အသားအရေကကြည့်လိုက်ရင် ခြောက်ပြီး ကြမ်းတာ ၊ ယားတာ ၊ အရေခွံတာ ၊ ပက်ကြားအက်သလိုမျိုးတွေ ဖြစ်နေတာတွေက အရေပြားခြောက်တဲ့ လက္ခဏာတွေပါ။ အသားအရေကခြောက်လွန်းရင် မိတ်ကပ်လိမ်းတဲ့ အခါမှာလည်း အဆင်မပြေပါဘူး။ ဒါကြောင့် ဒီလိုအသားအရေခြောက်တာမျိုးမဖြစ်အောင် အသားခြောက်စေတဲ့ အကြောင်းရင်းတွေကို လေ့လာပြီး ကြိုတင်ကာကွယ်မှုတွေ လုပ်ဖို့လိုအပ်ပါတယ်။

1. ပြင်းလွန်းတဲ့ Skincare Products တွေသုံးတာ

အသားခြောက်တာကိုဖြစ်စေတဲ့ အကြောင်းအရင်းတွေထဲမှာ ပြင်းလွန်းတဲ့ Skincare Products တွေသုံးတာလည်း ပါပါတယ်။ ဆာလဖိတ်၊ isopropyl alcohols၊ benzyl alcohol နဲ့ အမွှေးနံ့ပါတဲ့ Products တွေက အသားခြောက်စေတာမလို့ ဝေးဝေးနေသင့်ပါတယ်။

2. ခနခနရေချိုးတာ

အကြာကြီးရေစိမ်ချိုးတာ ၊ ခနခနရေချိုးတာတွေက အသားအရေကို‌ခြောက်စေပါတယ်။ ဒါကြောင့် ရေချိုးချိန်ကို လျှော့ချပြီး အသားခြောက်တာကိုကာကွယ်ဖို့ ရေချိုးပြီးတာနဲ့ ချက်ချင်းအစိုဓာတ်ပါတဲ့ Cream သို့ Lotion လိမ်းပါ။

3. မျိုးရိုးလိုက်တာ

အသားခြောက်တာကလည်း မျိုးရိုးလိုက်တတ်ပါတယ်။ ဒါကြောင့် သင်က မျိုးရိုးဗီဇကြောင့် အသားခြောက်တာမျိုးဆို အသားအရေက နေ့တိုင်းအစိုဓာတ်ရအောင် အလေးထားဖို့လိုပါတယ်။

4. အသက်ကြီးလာတာ

နောက်ထက် အသားခြောက်စေတဲ့အကြောင်းက အသက်ကြီးလာတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒီလို အသက်အရွယ်ကြောင့် အသားခြောက်တာဆိုရင်တော့ အစိုဓာတ်ပါတဲ့ Anti-Aging Cream ကို မဖြစ်မနေသုံးပေးဖို့လိုအပ်ပါတယ်။

5. ရာသီဥတုဆိုးတာ

စိုထိုင်းစနည်းတဲ့ ဒါမှမဟုတ် ပူလွန်းအေးလွန်းတဲ့ ရာသီဥတုကြောင့်လည်း အသားခြောက်တာဖြစ်တတ်ပါတယ်။ ဒီလို ရာသီဥတုကြောင့် အသားအရေခြောက်ရင် အသားအရေအစိုဓာတ်ရဖို့ အခန်းထဲမှာ Humidifier သုံးပေးပါ။

6. ဗီတာမင်ဓာတ်ချို့တဲ့တာ

အသားအရေက ဗီတာမင် D၊ ဗီတာမင် A၊ နိုင်ယာစင်၊ ဇင့် နဲ့ သံဓာတ်တို့လို အသားအရေအတွက်လိုအပ်တဲ့ ဗီတာမင်မလုံလောက်ရင်လည်း အသားခြောက်ပါတယ်။ ဒါကြောင့် ကျန်းမာပြီး လှပတဲ့ အသားအရေကို ပိုင်ဆိုင်ဖို့အတွက် ဗီတာမင်နဲ့ သတ္တုဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို စားပေးပါ။

7. ကုသမှုခံယူတာ

ကျန်းမာရေးအတွက် ကုသမှုခံယူတဲ့အခါ Side Effect အဖြစ် အသားခြောက်တာမျိုး ဖြစ်တတ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ အရေပြားဆရာဝန် ဒါမှမဟုတ် ကျန်းမာရေးစောင့်ရှောက်မှုပေးသူနဲ့ တိုင်ပင်ပြီး ခြောက်သွေ့တဲ့အသားအရေအတွက် အကောင်းဆုံးကုသမှုကို ရယူသင့်ပါတယ်။