သူငယ်ချင်းမိတ်ဆွေကောင်းတွေဆိုတာ လူတိုင်းရဲ့ဘဝအတွက် အရမ်းအရေးပါပါတယ်။ ဒါပေမယ့် ဘဝမှာ မိတ်ဆွေကောင်းတွေချည်းမဟုတ်ဘဲ ကိုယ့်အပေါ်မနာလိုတဲ့ အတွင်းစိတ်ရှိသူတွေနဲ့ပါ တွေ့ရနိုင်တာမို့ ဒီလိုလူတွေကိုဝေးဝေးရှောင်နိုင်ဖို့အတွက် သင့်ကိုတစ်ဖက်သတ်မနာလိုဖြစ်နေတဲ့ သူငယ်ချင်းအတုတွေမှာ တွေ့ရတတ်တဲ့ အမူအကျင့်၊ စရိုက်တွေအကြောင်းကို မျှဝေပေးချင်ပါတယ်။ စိတ်ဖိစီးမှုကင်းကင်းနဲ့ ကိုယ့်ပုံစံအတိုင်းနေနိုင်ဖို့ အောက်မှာဖော်ပြထားတဲ့ အကျင့်ရှိသူတွေကို ဘဝထဲက ရှင်းထုတ်ဖို့ အကြံပြုလိုက်ပါတယ်နော်။

၁။ ကိုယ်နဲ့အမြဲလိုက်ပြိုင်နေတတ်တယ်

Photo Source: Love Devani

မနာလိုတတ်တဲ့သူတွေက သင်နဲ့ ကိစ္စတိုင်းကိုလိုက်ယှဉ်ပြီး ပြိုင်ဆိုင်တတ်ကြပါတယ်။ ဘယ်အရာမဆို သင့်ထက်အရင်ဦးအောင်၊ သင့်ထက်သာအောင်လုပ်ချင်ကြပါတယ်။

၂။ အမြဲငြီးညူနေတတ်တယ်

Photo Source: Pinterest

သူငယ်ချင်းအတုတွေက သင့်အခက်အခဲတွေကိုအာရုံမစိုက်ဘဲ သူတို့အကြောင်းကိုပဲ ရှေ့တန်းတင်လေ့ရှိပါတယ်။ သင်ကသူတို့ထက်သာသွားတဲ့အခါ တစ်လောကလုံးကမတရားသလို ကိုယ်တိုင်မလုပ်နိုင်ဘဲ မဆိုင်တဲ့အရာတွေအပေါ်အပြစ်ပုံချပြီး ငြီးညူနေတတ်ကြပါတယ်။ ကိစ္စတော်တော်များများကို အဆိုးမြင်စိတ်နဲ့ကြည့်တတ်တဲ့သူတွေလည်းဖြစ်ပါတယ်။

၃။ သင့်နောက်ကွယ်မှာအတင်းပြောတတ်ကြတယ်

Photo Source: Verywell Family

မနာလိုတဲ့သူတွေက ကိုယ်ကလွဲလို့ အခြားသူတွေနဲ့အဆင်ပြေနေတဲ့ပုံစံမျိုးနေပြတတ်ကြပြီး ကိုယ့်ကိုအပြစ်ရှိသူတစ်ယောက်လိုခံစားရအောင် လုပ်တတ်ကြပါတယ်။ ကိုယ့်ရှေ့မှာတော့ ဂရုမစိုက်တဲ့ပုံစံပြပေမယ့် နောက်ကွယ်မှာ ကိုယ့်မကောင်းကြောင်း ပြောတတ်ကြသူတွေပါ။

၄။ သင့်ကိုစိတ်ဓာတ်ကျအောင်ပြောတတ်တယ်

Photo Source: Love Devani

မိတ်ဆွေတုတွေ မနာလိုဖြစ်ကြတဲ့အခါ သင့်ဘဝမှာကောင်းတဲ့အရာတွေဖြစ်လာတိုင်း သူတို့အတွက်မထူးခြားသလို၊ အထင်သေးသလိုပြောတတ်ကြပြီး သူတို့ကိုသူတို့ ဟန်ဆောင်နှစ်သိမ့်တတ်ကြပါတယ်။ ဒါဟာ မသိစိတ်က သင်သူတို့ထက်သာသွားမှာကို ကြောက်နေကြလို့ဖြစ်ပါတယ်။

၅။ ပကာသနတွေကိုအလေးထားတယ်

Photo Source: Sheknows

သင့်ရဲ့အောင်မြင်မှုနဲ့ လူမှုရေးအခြေအနေတွေက သူငယ်ချင်းတုတွေရဲ့ မနာလိုမှုကိုလှုံ့ဆော်နိုင်တဲ့အရာတွေ ဖြစ်ပါတယ်။ သူတို့က သင်ဝတ်တဲ့အဝတ်အစား၊ သင်သုံးတဲ့အရာတွေကို မရနိုင်တဲ့အခါ သင့်အပေါ်အမြင်မကြည်တာတွေဖြစ်တတ်ကြတာပါ။

၆။ သင်ပျော်နေတဲ့အချိန်မှာ ရှောင်နေတတ်ကြတယ်

Photo Source: Sweety High

လိုအပ်တဲ့အချိန်မှာ သင့်ကို အချိန်ပေးလေ့မရှိဘဲ ရှောင်နေတတ်တဲ့သူတွေကလည်း သင့်အပေါ်မနာလိုစိတ်ရှိသူတွေ ဖြစ်တတ်ပါတယ်။ မနာလိုဝန်တိုတတ်သူတွေက သင့်ရဲ့ကောင်းမွန်တဲ့အချိန်တွေကို မျှဝေမခံစားတတ်ကြပါဘူး။

၇။ သင့်ဆုံးဖြတ်ချက်တွေကိုလေးစားလေ့မရှိဘူး

Photo Source: Pinterest

မနာလိုတဲ့သူငယ်ချင်းက သင့်ဆုံးဖြတ်ချက်တွေနဲ့ပက်သက်ပြီး အမြဲဝေဖန်နေတတ်ပါတယ်။ ဒီလိုမျိုး သင့်ဘက်ကအမြင်နဲ့ ဆုံးဖြတ်ချက်တွေကိုလက်ခံလေ့မရှိဘဲ ဘာပဲလုပ်လုပ် အပြစ်ရှာနေတတ်တဲ့ သူငယ်ချင်းမျိုးရှိနေပြီဆိုရင်တော့ ဘဝထဲကအမြန်ဆုံးရှင်းထုတ်ဖို့ကြိုးစားသင့်ပြီပဲဖြစ်ပါတယ်။