောင့် အသားအရေ အရောင်တိုင်းလိုလိုနဲ့ လိုက်ဖက်ပါတယ်။ ပန်းခရမ်းရောင်က အဖြူရောင်၊ အသားရောင်စတဲ့ အရောင်တွေနဲ့ လိုက်ဖက်ပါတယ်။

၄။ Navy ရောင်

Navy အရောင်က တောက်ပတဲ့ အရောင်ဖြစ်ကာ အသားအရေ အရောင်တိုင်းကို ပိုဖြူသွားစေမယ့် အရောင် တစ်မျိုးပါ။

၅။ ကိုဗော့ အပြာရောင်

Cobalt Blue အရောင်ကလည်း Navy ရောင်လိုပဲ ဘယ်လိုဝတ်ဝတ်လှတဲ့ အရောင်ပါ။ ကိုဗော့အပြာရောင် စကပ်ကို အဖြူရောင် Blouse နဲ့ တွဲနိုင်သလို Cobalt အရောင် Blazer ကို တခြား ဘောင်းဘီအကျပ်တွေ၊ ဘွတ်ဖိနပ်တွေနဲ့ အထာကျကျ တွဲနိုင်ပါတယ်။

၆။ Teal Color

Teal အရောင်က အပြာနဲ့ အစိမ်း ရောစပ်မှုပါ။ ဒီအရောင်ကလည်း ကျောက်မျက်ရတနာ အရောင် ဖြစ်တာမို့ အသားအရေ အရောင်တိုင်းကို ပိုတတ်စေပါတယ်။

၇။ ခရမ်းရောင်

ခရမ်းက အပြာနဲ့ အနီရဲ့ ပေါင်းစပ်မှုကြောင့် ရလာတဲ့ အရောင်တစ်မျိုးပါ။ ခရမ်းရောင် အင်္ကျီက မိန်းကလေးတိုင်းနဲ့ လိုက်ဖက်နေတတ်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar