ညဘက်မှာ ကျွန်မတို့ရဲ့ ခန္ဓာကိုယ်ဟာ ကယ်လိုရီ ၃၀၀ ကနေ ၄၀၀ အထိလောင်ကျွမ်းပါတယ်။ ဒီပမာဏဟာ တစ်နာရီပြေးစာနဲ့ ညီမျှပါတယ်။ အိပ်ချိန်မှန်တာက ဝိတ်ကျစေတယ်လို့ သိပ္ပံပညာရှင်တွေ ဆိုထားပါတယ်။ အိပ်နေတဲ့အချိန်မှာ ဝိတ်ကျစေမယ့် အလေ့အကျင့်အချို့ကို ပြောပြ လိုပါတယ်။

၁။ ခန္ဓာကိုယ်အေးအောင်နေပါ

ကျွမ်းကျင်သူတွေက ညဘက်အခန်းအပူချိန်ကို ၁၈ ဒီဂရီထားပေးတာက သင့်ရဲ့ ဇီဝဖြစ်စဉ်ကို မြန်ဆန်စေတယ်လို့ဆိုထားပါတယ်။ ပိုအေးတဲ့ ပတ်ဝန်းကျင်က အပူချိန်ညှိခြင်းနဲ့ သက်ဆိုင်တဲ့ အဆီဆဲလ်တွေကို အလုပ်လုပ်စေပါတယ်။ သင်က အခန်းအေးအေးလေးထဲမှာ အိပ်ရင် ဒါမှမဟုတ် အဝတ်အစားမပါဘဲအိပ်ရင် သင့်ခန္ဓာကိုယ်က အဆီပိုလောင်ကျွမ်းပါတယ်။

၂။ စပျစ်သီးဖျော်ရည်သောက်ပါ

စပျစ်သီးဖျော်ရည်က ကယ်လိုရီလောင်ကျွမ်းစေပါတယ်။ မကောင်းတဲ့အဆီတွေကို ကောင်းတဲ့အဆီအဖြစ်ပြောင်းလဲပစ်ပါတယ်။ မအိပ်ခင် စပျစ်သီးဖျော်ရည် တစ်ခွက်သောက်တာက အဆီပိုတွေသိုလှောင်ခြင်းကို လျှော့ချပေးပါတယ်။ အသီးလတ်လတ်ဆတ်ဆတ် ဖျော်တာမျိုးလေး သောက်ပေးပါ။

၃။ အချိန်မှန်မှန် အိပ်ရာဝင်ပြီး အချိန်မှန်ထပါ

အိပ်ချိန်ပုံမှန်မရှိတာက ဝိတ်တက်ခြင်းကို ဦးတည်နိုင်ပါတယ်။ ပုံမှန်အားဖြင့် အိပ်ဖို့အချိန်တန်ပြီလို့ ပြောတတ်တဲ့ဟော်မုန်းက မယ်လတိုနင်ပါ။ ဒီမယ်လတိုနင်ဟော်မုန်းက ကယ်လိုရီလောင်ကျွမ်းတဲ့နေရာမှာ ကူညီပေးပါတယ်။

အိပ်ချိန်မမှန်ရင်တော့ မယ်လနင်ထုတ်တာ မမှန်မကန်ဖြစ်စေပါတယ်။ မနက်မှာ အဆီပိုများတဲ့ အစားအသောက်တွေကို ပိုစားမိစေပါတယ်။ ဒါမျိုးမဖြစ်ချင်ရင်တော့ အချိန်ပုံမှန်လေးထားပြီး အိပ်ရာဝင်တာ အိပ်ရာထတာမျိုး ပြုလုပ်ပေးသင့်ပါတယ်။

၄။ အိပ်ရာပေါ် ဖုန်းမသုံးပါနဲ့

ဖုန်းအလင်းရောင်က သင့်ကို အိပ်မပျော်စေတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။ ဖုန်းထဲမှာ ပါတဲ့ အပြာရောင်အလင်းရောင်က မယ်လတိုနင် ထုတ်လုပ်မှုကို နှေးကွေးစေပါတယ်။ ဒါကြောင့် သင်အိပ်ပျော်ဖို့ ကြာစေပါတယ်။

အိပ်ရာမဝင်ခင် နှစ်နာရီအလိုတည်းက ဖုန်းသုံးတာကို ရပ်လိုက်ပါ။ စာအုပ်ဖတ်ပေးပါ။ မကြာခင်အိပ်ပျော်သွားပါလိမ့်မယ်။

၅။ ပရိုတင်းဓာတ်ပါတဲ့ အစားအစာစားပေးပါ

ညဘက်အိပ်ရာဝင်ခါနီး မုန့်စားတာက မမှားပါဘူးနော်။ ကိုယ်နဲ့ သင့်တော်တဲ့မုန့်မျိုးစားရင်ပေါ့။ ပရိုတင်းကြွယ်ဝတဲ့အစားအသောက်တွေကို စားနိုင်ပါတယ်။ ဒိန်ချဉ်၊ အဆီနည်းတဲ့ဒိန်ခဲ၊ မြေပဲထောပတ်စတာတွေကို စားနိုင်ပါတယ်။ ဒီအစားအသောက်တွေက ဇီဝဖြစ်စဉ်ကို မြန်ဆန်စေပြီး ကြွက်သားဖွံ့ဖြိုးစေပါတယ်။

၆။ အလေးချိန်နဲ့ ဆော့ရတာမျိုးကိုလေ့ကျင့်ပေးပါ

ပုံမှန်လေ့ကျင့်ခန်းတွေက စိတ်ဖိစီးမှုကို လျော့ကျစေပါတယ်။ အေရိုးဗစ်လေ့ကျင့်ခန်းတွေ Cardio လေ့ကျင့်ခန်းတွေက အားလုံးနဲ့သင့်တော်ပါတယ်။ဒါပေမဲ့ အားသုံးရတဲ့ လေ့ကျင့်ခန်းတွေက သင့်ကို ပိုပြီးဝိတ်ကျစေပါတယ်။

ရေကူးတာ ဒါမှမဟုတ် ဝိတ်မတာတွေက ညဘက်မှာ ပိုအိပ်ပျော်စေပါတယ်။

၇။ Herbal Tea သောက်ပါ

သဘာဝ Herbal Tea တွေက သင့်ကျန်းမာရေးကို ကောင်းမွန်စေပြီး သွယ်လျချပ်လှပ်စေပါတယ်။ သစ်ကြမ်းပိုးခေါက်က ယောင်ယမ်းတာကျစေပြီး ဗိုက်ပူနေတာမျိုးကို မဖြစ်စေပါဘူး။ ပက်ပါမင့်အဆီက ဗိုက်ဆာတာသက်သာစေပါတယ်။ Chamomile က အစာချေစနစ်ကို ကောင်းမွန်စေပြီး အာရုံကြောတွေကို အနားပေးပါတယ်။

ဒီအလေ့အကျင့်တွေက ခန္ဓာကိုယ်ကို သွယ်လျစေပါတယ်။ ဒါပေမဲ့ လေ့ကျင့်ခန်းတော့ လုပ်ပေးရမှာပါ။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအသောက် တွေကို စားပေးရပါမယ်။

Source: Brightside.me

By MyStyle Myanmar