လက်သည်းနီဆိုးရတာကြိုက်တဲ့ မိန်းကလေးတွေအတွက် မိုးရာသီ၊ မိုးရွာတဲ့နေ့တွေနဲ့လိုက်ဖက်တဲ့ လက်သည်းနီအရောင် ၇ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

လိမ္မော်ရောင်

လိမ္မော်ရောင်တောက်တောက်လေးတွေက မိုးရာသီနဲ့ အရမ်းလိုက်ဖက်တဲ့ လက်သည်းနီအရောင်ပဲဖြစ်ပါတယ်။ ဆိုးလိုက်ရင် အသားဆောင်ပြီး လူငယ်ဆန်စေပါတယ်။

အဝါရောင်

အဝါရောင်ကိုမှ နုတဲ့အရောင်လေးတွေက မိုးရာသီနဲ့လိုက်ဖက်ပါတယ်။ ဒီလိုအရောင်လေးတွေဆိုရင် ရှားတဲ့အရောင်လေးတွေလည်းဖြစ်တာကြောင့် try ကြည့်သင့်ပါတယ်။

နက်ပြာရောင်

နက်ပြာရောင်တောက်တောက်လေးတွေက မိုးရာသီနဲ့ မိုးရွာတဲ့နေ့တွေအတွက် အလိုက်ဖက်ဆုံးပါပဲ။ ဆွဲဆောင်မှုရှိစေတဲ့အရောင်မျိုးလည်း ဖြစ်ပါတယ်။

အပြာရောင်

လူငယ်ဆန်ဆန်လေးကြိုက်ရင်တော့ ဒီလိုအပြာရောင်လေးကလည်း မိုးရာသီနဲ့ လိုက်ဖက်ပါတယ်။ ဒီအရောင်လေးကိုတော့ လူငယ်ကောင်မလေးတွေ တော်တော်များများလည်း ဆိုးကြပါတယ်။

အစိမ်းရောင်

အစိမ်းရောင်တွေထဲမှာမှ ဒီလိုအရောင်ရင့်တာမျိုးက မိုးရာသီ၊ မိုးရွာတဲ့နေ့တွေနဲ့ လိုက်ဖက်ပါတယ်။ ဒါ့အပြင် ဒီအရောင်က အသက်အရွယ်မရွေးလည်း လိုက်ဖက်ပါတယ်။

အနက်ရောင်

အနက်ရောင်ကတော့ မိုးရာသီမှမဟုတ်ပါဘူး ဘယ်အချိန်ဆိုးဆိုး လိုက်ဖက်ပါတယ်။ အမြဲတမ်းလည်း ဖက်ရှင်ကျစေတဲ့အရောင်ပါပဲ။

ကြက်သွေးရင့်ရောင်

ကြက်သွေးရောင်ကိုမှ အရမ်းရင့်တဲ့အရောင်မျိုးက မိုးရာသီနဲ့လိုက်ဖက်ပါတယ်။ လူကြီးလူငယ်မရွေးလည်း လိုက်ဖက်သလို ဆိုးလိုက်ရင်လည်း မိန်းကလေးတိုင်းနဲ့လိုက်ဖက်ပြီး အရမ်းလှပါတယ်။

photo source:www.pinterest.com