သင့်ရဲ့အိမ်မက်တွေနဲ့ လိုအင်ဆန္ဒတွေကို ဖျက်ဆီးပစ်မယ့် ဒီအလေ့အကျင့်ဆိုး ၇ ခုကို ရှောင်လို့ရအောင် ပြောပြပေးလိုက်ပါတယ်။ ဒါမှလည်း ဒီအလေ့အကျင့်ဆိုး ၇ ခုထဲမှာ ကိုယ်တိုင်လုပ်မိနေတာတွေပါရင်လည်း ဆင်ခြင်လို့ရမှာပါ။

အချိန်ဆွဲခြင်း

တစ်ခုခုဆို ချက်ချင်းမလုပ်ပဲ အချိန်ဆွဲနေရင် သူများထက်နောက်ကျပြီး အခွင့်အရေးတွေလည်း လက်လွတ်သွားပါလိမ့်မယ်။ ကိုယ့်အိမ်မက်တွေကို အကောင်အထည်ဖော်နေတဲ့အချိန်၊ ကြိုးစားနေတဲ့အချိန်မှာတောင် အမြဲတမ်း အချိန်ဆွဲနေရင်တော့ အိမ်မက်တွေက ဖြစ်မြောက်ဖို့ အလှမ်းဝေးပါတယ်။

ပျင်းရိခြင်း

သင့်ရဲ့အိမ်မက်တွေနဲ့ လိုအင်ဆန္ဒတွေကို ဖျက်ဆီးပစ်မယ့် အဆိုးဆုံး အလေ့အကျင့်တစ်ခုကတော့ ပျင်းရိနေတာပါပဲ။ ဘယ်လောက်ပဲ အိမ်မက်တွေရှိနေပါစေ၊ လိုချင်တာတွေများနေပါစေ ပျင်းနေရင်တော့ ဘာမှဖြစ်မြောက်မှာမဟုတ်ပါဘူး။

အဆုံးထိမလုပ်ခြင်း

ကိုယ့်အိမ်မက်တွေ၊ ကိုယ်ဖြစ်ချင်တဲ့ ကိုယ့်ရဲ့လိုအင်ဆန္ဒတွေကို ဖြစ်မြောက်အောင် ကြိုးစားလုပ်လာပြီးမှ အဆုံးထိမလုပ်ပဲ လက်လျှော့လိုက်မယ်ဆိုရင်တော့ အစကနေပြန်ပြန်စနေရမှာပါ။ အဆုံးထိမလုပ်ပဲ လက်လျှော့လိုက်တယ်ဆိုထဲက စိတ်ဓာတ်တွေကျလာမှာပါပဲ။ စိတ်ပိုင်းဆိုင်ရာလည်း ထိခိုက်လာနိုင်ပါတယ်။

ဆင်ခြင်များခြင်း

တစ်ခုခုဆို ဆင်ခြင်အရမ်းများနေတဲ့သူတွေက အိမ်မက်တွေကို အကောင်အထည်မဖော်နိုင်တာ များပါတယ်။ ဖြစ်ချင်တဲ့စိတ်ပဲရှိပြီး ဖြစ်မြောက်အောင် ကြိုးစားအားထုတ်ချင်စိတ်မရှိပဲ အမျိုးမျိုး ဆင်ခြင်တွေပေးနေတတ်ပါတယ်။

Negative Thinking

ကိုယ့်ရဲ့အိမ်မက်တွေကို ကိုယ်ဖြစ်ချင်တဲ့ ကိုယ့်ရဲ့လိုအင်ဆန္ဒတွေကို ဖြစ်မြောက်အောင် ကြိုးစားနေတဲ့အချိန်မှာ အကောင်းမြင်စိတ်ပဲထားပါ။ ဖြစ်နိုင်တယ်၊ ရအောင်လုပ်မယ်၊ အဆင်မပြေလည်း ထပ်ကြိုးစားမယ်ဆိုတဲ့စိတ်မျိုး ထည့်ထားဖို့လိုပါတယ်။ အဲ့လိုမဟုတ်ပဲ မကောင်းတဲ့ဘက်ကနေ Negative Thinking တွေပဲ တွေးနေမယ်ဆိုရင်တော့ ကိုယ်လုပ်နေရတာကို စိတ်ပျက်ပြီး လက်လျှော့လိုက်တာမျိုး ဖြစ်သွားတတ်ပါတယ်။

လူမှုဆက်ဆံရေးမကောင်းခြင်း

လူတစ်ယောက်အောင်မြင်ဖို့ဆိုရင် လူမှုဆက်ဆံရေးက အရမ်းအရေးကြီးပါတယ်။ ကိုယ်ဖြစ်ချင်တာတွေ အဆင်ပြေပြေနဲ့ ဖြစ်မြောက်ဖို့၊ ကိုယ့်အိမ်မက်တွေ အကောင်အထည်ဖော်နိုင်ဖို့ လူမှုဆက်ဆံရေးကောင်းပြီး အပေါင်းအသင်း၊ အသိမိတ်ဆွေတွေသာ အများကြီးရှိရင် အခွင့်အလမ်းတွေ၊ အကူအညီတွေ အများကြီးရနိုင်ပါတယ်။

သက်တောင့်သက်သာနေခြင်း

အိမ်မက်တွေ၊ လိုအင်ဆန္ဒတွေ ရှိပေမယ့် ဘာမှကြိုးစားအားထုတ်မှုမရှိပဲ ပင်ပန်းမှာကြောက်နေရင်၊ ကိုယ့်ကိုယ်ကိုအရမ်းညှာပြီး သက်တောင့်သက်သာနေမယ်ဆိုရင်တော့ တော်ရုံနဲ့ဖြစ်မြောက်မှာ မဟုတ်ပါဘူး။