သင့်မှာ ညီမ ဒါမှမဟုတ် အစ်မ တစ်ယောက် ရှိရင် ဒါက ကံကောင်းခြင်းလို့ ဆိုနိုင်ပါတယ်။ တစ်ခါတလေ သူတို့က ကိုယ့်စကားကို နားမထောင်ပေမယ့် တိုင်ပင်ဖော် တိုင်ပင်ဖက် အနေနဲ့ ရှိတာက သင့်အတွက် အကောင်းဆုံးလို့ ဆိုနိုင်ပါတယ်။ အစ်မ ဒါမှမဟုတ် ညီမ ဆိုတာ သင့်မိဘတွေ သင့်အတွက် ပေးထားတဲ့ အကောင်းဆုံး လက်ဆောင် ဖြစ်ပါတယ်။ ဒီလို ညီအစ်မ ရှိတာက သင့် စိတ်ကျန်းမာရေးအတွက်ကော ကိုယ်ကျန်းမာရေးအတွက်ပါ အကျိုး များစွာ ရှိပါတယ်။ ညီအစ်မ ရှိခြင်းကြောင့် ဘယ်လိုအကျိုးကျေးဇူးတွေကို ရနိုင်မလဲ ကြည့်လိုက်ရအောင်နော်-
ညီအစ်မ ရှိတာက သင့်ကို ပိုကြင်နာတတ်လာစေတယ်
ညီအစ်မ တွေက အချင်းချင်း မျှဝေ ရမယ်ဆိုတာကို အနည်းနဲ့ အများ သိထားကြပါတယ်။ သင်က ညီမ/ အစ်မ တစ်ဦး ပိုင်ဆိုင်ထားမယ်ဆိုရင် ဝေမျှရခြင်း အဓိပ္ပာယ်ကို သိပြီး ပိုကြင်နာတတ်ပါတယ် လို့ လေ့လာချက်တွေက ဆိုထားပါတယ်။
အဆိုးမြင်စိတ် လျော့ကျစေတယ်
ညီအစ်မ တစ်ဦး ပိုင်ဆိုင်ထားသူတွေဟာ အထီးကျန်စိတ်၊ အပြစ်ရှိစိတ်၊ ကြောက်စိတ်တွေ လျော့လေ့ရှိတယ်လို့ တက္ကသိုလ် တစ်ခုရဲ့ လေ့လာချက်တွေမှာ ပြောပြထားပါတယ်။
အချစ်ခံရတယ်လို့ ခံစားရတယ်
အစ်မ/ ညီမ ရှိသူတွေက မရှိသူတွေထက် စာရင် အချစ်ခံရတဲ့ ခံစားချက်ကို ပိုရလေ့ ရှိပါတယ်။ ဒီခံစားချက်ကို ကလေးဘဝကနေ လူငယ်ဘဝစဖြစ်တဲ့သူတွေမှာ ပိုခံစားမိလေ့ရှိပါတယ်။
ကွာရှင်းဖို့ အခွင့်အလမ်း နည်းတယ်
ညီအစ်မ ရှိသူတွေက ပြဿနာကို ဘယ်လို ဖြေရှင်းရမလဲ သိလေ့ရှိတာမို့ အိမ်ထောင်ကျခဲ့လို့ ပြဿနာတွေ ဖြစ်ရင်လည်း ဖြေရှင်းတတ်ကြပြီး ကွာရှင်းဖို့ အခွင့်အလမ်း နည်းတတ်ကြပါတယ်။
သံယောဇဉ်ပိုကြီးစေတယ်
ညီအစ်မ အချင်းချင်း ခံစားချက်၊ ထင်မြင်ချက်၊ ခံယူချက်တွေကို တိုင်ပင်နိုင်တာမို့ သံယောဇဉ် ပိုကြီးလေ့ရှိပါတယ်။ ညီအစ်မ သံယောဇဉ်က သူငယ်ချင်း သံယောဇဉ်နဲ့တောင် မတူပါဘူး။
အစ်ကိုထက်စာရင် ပိုသင်ယူနိုင်တယ်
အထူးသဖြင့် အစ်မရှိတယ်ဆိုရင် ဒီ အစ်မ ဆီကနေ အတွေ့အကြုံတွေ သင်ယူနိုင်ပါတယ်။ ညီအစ်မ အချင်းချင်းမို့ ပိုပွင့်လင်းပြီး ပိုသင်ယူစရာတွေ များနေလေ့ရှိပါတယ်။
ပိုပျော်ရွှင်ပြီး ပိုကျန်းမာစေတယ်
ညီအစ်မ ရှိခြင်းက ကိုယ် အကူအညီလိုလာချိန်မှာ အကူအညီ တောင်းနိုင်တာ၊ စိတ်ညစ်ရင် ဖွင့်ပြောဖို့ အဖော်ရှိတာ စတာတွေကြောင့် သင်က တစ်ဦးတည်းသော သား/ သမီးတွေထက် စိတ်ပိုင်းဆိုင်ရာ ပိုကျန်းမာလေ့ရှိပါတယ်။
Photo Source: Pinterest
By MyStyle Myanmar