မိန်းကလေးတိုင်း သိထားသင့်တဲ့ အလှအပဆိုင်ရာ beauty tips 7 ခုကို မျှဝေပေးလိုက်ပါတယ်။

လက်သည်းမပျက်စီးအောင်

လက်သည်းမပျက်စီးအောင် လက်သည်းတိုက်ပြီး ပုံသွင်းတဲ့အခါမှာ ဒီလိုသေချာလေး နည်းလမ်းမှန်မှန်နဲ့ လုပ်ပေးဖို့လိုပါတယ်။

Foundation စမ်းတဲ့အခါ

Foundation စမ်းတဲ့အခါ ဘယ်အရောင် ကိုယ်နဲ့လိုက်မလဲဆိုပြီး မှန်မှန်ကန်ကန် ရွေးချယ်ချင်ရင် လက်မှာ လုံးဝမစမ်းပါနဲ့။ လည်ပင်းမှာ စမ်းပေးပါ။

နှုတ်ခမ်းနီဆိုးတဲ့အခါ

နှုတ်ခမ်းနီဆိုးတဲ့အခါမှာ ဘေးဘက်တွေ ပေကျံကုန်တာမျိုးမဖြစ်အောင် ပုံမှာပြထားတဲ့အတိုင်း ဂွမ်းတံလေးညှပ်ပြီး ဆိုးပေးပါ။

Eye makeup ဖျက်တဲ့အခါ

Eye makeup တွေကို makeup remover နဲ့ဖျက်တဲ့အခါမှာ အောက်ကိုပွတ်ဆွဲချတာမျိုး မလုပ်ရပါဘူး။ အရေးအကြောင်းတွေ ဖြစ်လာပါလိမ့်မယ်။ အသားအရေမပျက်စီးအောင် ဖွဖွလေးဖိပြီး ဖျက်ပေးပါ။

ခြေစွယ်ငုတ်တာမျိုးမဖြစ်အောင်

ခြေစွယ်ငုတ်တာမျိုးမဖြစ်အောင် ခြေသည်းစညှပ်ထဲက ပုံစံမှန်ဖို့လိုပါတယ်။ ဝိုက်ပြီးညှပ်တာက ခြေစွပ်ငုတ်တာ အဖြစ်များပါတယ်။ ဒါကြောင့် တစ်ဖြောင့်တည်း ညှပ်ပေးပါ။

Mascara ကော့တဲ့အခါ

Mascara ကော့တဲ့အခါမှာ တစ်ဖြောင့်ထဲ အပေါ်ကိုကော့ချလိုက်တာမျိုး မလုပ်ပါနဲ့။ Zig-zag ပုံစံနဲ့ တစ်ထစ်ချင်းစီ ကော့ပေးပါ။ မျက်တောင်တွေပိုရှည်ထွက်လာပြီး mascara ခဲပြီးကပ်နေတာမျိုး၊ မျက်တောင်တွေစုနေတာမျိုးလည်း မဖြစ်တော့ပါဘူး။

မိတ်ကပ်ပြင်တဲ့အခါ

မိတ်ကပ်ပြင်တဲ့အခါမှာ အလင်းရောင်မကောင်းတဲ့နေရာမှာ မပြင်ပါနဲ့။ အပြင်လည်းရောက်ရော မိတ်ကပ်တွေ ထူပြီး ပါးနီတွေရဲနေတာမျိုး ဖြစ်တတ်ပါတယ်။ သဘာဝအလင်းရောင် ကောင်းကောင်းရတဲ့ နေရာမှာ ပြင်ရင်တော့ အမှန်ဆုံး look မျိုး ထွက်စေပါတယ်။