သင့်အနေနဲ့ ခန္ဓာကိုယ်လှတာကို ဘယ်အချက်တွေနဲ့ တိုင်းတာလေ့ရှိလဲ။ ပေါင်တံသွယ်သွယ်၊ ခါးသေးသေး ခန္ဓာကိုယ်မျိုးမှ လှတယ်လို့ ခေါ်တာလား။ အဲ့လို မဟုတ်သေးပါဘူး။ မိန်းကလေးတိုင်းရဲ့ ခန္ဓာကိုယ်က သူ့ပုံစံနဲ့သူ လှတာချည်းပါပဲ။ ဒါပေမဲ့ ခန္ဓာကိုယ်လှတာကို တိုင်းတာတဲ့နေရာမှာတော့ စံချိန်စံနှုန်းထက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပြီး ကိုယ့်ခန္ဓာကိုယ်ကို လက်ခံခြင်းနဲ့ တိုင်းတာသင့်ပါတယ်။ ဘယ်လောက်ပဲပိန်ပါစေ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိရင် ကိုယ့်အလှတွေက တိမ်းမြုပ်နေတတ်ပါတယ်။ ခန္ဓာကိုယ် ပြည့်ပြည့်လေးကိုမှ ပြင်ပြင်ဆင်ဆင်လေးနဲ့ အရမ်းချစ်ဖို့ကောင်းတဲ့ ကောင်မလေးတွေကိုလည်း သင်မြင်ဖူးမှာပါ။

ဒီမှာတင်မက ကိုးရီးယားနိုင်ငံမှာလည်း ဒီလိုပါပဲ။ ကိုယ့် Beauty Standard နဲ့ ကိုယ်လို့ လက်ခံလာသူတွေ ပိုများလာပါပြီ။ အခုဖော်ပြထားတဲ့ K-Idol တွေက လုံးကြီးပေါက်လှတွေချည်းပါပဲ။ ဒါ့အပြင် သူတို့က K Beauty Standard တစ်ခုဖြစ်တဲ့ ပေါင်တံသွယ်ရမယ် ပိန်ရမယ် ဆိုတဲ့ အချက်တွေကို သိပ်ဂရုမစိုက်သူတွေပဲ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အခုဖော်ပြထားတဲ့ Idol တွေက ပေါင်တုတ်ပေမယ့် ဆွဲဆောင်မှု ရှိရှိ လှနိုင်ကြောင်း သက်သေပြနေပါတယ်။ သင်ကိုယ်တိုင်လည်း ပေါင်တံမသွယ်ခဲ့ရင် သူတို့ကို ကြည့်ပြီး အားယူနိုင်ပါတယ်။ ဘယ်သူတွေလဲ ကြည့်လိုက်ရအောင်-

Seunghee (CLC)

Dahye (BESTIE)

Photo Source: Korea Thinspo – Tumblr

Hwasa (MAMAMOO)

Jihyo (TWICE)

Cheng Xiao (WJSN)

Ailee

CL

Source: Koreaboo

By MyStyle Myanmar