ချွေးနံ့ထွက်တယ်၊ ဂျိုင်းချွေးနံ့နံတယ်ဆိုရင် မဖြစ်မနေ Deodorant ကောင်းကောင်း သုံးပေးပါ။ ဒါမှ လူကြားထဲလည်း ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်နဲ့ သွားလာနိုင်မှာပါ။ မဟုတ်ရင် ငါ့ဆီကများ ချွေးနံ့နံနေမလားဆိုတဲ့စိတ်နဲ့ ပင်ပန်းပါတယ်။ ဒါကြောင့် အမျိုးသမီးများအတွက် ချွေးနံ့သေချာထိန်းပေးနိုင်တဲ့ အကောင်းဆုံး Deodorant (7) မျိုးကို မျှဝေပေးလိုက်ပါတယ်။
Ivory Gentle Deodorant
Aloe, Lavender, Coconut, Water Lily စတာတွေပါဝင်လို့ အနံ့လေးကလည်း အရမ်းကောင်းတဲ့အပြင် Castor Oil လည်းပါတာကြောင့် အသားအရေကို နူးညံ့ချောမွေ့စေပါတယ်။ ချွေးနံ့သေချာထိန်းပေးနိုင်ပြီး အသားအရေယားယံတာမျိုး၊ အင်္ကျီမှာ စွန်းထင်းတာမျိုးတွေလည်း လုံးဝမဖြစ်စေပါဘူး။
Dove Dry Spray Antiperspirant Deodorant Nourished Beauty
Spray Type ကြိုက်တဲ့သူတွေရွေးချယ်သင့်တဲ့ အကောင်းဆုံး Deodorant ဖြစ်ပါတယ်။ Spray Type ဆိုပေမယ့် ဖြန်းပြီးရင်လည်း အခြောက်မြန်တဲ့အတွက် အင်္ကျီမှာစွန်းထင်းတာ၊ စေးကပ်ကပ်ဖြစ်တာမျိုးတွေ လုံးဝမဖြစ်ပါဘူး။ ချွေးနံ့ကိုလည်း သေချာထိန်းပေးနိုင်ပါတယ်။
Secret Clinical Strength Stress Response Antiperspirant Deodorant
ချွေးနံ့အရမ်းပြင်းတာတွေကိုတောင်မှ သေချာထိန်းချုပ်ပေးနိုင်တဲ့ Deodorant ဖြစ်တာကြောင့် အကောင်းဆုံးထဲမှာ ပါပါတယ်။ သူ့ရဲ့အနံ့က Citrus အနံ့လေးပါ။
Degree Unlimited Antiperspirant Deodorant in Fresh
သူ့အနံ့က အရမ်းကောင်းပြီး Fresh ဖြစ်စေတာကြောင့် လူကြိုက်အရမ်းများပါတယ်။ ချွေးနံ့ကို သေချာထိန်းချုပ်ပေးနိုင်တဲ့အပြင် သုံးလိုက်ရင် မတည့်တာမျိုး၊ အရေးပြားယားယံတာမျိုးလည်း မဖြစ်စေပါဘူး။
Certain Dri Extra Strength Clinical Antiperspirant Deodorant
သူအနံ့ကတော့ Powder အနံ့မျိုးဖြစ်ပါတယ်။ Powder အနံ့ကြိုက်တဲ့သူတွေကတော့ သဘောကျမှာပါ။ ချွေးနံ့အရမ်းပြင်းတာကိုလည်း သေချာထိန်းပေးနိုင်ပါတယ်။
Degree Antiperspirant Deodorant
ချွေးနံ့ကို 24 နာရီကြာ သေချာထိန်းပေးနိုင်တဲ့အပြင် သူ့ရဲ့အနံ့ကလည်း Fruity Floral အနံ့လေးဖြစ်တာကြောင့် မိန်းကလေးတွေနဲ့ အလိုက်ဖက်ဆုံး အနံ့လေးပါပဲ။
Freedom Natural Deodorant Stick
ချွေးနံ့သေချာထိန်းပေးနိုင်ပြီး အသားအရေကိုလည်း ချောမွေ့စေပါတယ်။ သူ့ရဲ့အနံ့လေးက Sweet ဖြစ်တဲ့အနံ့မျိုးပဲ ဖြစ်ပါတယ်။