ကိုယ့်ထက် ၁၀ နှစ်ကြီးတဲ့ ငါးနှစ်ကြီးတဲ့ ကိုကြီးတွေနဲ့ တွဲဖူးလား။ တချို့တွေက ကလေးကို မုန့်ကျွေးကြိုက်တယ်ဆိုပြီး လှောင်ချင်ကြပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ကိုယ့်ထက် အသက်အရွယ်အရ ကြီးပြီး ရင့်ကျက်သူတွေနဲ့ တွဲတဲ့အခါ ကောင်းကျိုးများစွာ ရှိပါတယ်။ ဘယ်လိုကောင်းကျိုးတွေလဲဆိုတော့-

၁။ ပုံပြောတတ်တဲ့ သူကို ပိုင်ဆိုင်သွားတယ်

ကိုယ့်ထက် အသက်ကြီးသူတွေက ကိုယ့်ထက် ဘဝအတွေ့အကြုံတွေ ပိုရှိပြီး မျှဝေစရာ သင်ခန်းစာတွေ ရှိတတ်ပါတယ်။ သင်က ကိုကြီးတွေနဲ့ တွဲနေတယ်ဆိုရင် သူတို့တုန်းက ဘယ်လိုဖြစ်ခဲ့တာ၊ ဘယ်လိုသင်ခန်းစာတွေ ရလိုက်တာ စတဲ့ အကြောင်းအရာတွေကို နားထောင်ရမှာပါ။

၂။ တစ်ယောက်တစ်ဝက် ရှင်းစရာ မလိုတော့ဘူး

များသောအားဖြင့် ကိုကြီးအများစုက ကိုယ်ပိုင် ရည်မှန်းချက်၊ ကိုယ်ပိုင်အလုပ် ရှိနေပါပြီ။ ဒါကြောင့် များသောအားဖြင့် သင်နဲ့ သူ အပြင်ထွက်ရင် တစ်ယောက်တစ်ဝက် ရှင်းရတာ နည်းပြီး ကိုကြီးတွေကပဲ မုန့်ဝယ်ကျွေးတတ်ပါတယ်။

၃။ ရင့်ကျက်တဲ့ချစ်သူ

ကိုကြီးတွေက ကိုယ့်ထက် ပိုရင့်ကျက်တတ်ကြပါတယ်။ မိန်းကလေးတွေအကြောင်းကို ပိုနားလည်ပြီး ပိုချစ်ပြတတ်သူတွေ ဖြစ်ပါတယ်။ ဒါကြောင့် သင်က ကိုကြီးကို ပိုင်ဆိုင်ရတာ ချစ်သူကောင်းနဲ့ တွေ့တာပါပဲ။

၄။ ချစ်တဲ့အကြောင်းကို အမျိုးမျိုး ထုတ်ပြတတ်တယ်

သင်က သင့်ချစ်ရသူရဲ့ အချစ်တွေကို ပုံစံမျိုးစုံနဲ့ မြင်ရမှာပါ။ ဂရုစိုက်မှုတွေ၊ စိတ်ပူတဲ့ စကားသံတွေ၊ သင့်ကို အသည်းယားတဲ့ စကားသံတွေ စတဲ့ ချစ်စရာအပြုအမူလေးတွေကို အမြဲမြင်နေရမှာပါ။

၅။ သင်ပိုစိတ်ချမ်းသာမယ်

ကိုကြီးတွေက များသောအားဖြင့် ဟိုးအရင်က အချစ်ရေးတွေနဲ့ ပတ်သက်ပြီး သင်ခန်းစာတွေ ရနေပါပြီ။ ဘယ်လိုအချက်က ဘယ်ဆီကို ဦးတည်သွားတယ် သိနေတာကြောင့် သင့်ကို ပိုစိတ်ချမ်းသာအောင် ထားနိုင်ပါလိမ့်မယ်။

၆။ ငွေရေးကြေးရေး

ကိုကြီးတွေနဲ့ တွဲတဲ့အခါ ငွေရေးကြေးရေး၊ စီးပွားရေးနဲ့ ပတ်သက်ပြီး ကောင်းစွာ ဆွေးနွေးနိုင်ပါတယ်။ သင့်ကိုလည်း ဘယ်လိုလုပ်ရင် ပိုကောင်းမလဲ အကြံပေးနိုင်ပါတယ်။

၇။ သင်က ပိုတော်တဲ့သူ ဖြစ်လာမယ်

ကိုယ့်ထက် ပိုတော်တဲ့သူ၊ အရည်အချင်းရှိသူနဲ့ ပေါင်းသင်းဆက်ဆံတာ များလာတဲ့အခါ ကိုယ်တိုင်လည်း ဒီလိုလူ ဖြစ်လာပါတယ်။ သင်က သင့်ထက် ပိုအသက်ကြီးပြီး ရင့်ကျက်တဲ့ ကိုကြီးတွေနဲ့ တွဲတာကြောင့် အရင်ထက် ရင့်ကျက်တဲ့သူ၊ တော်တဲ့သူ ဖြစ်လာနိုင်ချေများပါတယ်။

Photo Source: Pinterest

By MyStyle Myanmar