သီချင်းနားထောင်ရတာကို မကြိုက်တဲ့သူတော့ ရှိမှာမဟုတ်ပါဘူး။ သီချင်းနားထောင်တာက စိတ်ပိုင်းဆိုင်ရာအတွက် အရမ်းကိုကောင်းတဲ့အရာပါ။ သီချင်းနားထောင်ပေးခြင်းကြောင့် ဒီလိုကောင်းကျိုးတွေလည်း ရရှိနိုင်ပါသေးတယ်။

စိတ်ပျော်ရွှင်စေတယ်

သီချင်းနားထောင်တာက သင့်ဦးနှောက်ရဲ့ ‘happy hormone’ ဓာတ်ကို တိုးမြှင့်ပေးပါတယ်။ စိတ်ပျော်ရွှင်မှုရစေပါတယ်။ ပျော်စရာကောင်းတဲ့သီချင်းတွေ၊ ကြည်နူးစရာကောင်းတဲ့ သီချင်းတွေကိုသာ နားထောင်ပါ။

အရင်ထက်ပိုပြေးနိုင်တယ်

ပြေးနေတဲ့အချိန်၊ လေ့ကျင့်ခန်းလုပ်ပြီး ပြေးနေချိန်တွေမှာ အရမ်း active ဖြစ်ပြီး ပိုပြေးနိုင်ချင်ရင် သီချင်းနားထောင်ပြီးသာပြေးပါ။ ပုံမှန်ထက်ကို မြန်မြန်ပိုပြေးနိုင်ပါတယ်။

Stress တွေလျော့ကျစေတယ်

Stress တွေပိပြီး စိတ်ညစ်နေချိန်၊ စိတ်ဖိစီးမှုတွေများနေချိန်မှာ သီချင်းနားထောင်ပါ။ မျက်စိမှိတ်ပြီး သီချင်းနားထောင်တာမျိုး၊ တစ်နေရာရာကိုငေးပြီး သီချင်းနားထောင်တာမျိုး၊ လေကောင်းလေသန့်ရပြီး ရှုခင်းလှတဲ့နေရာလေးမှာ သီချင်းနားထောင်တာမျိုး၊ မိုးအေးအေးလေးနဲ့ သီချင်းနားထောင်တာမျိုး လုပ်ကြည့်ပါ။ သင့်မှာရှိနေတဲ့ Stress တွေ လျော့ကျသွားပါလိမ့်မယ်။

ပိုပြီးအိပ်လို့ကောင်းစေတယ်

အိပ်ခါနီးမှာ သီချင်းနားထောင်ပြီးအိပ်တာက ပိုပြီးအိပ်လို့ကောင်းစေပါတယ်။ သီချင်းသံလေးနဲ့အတူ အိပ်ပျော်သွားနိုင်တဲ့အတွက် အိပ်မပျော်ဖြစ်နေရင်လည်း သီချင်းသာနားထောင်ပါ။

Depression လျော့ကျစေတယ်

စိတ်ဓာတ်ကျပြီး Depression ဝင်နေချိန်မှာ သီချင်းနားထောင်ရင် စိတ်သက်သာရာရပြီး Depression ဖြစ်နေတာတွေ လျော့ကျသွားစေပါတယ်။

Mood ပိုကောင်းစေတယ်

အလုပ်လုပ်တဲ့အခါ သီချင်းနားထောင်ပြီးလုပ်ရင် အရမ်း active ဖြစ်ပြီး အလုပ်လုပ်ရတာ ပိုကောင်းစေပါတယ်။ အားကစားလုပ်ရင်လည်း သီချင်းနားထောင်ပြီးလုပ်ရင် Mood ပိုကောင်းပါတယ်။ ပိုလုပ်နိုင်တယ်။ စိတ်ပျော်ရွှင် တက်ကြွစေပါတယ်။ ကားမောင်းရင်လည်း သီချင်းနားထောင်ရင်းမောင်းတာက Mood ပိုကောင်းစေပါတယ်။

သင်ယူနိုင်စွမ်းနဲ့ memory ပိုကောင်းလာစေတယ်

တချို့ဆိုရင် စာကို music လိုလုပ်ပြီး သင်တာမျိုးတွေတောင်ရှိပါတယ်။ တစ်ခါတစ်လေကျရင်လည်း စာအုပ်ထဲကအတိုင်းကြီး သင်တာထက်စာရင် ဒီလိုမျိုးလေးသင်တာက စိတ်ပျော်ရွှင်ပြီး သင်ယူနိုင်စွမ်းပိုကောင်းစေတယ်။ မှတ်ရတာပိုလွယ်စေတယ်။ သီချင်းစာသားကို ပါးစပ်ထဲစွဲနေသလိုပဲ စာကိုလည်း စွဲသွားစေတယ်။ memory ပိုင်းလည်း ပိုပြီးကောင်းလာစေပါတယ်။

source:www.kent-teach.com