(Zawgyi Version)




 







(Unicode Version)

အသားခြောက်တဲ့သူတွေအနေနဲ့ မိတ်ကပ်လိမ်းမယ်ဆိုရင်လည်း အောက်ခံမိတ်ကပ် Foundation ကို ရေဓာတ်ပြည့်စေတဲ့ Hydrating Foundation တွေကို ရွေးလိမ်းတာက ပိုကောင်းပါတယ်။ ကိုယ့်အသားအရေအတွက်လည်း ပိုအဆင်ပြေစေသလို ကြည့်ရတာလည်း ပိုလှစေပါတယ်။ ဒါကြောင့် အသားခြောက်တဲ့သူတွေအတွက် ရေဓာတ်ပြည့်စေတဲ့ Foundation (၇) မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

Laura Mercier ထုတ်တဲ့ Tinted Moisturizer Broad Spectrum SPF 20 က Liquid Foundation ဖြစ်ပြီး Shade ကလည်း ၁၅ မျိုးရှိပါတယ်။

Maybelline New York ကထုတ်တဲ့ Dream Fresh BB Cream ကတော့ အသားခြောက်တဲ့သူတွေအတွက် Hydrating ဖြစ်စေတဲ့ BB Cream ပါ။ Shade ကတော့ ၃ ရောင်ရှိပါတယ်။

 

Make Up For Ever ထုတ်တဲ့ Ultra HD Invisible Cover Foundation ကလည်း အသားခြောက်တဲ့သူတွေအတွက် အကောင်းဆုံးပါ။ Shade ကလည်း ၅၀ တောင်ရှိတော့ ကိုယ်နဲ့ အဆင်ပြေတာကို စိတ်ကြိုက်ရွေးလို့ရတာပေါ့။

Neutrogena ကထုတ်ထားတဲ့ Nourishing Long Wear Makeup ကလည်း ရေဓာတ်ဖြည့်ပေးနိုင်တဲ့ မိတ်ကပ်ပါပဲ။ ရွေးချယ်စရာ Shade ကတော့ ၈ ရောင်ရှိပါတယ်။

Too Faced ကထုတ်တဲ့ Born This Way Foundation ဆိုရင် ရေဓာတ်ဖြည့်ပေးတဲ့အပြင် Oil Free လည်းဖြစ်တော့ တော်တော်အဆင်ပြေပါတယ်။ ရွေးချယ်စရာ Shade က ၃၅ ရောင်ရှိပါတယ်။

Dior ကထုတ်ထားတဲ့ Diorskin Forever Undercover 24-Hour Full Coverage Foundation ကတော့ အသားခြောက်တဲ့သူတွေအတွက် သင့်တော်တဲ့အပြင် လိမ်းထားရင်လည်း သဘာဝဆန်ဆန်လေးနဲ့ လှနေစေပါတယ်။ ရွေးချယ်စရာ Shade ကတော့ ၁၈ ရောင်ရှိပါတယ်။

Shiseido ကထုတ်ထားတဲ့ Synchro Skin Glow Luminizing Fluid Foundation SPF 20 ကတော့ အသားခြောက်တဲ့သူတွေအတွက် ရေဓာတ်ပြည့်စေတဲ့အပြင် မျက်နှာလေးကို Glow နေစေပါတယ်။ ရွေးချယ်စရာ Shade ကတော့ ၄ ရောင်ရှိပါတယ်။

Photo Source: www.goodhousekeeping.com