သွားဝါလို့စိတ်ညစ်နေတဲ့သူတွေအတွက် အိမ်မှာလုပ်ကြည့်သင့်တဲ့ သဘာဝနည်းလမ်း ၇ မျိုးကို မျှဝေပေးလိုက်ပါတယ်။ ပိုက်ဆံလည်း အများကြီးကုန်စရာမလိုတဲ့ နည်းလမ်းတွေဖြစ်တာကြောင့် ၇ မျိုးထဲက ကိုယ်အဆင်ပြေရာတစ်မျိုးကို ရွေးချယ်ပြီးလုပ်လို့ရပါတယ်။ အဓိကကတော့ ပုံမှန်လုပ်ပေးမှသာ၊ စိတ်ရှည်ရှည်နဲ့ လုပ်ပေးနေမှသာ သွားဝါတာတွေက ဖြေးဖြေးချင်းစီ သက်သာလာမှာပါ။

သန့်စင်ပြီးသားမီးသွေး

ထမင်း၊ ဟင်းချက်ရင်သုံးတဲ့ မီးသွေးမျိုးမဟုတ်ပဲ သန့်စင်ပြီးသားမီးသွေး Activated charcoal ကို ရေစွတ်ထားတဲ့ သွားပွတ်တံပေါ် ချေချပြီး ပုံမှန်သွားတိုက်နေသလိုပဲ တိုက်ပေးရမှာပါ။ Activated charcoal က သွားတွေဖြူလာစေဖို့အတွက် အထိရောက်ဆုံးနဲ့ လုပ်ရတာအလွယ်ကူဆုံးပါ။

နို့မှုန့်နဲ့သွားတိုက်ဆေး

သွားပွတ်တံပေါ်ကို သွားတိုက်ဆေးတင်ပြီးရင် အဲ့အပေါ်ကနေ နို့မှုန့်ပါနည်းနည်းတင်ပြီး တိုက်ပေးပါ။ နို့မှုန့်က သွားတွေဖြူလာစေဖို့နဲ့ သွားကျန်းမာရေးအတွက် အထောက်အကူဖြစ်ပါတယ်။ တစ်ပတ်မှာ ၁ ကြိမ်၊ ၂ ကြိမ်လောက်ပဲ တိုက်ပေးရင်ရပါပြီ။

မုန့်ဖုတ်ဆိုဒါနဲ့သံပယိုရည်

မုန့်ဖုတ်ဆိုတာကို လက်ထိပ်လေးနဲ့ နည်းနည်းလေးယူပြီး ပန်းကန်ထဲထည့်ပါ။ သံပယိုရည် တစ်စက်လောက် ညှစ်ချပါ။ ပြီးရင်တော့ ရောမွှေလိုက်ပြီး သွားပွတ်တံနဲ့ယူကာ သွားတိုက်ပေးပါ။ ဒီနည်းလမ်းကတော့ သွားဝါတာတွေ သက်သာပြီး သွားဖြူလာစေပါတယ်။ တစ်ပတ်မှာတစ်ကြိမ်ပဲ တိုက်ပေးပါ။

Hydrogen peroxide

ကိုယ့်ရဲ့သွားက sensitive ဖြစ်တယ်ဆိုရင်တော့ Hydrogen peroxide ကို မသုံးသင့်ပါဘူး။ Sensitive မဖြစ်ရင်တော့ သုံးလို့ရပါတယ်။ သုံးရမယ့်နည်းလမ်းကတော့ Hydrogen peroxide ထဲကို ဂွမ်းဖတ်နှစ်ပြီး အဲ့ဒီဂွမ်းဖတ်နဲ့ သွားတိုက်ပွတ်ပေးရမှာပါ။ ဒီလိုလုပ်ပေးခြင်းက သွားဝါတာတွေ ပျောက်စေပါတယ်။ ဒါပေမယ့် တစ်ပတ်ကို ၁ ကြိမ်၊ ၂ ကြိမ်ထက်တော့ ပိုမလုပ်သင့်ပါဘူး။

Apple cider vinegar နဲ့ ရေ

မနက်ပိုင်းသွားမတိုက်ခင်မှာ Apple cider vinegar နဲ့ ရေကို ဆတူရောပြီး ပလုပ်ကျင်းပေးပါ။ ပြီးမှ သွားတိုက်ပေးပါ။ ဒီနည်းလမ်းကလည်း သွားဝါတာတွေသက်သာပြီး သွားဖြူလာစေပါတယ်။ နေ့တိုင်းလုပ်ပေးရမှာပါ။

ရေနဲ့သံပယိုရည်

ရေနဲ့သံပယိုရည်ကို ဆတူရောပြီး ပလုပ်ကျင်းပေးခြင်းကလည်း သွားဝါညစ်နေတာတွေ သက်သာပြီး ဖြေးဖြေးချင်းစီ သွားဖြူလာစေပါတယ်။ ခံတွင်းအနံ့လည်း ကောင်းစေပါတယ်။ ဒီနည်းလမ်းကတော့ တစ်ပတ်မှာ တစ်ကြိမ်ပဲ လုပ်ပေးသင့်ပါတယ်။

ပင်လယ်ဆား၊ သံပယိုရည်နဲ့ သွားတိုက်ဆေး

ပင်လယ်ဆား – လက်ဖက်ရည်ဇွန်းတစ်ဝက်စာကို ပန်းကန်ထဲထည့်ပါ။ သံပယိုရည် နည်းနည်းညှစ်ထည့်ပါ။ သွားတိုက်ဆေး နည်းနည်းထည့်ပါ။ ပြီးရင်တော့ ၃ မျိုးလုံးကို ရောမွှေပြီး သွားမှာ ပွတ်လိမ်းထားလိုက်ပါ။ တစ်မိနစ်ထားပြီးရင်တော့ ပလုပ်ကျင်းလိုက်ရုံပါပဲ။

source:www.brightside.me