ငယ်ငယ်ရွယ်ရွယ်နဲ့ ဆံပင်ဖြူတတ်တဲ့ မိန်းကလေးတွေရော ယောကျ်ားလေးတွေကိုရော အများကြီး မြင်ဖူးကြပါတယ်နော်။ စာရေးသူကိုယ်တိုင်လည်း ဆံပင်ဖြူတတ်ပါတယ်။ တကယ်တော့ ဆံပင်နဂိုအရောင်လေးတွေကနေ အရောင်လွှင့်ပြီး ဆံပင်အရောင်ဖျော့သွားတာဖြစ်ပါတယ်။ ဆံပင်အမြစ်ကနေ ဆံပင်နက်မှောင်စေတဲ့ ဓါတ်တစ်မျိုးမထုတ်ပေးနိုင်တော့တာကြောင့် ဆံပင်ဖြူရတာပါ။

အခုလို ဆံပင်ဖြူရတဲ့အကြောင်းရင်းကို လေ့လာရအောင်ပါ။

စိတ်ဖိစီးမှုများတဲ့ သူဖြစ်လို့

စိတ်ဖိစီးမှုများတဲ့ အလုပ်လုပ်နေတဲ့ အမျိုးသမီးတွေဟာ ဆံပင်ဖြူတတ်ပါတယ်။စိတ်ဖိစီးမှုတွေကြောင့် ဆံပင်ရဲ့ အရောင်တွေကို လွှင့်ပျယ်စေပါတယ်။

ဆေးလိပ်သောက်တတ်တဲ့သူဖြစ်လို့

ဆေးလိပ်သောက်တာဟာ အဆုတ်ကျန်းမာရေးကို ထိခိုက်စေလို့ ဆံပင်ကို ဖြူစေပါတယ်။

ကျန်းမာရေးနဲ့ မညီညွှတ်တဲ့အစားအစာတွေ စားလို့ပါ

ကျန်းမာရေးနဲ့မညီညွှတ်တဲ့အစားအစာတွေစားတာ ပရိုတင်းဓါတ်နည်းတဲ့ အစားအစာတွေစားတာဟာ ဆံပင်ဖြူစေပါတယ်။

ခေါင်းလျှော်ရည်ကြောင့်

ခေါင်းလျှော်ရည်ကိုသုံးတဲ့အခါမှာ ဓါတုပစ္စည်းတွေပါတဲ့ ခေါင်းလျှော်ရည်အစား သဘာဝနွားနို့နဲ့ အော်ဂဲနစ်ခေါင်းလျှော်ရည်တွေကို သုံးပေးသင့်ပါတယ်။

သိုင်းရွိုက်ကြောင့်

သင့်ရဲ့ သိုင်းရွိုက်ဟာလည်း ဆံပင်အမြစ်လေးတွေကို ထိခိုက်ပျက်ဆီးစေပါတယ်။ ဆံပင်ဖြူရတဲ့အကြောင်းရင်းတစ်ခုမှာ သိုင်းရွိုက်လည်းပါဝင်ပါတယ်။

ကော်နဲ့ စပရေး သုံးလို့ပါ။

Gelနဲ့ စပရေး အသုံးများတာဟာလည်း ဆံပင်တွေကို ဖြူစေပါတယ်။

ဆံပင်ကို ဆီလိမ်းဖို့မေ့နေလို့ပါ။

ဆံပင်တွေ အုန်းဆီ (သို့) သံလွင်ဆီလိမ်းပေးပါ။ ဒါဆိုရင်တော့ ဆံသားခြောက်သွေ့ပြီး ဆံပင်ဖြူတာ ရပ်စေပါတယ်။ ဆံပင်ကို အဆီလိမ်းပေးတာဟာ ဆံပင်ကို ရေဓါတ်ဖြည့်တင်းပြီး ဆံကေသာကို နူးညံ့ချောမွေ့စေပါတယ်။