ကျွနု်ပ်တို့ဘဝမှာ နေ့စဉ်နေ့တိုင်း ရွေးချယ်မှုတွေပြုလုပ်ရပါတယ်။ ဥပမာ ဝိတ်ကျဖို့ ညစာမစားဘဲ နေလိုက်မလား ဒါမှမဟုတ် ဗိုက်ဆာလို့ ဒီနေ့တော့ စားမယ် နောက်နေ့မစားတော့ဘူး စသည်ဖြင့် ရွေးချယ်မှုတွေ အမြဲလုပ်ရပါတယ်။ သင်ရွေးလိုက်တဲ့ရွေးချယ်မှုကပဲ သင့်ဘဝကို အဆုံးအဖြတ်ပေးမှာပါ။ သင့်ဘဝလုံးဝပြောင်းလဲစေဖို့ ရွေးချယ်ရမယ့် အရာ (၇) ခုကို ပြောပြပါရစေ။

၁။ ဖြစ်လာတဲ့အရာတိုင်းကို ကျေးဇူးတင်ပါ

ကျေးဇူးတင်တတ်ဖို့ ရွေးချယ်ပါ။ ဥပမာ- သင့်ရဲ့အချစ်ရေးက ပြတ်စဲသွားတယ်ဆိုရင် ပြတ်သွားတဲ့ရည်းစားကို ကျေးဇူးတင်ပါ။ သူ့ကြောင့်ပဲ မကြာခင် သင့်ဘဝအတွက် Mr.Miss Right ကိို ဆုံတွေ့ရတော့မှာပါ။ ဒါကြောင့် ဖြစ်လာတဲ့အရာတိုင်းကို အကောင်းမြင်ပြီး ကျေးဇူးတင်လိုက်ပါ။

၂။ အခွင့်အရေးကို အမိအရ ဖမ်းယူတတ်ပါစေ

သင့်ကိုယ်သင် မစမ်းသပ်ဘဲ သင်က ဘယ်လိုလူလဲ သိလာမှာမဟုတ်ပါဘူး။ သင်လုပ်ချင်ခဲ့တဲ့အရာတစ်ခုကို တစ်ခုခုဖြစ်မှာ စိုးရိမ်တာနဲ့ မလုပ်ဖြစ်ဘူးလား။ ရလာတဲ့အခွင့်အရေးကို အမိအရဖမ်းဆုပ်ပါ။ သင့်ကိုယ်သင် အမြဲလေ့လာနေပါ။


၃။ ထွက်သွားတတ်ဖို့ သင်ယူပါ

သင့်ကို မလေးစားတဲ့ သူတွေ၊ သင့်ကို တန်ဖိုးမထားတဲ့ သင့်ချစ်သူ စတဲ့အရာတွေ ရှိနေတယ်ဆိုရင် သူတို့ကို စွန့်ခွာဖို့ စွန့်လွတ်ဖို့ မကြောက်ပါနဲ့။

၄။ နေပေးပါ

သင့်လက်ရှိအလုပ်က အဆင်မပြေလို့ ချက်ချင်းထွက်လိုက်တာမျိုးမလုပ်လိုက်ပါနဲ့။ အခြေအနေကို သေချာအကဲခတ်ပါ။ တကယ်ပဲ တခြားသူတွေရဲ့ အမှားလား။ ကိုယ့်အတွေးကြောင့်ပဲ ဒီနေရာက ကိုယ့်အတွက် မကောင်းတဲ့နေရာဖြစ်နေတာလား သေချာလေ့လာပါ။ လုံးဝမကောင်းဘူးဆိုတာ သေချာမှ စွန့်ခွာပါ။


၅။ စိတ်နေစိတ်ထား

သင့်ဘဝက အဆင်ပြေတော့မယ်လို့ ယုံကြည်မှုရှိရင် ပြေလာတော့မှာပါ။ သင်က ငွေစည်းစိမ်အကုန်ပိုုင်ဆိုင်နေပေမယ့် သင့်ဘဝကို မကျေနပ်ဘူးဆိုရင်တော့ သင်ပျော်မှာမဟုတ်ပါဘူး။ အဓိကက သင့််ကိုယ်သင် ခံယူထားတဲ့ စိတ်နေစိတ်ထားပါ။ ဘယ်လောက်ပဲဆိုးဝါးပါစေ ဒီနေ့က ငါ့အတွက် ကောင်းသောနေ့ မကြာခင် ငါကံကောင်းလာတော့မှာလို့ တွေးပေးပါ။

၆။ အကောင်းဆုံးတွေဖြစ်လာတော့မယ်လို့ တွေးတတ်ပါစေ

မုန်တိုင်းပြီးရင် လေပြေလာတော့မယ်ဆိုတဲ့အတိုင်း သင့်ဘဝမှာလည်း ဆိုးတာတွေဖြစ်ပြီးရင် ကောင်းတာတွေ ဖြစ်လာမှာပါ။ ဒါကြောင့် ဒီအချျိန်မှာအဆင်မပြေရင်တောင် မကြာခင် ငါ့အတွက် ကောင်းတဲ့အရာတွေ ရောက်လာတော့မယ်လို့ ယုံကြည်ပြီး ကြိုးစားပေးပါ။


၇။ သင့်အတွေးကို တန်ဖိုးထားပါ


အခြားသူတွေရဲ့ အကြံပေးစကားကို နားထောင်ပါ။ ဒါပေမဲ့ တခြားလူတွေရဲ့ စကားကိုပဲ နားထောင်ပြီး ကိုယ့်အကြံဉာဏ်တွေ၊ ကိုယ်ပိုင်စိတ်ကူးတွေ မပျောက်ဆုံးသွားပါစေနဲ့။ ဘယ်သူတွေ ဘယ်လောက်ပဲဝေဖန်နေပါစေ သင်သာလျှင် သင့်ဘဝရဲ့ ပဲ့ကိုင်ရှင်ပါ။

Photo Source: Pinterest

By MyStyle Myanmar