ဗိုက်မှာအဆီများနေလို့ ဗိုက်ချပ်ချင်တဲ့သူတွေ၊ ဝမ်းဗိုက်ကြွက်သား တင်းရင်းချင်တဲ့သူတွေအတွက် ဗိုက်ချပ်ပြီး ဝမ်းဗိုက်ကြွက်သား တင်းရင်းလာစေမယ့် Abs Exercise (7) မျိုးကို မျှဝေပေးလိုက်ပါတယ်။

Exercise 1

ခြေထောက်ကိုကွေးပြီး ပုံမှာလုပ်ပြထားသလို မြှောက်ထားပါ။ မြှောက်ထားတဲ့အနေအထားနဲ့ ဒူးကိုလက်ဖဝါးနှစ်ဖက်နဲ့ ထိထားပြီး ခေါင်းကြွလိုက်ပါ။ ပြီးရင် ခေါင်းပြန်ချပြီး လက်လည်းပြန်ချပါ။ အဲ့အတိုင်း 10 ကြိမ် လုပ်ပေးပါ။ ခေါင်းကြွလိုက်တဲ့အနေအထားနဲ့က စက္ကန့် 30 နေပေးရပါမယ်။

Exercise 2

ဒီ Exercise ကတော့ ခြေထောက်နှစ်ချောင်းကိုပူးကပ်ပြီး မြှောက်ထားတဲ့ အနေအထားနဲ့ စက်ဝိုင်းပုံစံ လှည့်နေပေးရမှာပါ။ ဗိုက်မှာအားထည့်ပြီး လုပ်ပေးပါ။

Exercise 3

ပုံမှာလုပ်ပြထားတဲ့အတိုင်း ဘယ်ညာတစ်လှည့်စီ လုပ်ရမှာပါ။ ဘယ်ဘက်လှည့်လုပ်ပြီးရင် ခြေထောက်တွေ လက်တွေပြန်ချပြီး လှဲနေတဲ့အနေအထားနဲ့ပြန်နေပါ။ ပြီးမှ ညာဘက်လှည့်လုပ်ပါ။ အဲ့အတိုင်း တစ်ဖက်ကို 10 ကြိမ်စီ လုပ်ပေးရပါမယ်။

Exercise 4

Plank ထောက်တဲ့ အနေအထားနဲ့နေပြီး ဘယ်ခြေထောက်ကို ရင်ဘတ်နားအထိရောက်အောင်ကွေးလိုက်၊ ခြေထောက်ပြန်ဆန့်လိုက်၊ ညာခြေထောက်ကို ရင်ဘတ်နားအထိရောက်အောင်ကွေးလိုက် ခြေထောက်ပြန်ဆန့်လိုက်နဲ့ ဘယ်ညာတစ်လှည့်စီ တစ်ဖက်ကို 10 ကြိမ်စီ လုပ်ပေးရပါမယ်။

Exercise 5

ပုံမှာလုပ်ပြထားတဲ့အနေအထားအတိုင်းနေပြီး ခြေထောက်တစ်ဖက်ကို ကွေးလိုက်၊ ပြန်ဆန့်လိုက် လုပ်ရမှာပါ။ ဒါလည်း ဘယ်ညာတစ်လှည့်စီ တစ်ဖက်ကို 10 ကြိမ်စီ လုပ်ပေးပါ။

Exercise 6

Plank ထောက်ထားတဲ့ အနေအထားနဲ့နေပြီး လက်တစ်ဖက်ကို အရှေ့ဆန့်ထုတ်လိုက် ပြန်ချလိုက်၊ နောက်လက်တစ်ဖက်ကို အရှေ့ဆန့်ထုတ်လိုက်၊ ပြန်ချလိုက်နဲ့ လုပ်ပေးရပါမယ်။ ဘယ်ညာတစ်လှည့်စီ တစ်ဖက်ကို 10 ကြိမ်လုပ်ပေးရင် ရပါပြီ။

Exercise 7

လက်သီးနှစ်ဖက်ကိုဆုပ်ထားပြီး လွှဲတဲ့ပုံစံမျိုး ပုံမှာလုပ်ပြထားတဲ့အတိုင်း လုပ်ပေးပါ။ ဘယ်ဘက်ကစလွှဲပြီးလုပ်တာ 10 ကြိမ်၊ ညာဘက်ကစလွှဲပြီးလုပ်တာ 10 ကြိမ် လုပ်ပေးရင်ရပါပြီ။