မိန်းကလေးဆန်ပြီးလှပတဲ့ Scrunchie Hairstyles 7 မျိုးကို ဖော်ပြပေးလိုက်ပါတယ်။ ဒီ Hairstyle လေးတွေက ဆံပင်အရောင်ဆိုးထားရင် ပိုပြင်လို့ကောင်းသလို ပိုပြီးတော့လည်း လှပါတယ်။

Scrunchie Hairstyle 1

ဆံပင်ကို နည်းနည်းယူပြီး ထပ်မှာ ဆံထုံးလေးထုံးလိုက်တာပါ။ ပြီးတော့မှ Scrunchie အသေးလေးနဲ့ ပတ်လိုက်တာပါ။ မိန်းကလေးဆန်ပြီး ချစ်ဖို့ကောင်းပါတယ်။

Scrunchie Hairstyle 2

ဆံပင်ကို အောက်နားလျှောပြီး တစ်ဝက်စည်းလိုက်တာပါ။ ပြီးတော့ ဆံပင်ကို အထဲလိမ်ထည့်လိုက်ပါတယ်။ နောက်ဆုံးမှာမှ ဆံပင်အားလုံးကိုစုပြီး Scrunchie နဲ့ စည်းလိုက်တာပါ။

Scrunchie Hairstyle 3

ခုနကအတိုင်းပါပဲ။ သူက ဆံပင်အားလုံးကိုစုစည်းတဲ့အပြင် Scrunchie နဲ့ ခေါက်လိုက်တာမျိုးပါ။ ကျနေတဲ့ ဆံစလေးတွေကို Scrunchie ထဲ ထိုးထည့်ပါ။ ဒီ Hairstyle လေးဆိုရင် ကပိုကယိုလေးနဲ့ လှနေတာပါ။

Scrunchie Hairstyle 4

ဆံပင်ကို နည်းနည်းစီလိမ်ယူပြီး Scrunchie အသေးလေးနဲ့ စည်းပေးပါ။ ပြီးရင် လိမ်ပြီး အထဲကိုလှန်ထည့်လိုက်ပါ။ ဒါဆိုရင်တော့ မိန်းကလေးဆန်ပြီး အရမ်းလှတဲ့ Hairstyle လေးကို ရသွားပါပြီ။

Scrunchie Hairstyle 5

ဒီ Hairstyle ကတော့ ဆံပင်ကို သုံးဆင့်စီးပေးပြီး နောက်ဆုံးအဆင့်ကိုမှ Scrunchie နဲ့ စည်းလိုက်တာပါ။ အရမ်းလွယ်သလို လှလည်းလှပါတယ်။

Scrunchie Hairstyle 6

ဆံပင်ကို နှစ်ခြမ်းခွဲကာ လိမ်ပေးပါ။ ပြီးရင် ဘေးတစ်ဖက်ကိုယူပြီး သားရေကွင်းနဲ့စည်းထားပါ။ ကပိုကယိုလေးဖြစ်သွားအောင် ဆံစလေးတွေကို နည်းနည်းဆွဲထုတ်ပေးပြီး Scrunchie နဲ့ ပြန်စည်းလိုက်ရုံပါပဲ။

Scrunchie Hairstyle 7

နောက်ဆုံး Hairstyle ကတော့ ဆံပင်ကို Scrunchie နဲ့စုစည်းပြီး အလယ်နားကိုလည်း ထပ်စည်းပါ။ ပြီးရင် ဖောင်းသွားအောင် ဆံစလေးကို နည်းနည်းဆွဲပေးပါ။ ပြီးရင် အောက်ဆုံးမှာ ထပ်စည်းပြီး အဲ့အတိုင်းပဲလုပ်ပါ။ ဒါဆိုရင် အရမ်းလှတဲ့ Hairsyle လေးဖြစ်သွားပါပြီ။