မင်္ဂလာပါနော်။ Corset အင်္ကျီနဲ့ပက်သက်တဲ့ ဖက်ရှင်လေးတွေ စိတ်ဝင်စားတဲ့သူတွေရှိလား။ Corset တွေက ပုံမှန်နဲ့ကွဲထွက်တဲ့ အင်္ကျီပုံစံမျိုးဖြစ်ပြီး လက်ရှိနိုင်ငံခြား Cele တွေကြားမှာ ပြန်လည်ရေပန်းစားလာတဲ့ ဖက်ရှင် Trend တစ်ခုလို့ ပြောလို့ရပါတယ်။ သင်ကိုယ်တိုင်လည်း ဒီလိုအင်္ကျီလေး စမ်းဝတ်ကြည့်ချင်လို့ ဘယ်လိုအတွဲအစပ်နဲ့လိုက်မလဲ သိချင်တယ်ဆိုရင်တော့ ဒီအကြောင်းအရာက သင့်အတွက်အသုံးဝင်မှာပါ။ ဒီတစ်ခေါက်မှာ Corset လေးတွေကို ဆွဲဆောင်မှုရှိသလို အထာလည်းကျနေအောင် တွဲစပ်ဝတ်ဆင်နည်းတွေကို မျှဝေပေးချင်ပါတယ်။ ကြည့်လိုက်ရအောင်နော်-

Corset တွေက ဂျင်းဘောင်းဘီလေးတွေနဲ့အရမ်းလိုက်ပါတယ်။ ခါးလေးဖော်ပြီးဝတ်လိုက်တာနဲ့ ဆွဲဆောင်မှုလုံးဝရှိစေမှာဖြစ်သလို ဘောင်းဘီအတွင်းထဲထည့်ဝတ်လို့လည်းလှတဲ့ ဖက်ရှင်လေးပါ။


စတိုင်ဘောင်းဘီတွေနဲ့လည်း စမတ်ကျကျတွဲဝတ်နိုင်ပါတယ်နော်။ Corset ကိုမှ လက်ပြတ်မဝတ်ချင်ရင် လက်ရှည်လေးနဲ့ တွဲဝတ်တာမျိုး လုပ်ကြည့်ပါ။ အောက်မှာပြထားတဲ့ပုံစံလေးတွေကို Idea ယူနိုင်ပါတယ်။


နောက်ထပ်အထာကျတဲ့တွဲဝတ်နည်းကတော့ Leather Pants တွေပါပဲ။ ဖက်ရှင်အရမ်းကျသလို ဈေးကြီးတဲ့ Outfit ပုံစံမျိုး ထင်းနေစေမှာပါ။


အောက်ပွဘောင်းဘီတွေကလည်း Corset လေးတွေနဲ့ လိုက်ပါတယ်နော်။ လွတ်လွတ်လပ်လပ်နဲ့ အထာကျတဲ့ Vibe ရစေမှာပါ။


ပေါ့ပေါ့ပါးပါး Sweatpants တွေနဲ့ တွဲဝတ်တာကလည်း မသိမသာနဲ့ Cool ဖြစ်စေမှာပါ။


စကပ်တိုဝတ်နေကျသူဆိုရင် ဒီလိုစကပ်လေးတွေနဲ့ တွဲဝတ်ကြည့်ပါ။ ဆွဲဆောင်မှုအရမ်းရှိပါတယ်။


အောက်က ရှပ်အဖြူခံပြီး Corset နဲ့တွဲဝတ်တဲ့ပုံစံကလည်း လူငယ်ကောင်မလေးတွေကြား ခေတ်စားနေတဲ့ဖက်ရှင်လေးလို့ ပြောလို့ရပါတယ်။

Photo Source: Pinterest

By MyStyle Myanmar