အလှကြိုက်တဲ့သူတွေအတွက်တော့ နုပျိုလှပနေဖို့က အရေးအကြီးဆုံးပါပဲ။ ဒါကြောင့် သင့်ကို ပိုမိုနုပျိုလာစေဖို့ကူညီပေးမယ့် ထိရောက်တဲ့ Anti-Wrinkle Exercises 8 မျိုးကို မျှဝေပေးလိုက်ပါတယ်။

Exercise 1

ပါးစပ်မှာ ဇွန်းကိုကိုက်ထားပြီး နည်းနည်းပြုံးနေပါ။ အဲ့အတိုင်း 10 စက္ကန့် ရအောင်နေပေးပါ။ ဒီ exercise က မေးရိုးကြွက်သားတွေနဲ့ လည်ပင်းကြွက်သားတွေကို ဆန့်ထုတ်ပေးတာဖြစ်လို့ အရေးအကြောင်းတွေ သက်သာစေတယ်၊ နုပျိုစေပါတယ်။

Exercise 2

ပုံမှာပြထားတဲ့အတိုင်း မျက်စိမှိတ်ပြီး မျက်ခုံးကို အပေါ်ပင့်ထားပါ။ ပြီးရင် လက်ချောင်းတွေနဲ့ မျက်ခုံးအောက်ကို ဆွဲချပါ။ အဲ့အတိုင်း 10 ကြိမ်လုပ်ပေးရပါမယ်။ မနက် 10 ကြိမ်၊ ည 10 ကြိမ်စီ လုပ်ပေးပါ။

Exercise 3

လက်ညှိုးနဲ့ လက်ခလယ်ကို ပုံမှာပြထားတဲ့အတိုင်း မျက်လုံးအောက်မှာ V ပုံစံလုပ်ထားပါ။ ပြီးရင် မျက်လုံးက အပေါ်ကိုလန်ကြည့်ပါ။ အဲ့အတိုင်း 7 ကြိမ်လုပ်ပေးရင် ရပါပြီ။ ဒီ exercise က မျက်လုံးနားတစ်ဝိုက်က အရေးအကြောင်းတွေ မဖြစ်အောင် ကြိုတင်ကာကွယ်ပေးသလို ဖြစ်နေရင်လည်း သက်သာစေပါတယ်။ မျက်အိတ်ဖောင်းတာလည်း သက်သာစေပါတယ်။

Exercise 4

ပုံမှာပြထားတဲ့ exercise 2 မျိုးလုံးကို လုပ်ပေးရပါမယ်။ တစ်မျိုးကို 5 စက္ကန့်စီနေပေးပါ။ ပြီးမှ နောက်တစ်မျိုး ပြောင်းလုပ်ပါ။ စုစုပေါင်းလုပ်ပေးရမယ့် အကြိမ်အရေအတွက်ကတော့ အနည်းဆုံး 10 ကြိမ်ပါ။

Exercise 5

ဇွန်းကို ဒုတိယပုံမှာပြထားတဲ့အတိုင်း နှုတ်ခမ်းနဲ့ဖိထားရမှာပါ။ အဲ့အတိုင်း 10 စက္ကန့်နေပြီး ဇွန်းပြန်ထုတ်၊ ပြီးရင် ပြန်လုပ်ပါ။ 5 ကြိမ် လုပ်ပေးရပါမယ်။

Exercise 6

ပုံမှာပြထားတဲ့အတိုင်း လျှာကိုအပေါ်လန်ပြီးလုပ်ပေးပါ။ တစ်နေ့ကို 7 ကြိမ် နေ့တိုင်းသာလုပ်ပေးပါ။

Exercise 7

ဇွန်းကို ပါးစပ်မှာကိုက်ဖိထားပြီး မျက်နှာကိုအပေါ်မော့ကာ 10 စက္ကန့်နေပါ။ ပြီးရင် ပုံမှန်အတိုင်းပြန်နေပါ။ ပြီးရင်ပြန်လုပ်ပါ။ အဲ့အတိုင်း 7 ကြိမ်ပဲ လုပ်ပေးရမှာပါ။