မိန်းကလေးတစ်ယောက်အနေနဲ့ ဆွဲဆောင်မှုရှိနေရင် အလိုလိုလှနေတာပါပဲ။ ဒါကြောင့် အမြဲတမ်း ဆွဲဆောင်မှုရှိပြီး လှနေစေမယ့်အရာ ၇ ခုကို ပြောပြပေးလိုက်ပါတယ်။

ပြုံးပါ

မိန်းကလေးတစ်ယောက်အနေနဲ့ ပြုံးနေတဲ့ မျက်နှာချိုချိုလေးကို ပိုင်ဆိုင်ထားတာလည်း ဆွဲဆောင်မှုတစ်ခုပါ။ ဘာမှမပြင်ဆင်ထားရင်တောင် မျက်နှာလေးချိုနေရင် အကြည်ဓာတ်လေး ဖြစ်နေမှာပါ။ ဒါကြောင့် အမြဲတမ်း ပြုံးနေဖို့လည်း မမေ့ပါနဲ့။

ပါးနီ၊ နှုတ်ခမ်းနီ

မိတ်ကပ်ပြင်တဲ့အခါမှာ တခြားမျက်လုံးပြင်တာတွေ မလုပ်ရင်တောင်မှ ပါးနီခြယ်ပြီး နှုတ်ခမ်းနီဆိုးပါ။ ရိုးရိုးလေးနဲ့ ဆွဲဆောင်မှုရှိပြီး လှနေပါလိမ့်မယ်။ နေမကောင်းဖြစ်ချင်နေရင်တောင်မှ နှုတ်ခမ်းနီလေးဆိုးလိုက်ရင် မျက်နှာလန်းသွားစေပါတယ်။

မျက်တောင်ကော့ပါ

Eyeshadow တွေ ခြယ်ထားပြီး mascara နဲ့ မျက်တောင်မကော့ထားရင် perfect မဖြစ်ပါဘူး။ Eyeshadow မခြယ်ထားရင်တောင်မှ mascara နဲ့ မျက်တောင်လေးကော့ထားရင် မျက်လုံးလေးပိုပြီး ဆွဲဆောင်မှုရှိသွားတာပါပဲ။

ရေမွှေးဆွတ်ပါ

ရေမွှေးဆွတ်ထားရင် ဘေးနားက ဖြတ်သွားလိုက်တိုင်း ကိုယ့်ဆီကနေ ရေမွှေးနံ့လေးရသွားတာ၊ အနံ့ကျန်ခဲ့တာကိုက ဆွဲဆောင်မှုတစ်ခုပါ။ ရေမွှေးဆွတ်ရင်လည်း ပြီးစလွယ်မဆွတ်ပဲ လည်ပင်းနေရာ၊ လက်ကောက်ဝတ်နေရာတွေကို ဆွတ်ပေးတာက အနံ့ပိုစွဲစေပါတယ်။

Skincare ပါ

မျက်နှာတင်မဟုတ်ပဲ body ကိုပါ skincare လုပ်ပေးပါ။ အသားမဖြူရင်တောင်မှ အသားအရေ စိုပြည်ပြီး ကြည်နေရင် ဆွဲဆောင်မှုရှိပြီး လှတာပါပဲ။ အသားအရေက မွဲခြောက်နေရင် ဖြူရင်တောင် မလှပါဘူး။ ဒါကြောင့် skincare ဖို့မပျင်းပါနဲ့။

ဆံပင်ကိုသပ်သပ်ရပ်ရပ်ထားပါ

မိန်းကလေးတစ်ယောက်ရဲ့ ဆွဲဆောင်မှုထဲမှာ ဆံကေသာလည်း ပါပါတယ်။ ဒါကြောင့် ဆံပင်ကို အမြဲတမ်း သပ်သပ်ရပ်ရပ်ထားပါ။ ပိုက်ဆံအိတ်ထဲမှာ ဘီးအမြဲထည့်ထားပါ။ ဆံပင်ဖွာပြီး ရှုပ်ထွေးနေတာမျိုးတွေ မဖြစ်အောင် hair serum လေးတွေလည်း လိမ်းပေးပါ။

ကိုယ်နေဟန်ထား

ဆွဲဆောင်မှုရှိတာက ကိုယ်နေဟန်ထားနဲ့လည်း ဆိုင်ပါတယ်။ ဒါကြောင့် ထိုင်တဲ့အခါမှာ ခါးကိုမကုန်းထားပဲ မတ်မတ်ထိုင်ပါ။ လမ်းလျှောက်ရင်လည်း လက်ပြင်ကုန်းနေတာမျိုး မဖြစ်ပါစေနဲ့။ ကျော့မော့ပြီး confident အပြည့်နဲ့သာနေပါ။