ရာသီဥတုအေးလာတာနဲ့အမျှ ပုံမှန်ထက် အသားခြောက်လာတာ၊ အသားအရေကြမ်းတမ်းလာတာနဲ့ အသားအရောင်မွဲလာတာမျိုးတွေဖြစ်တတ်တာကြောင့် ဒါတွေမဖြစ်ရအောင် ဆောင်းရာသီအဝင်ကတည်းက အကျင့်ပြုလုပ်ထားသင့်တဲ့ သဘာဝအသားအရေထိန်းသိမ်းနည်းတွေ အကြောင်းကို မျှဝေပေးချင်ပါတယ်။ ဖော်ပြထားတဲ့ Skincare နည်းတွေက လုပ်ရလွယ်တဲ့အပြင် သင့်အသားအရေကို ခြောက်သွေ့ခြင်းကင်းပြီး နေရောင်ထိုးထားသလို အမြဲ Glow နေစေဖို့ကူညီပေးပါလိမ့်မယ်။

၁။ Alcohol နဲ့အမွှေးနံ့ပါတဲ့ Skincare ပစ္စည်းတွေရှောင်ပေးပါ


Cosmetic တွေမှာပါဝင်တဲ့ အမွှေးနံ့လို ဓာတုပစ္စည်းတွေက အသားခြောက်ပြီးယားယံခြင်းတွေ ဖြစ်တတ်တာကြောင့် ဒီလိုရာသီမှာ အနံ့နဲ့ Alcohol ဓာတ်တွေမပါဝင်တဲ့ မျက်နှာသစ်ဆေး၊ Toner တွေကိုအသုံးပြုပေးဖို့လိုပါတယ်။

၂။ ထောပတ်သီးနဲ့ သံလွင်ဆီတို့ အသုံးပြုပြီးမျက်နှာပေါင်းတင်ပေးပါ


သံလွင်ဆီဟာဆိုရင် အသားအရေနဲ့ဆံသားတို့ကို အစိုဓာတ်ထိန်းပေးနိုင်ပြီး အညစ်အကြေးတွေ သန့်စင်ပေးနိုင်တဲ့အဆီတစ်မျိုးဖြစ်ပါတယ်။ သံလွင်ဆီနဲ့ ထောပတ်သီးပါဝင်တဲ့ သဘာဝပေါင်းတင်နည်းကို သုံးတာက အသားအရေအတွက်လိုအပ်တဲ့ ဗီတာမင် E ဓာတ်တွေရရှိစေဖို့ထောက်ပံ့ပေးနိုင်ပါတယ်။ အသုံးပြုရမယ့်နည်းကတော့ ကြိတ်ထားတဲ့ထောပတ်သီးကို သံလွင်ဆီတစ်ဇွန်းနဲ့ရောပြီး မျက်နှာပေါ်လိမ်းပေးရမှာပါ။ ၁၀ မိနစ်မှ ၁၅ မိနစ်အထိပေါင်းတင်ပြီးနောက် ရေနွေးနွေးနဲ့ ပြန်လည်ဆေးချပေးရပါမယ်။

၄။ ရေများများသောက်ပါ


ဆောင်းရာသီကနွေရာသီလောက် ချွေးမထွက်တာကြောင့် တစ်နေ့တာအတွင်း ရေများများသောက်ဖို့ မေ့လျော့တတ်ကြပါတယ်။ အသားအရေစိုပြေနေစေဖို့အတွက် အပြင်ပိုင်းအရေပြားအစိုဓာတ်အပြင် ကိုယ်တွင်းရေဓာတ်ပြည့်ဝနေဖို့လဲအရေးကြီးတာကြောင့် တစ်နေ့ကို ရေ ၂ လီတာပြည့်အောင် ပုံမှန်သောက်ဖို့လိုပါတယ်။

၄။ ရေငွေ့ပေးစက်တစ်ခုဆောင်ထားပါ


ဆောင်းရာသီရဲ့လေထုကခြောက်သွေ့တတ်တာကြောင့် Humidifier လို့ခေါ်တဲ့ရေငွေ့ပေးစက်တစ်ခု ဆောင်ထားတာက လေထုအစိုဓာတ်ကိုမြှင့်တင်ပေးပြီး အသားခြောက်တဲ့ပြဿနာမဖြစ်အောင်လည်း ကာကွယ်ပြီးသားဖြစ်စေပါတယ်။ ဒါကြောင့် ဒီလိုရာသီမျိုးမှာ အိပ်ခန်း၊ ရုံးခန်းစတဲ့ ကိုယ်အနေများတဲ့ နေရာတွေမှာ ရေငွေ့ပေးစက်တစ်ခုထားပေးသင့်ပါတယ်။

၃။ သင့်လက်တွေကို အစိုဓာတ်ထိန်း Hand Cream တစ်မျိုးလိမ်းပေးပါ


ခြောက်သွေ့တဲ့ရာသီမှာ လက်အသားခြောက်၊ အသားပတ်ပြီး ကြမ်းတမ်းခြင်းတွေမဖြစ်စေဖို့ ရေနဲ့ထိတဲ့အချိန် လက်အိတ်ဝတ်ပေးတာ၊ အစိုဓာတ်အတွက် Hand Cream ပုံမှန်လိမ်းပေးတာတွေ ပြုလုပ်ပေးဖို့လိုပါတယ်။

၆။ အသားအရေစိုပြေစေတဲ့အသီးအရွက်တွေစားသုံးပါ

ဂရိတ်ဖရုသီး၊ မုန်လာဥနီနဲ့ Broccoli လိုအသီးအရွက်တွေမှာ အသားအရေကိုနူးညံ့တောက်ပစေပြီး အိုမင်းရင့်ရော်ခြင်းကိုလျှော့ချပေးနိုင်တဲ့ ဗီတာမင် A ၊ ပိုတက်ဆီယမ်စတဲ့ ဓာတ်တွေပါဝင်တာကြောင့် ဆောင်းရာသီမှာစားသုံးဖို့အလွန်သင့်တော်ပါတယ်။

၇။ ချွေးထွက်အောင်လှုပ်လှုပ်ရှားရှားနေပေးပါ

ချွေးထွက်ဖို့ခက်တဲ့ရာသီဖြစ်တာကြောင့် ကိုယ်ခန္ဓာတွင်းကအဆိပ်အတောက်တွေဖယ်ရှားပြီး အသားကြည်လာစေဖို့ ပုံမှန်လေ့ကျင့်ခန်းလုပ်ပေးဖို့လိုပါတယ်။ လေ့ကျင့်ခန်းလုပ်လေ့မရှိတဲ့သူတွေအနေနဲ့ မနက်ပိုင်းတွေမှာ တစ်ပတ်သုံးကြိမ်အနည်းဆုံး နာရီဝက်ခန့်ပုံမှန်လမ်းလျှောက်ပေးခြင်းနဲ့လည်း အရေပြားခြောက်သွေ့တဲ့ပြဿနာတွေကို ကာကွယ်နိုင်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar