တစ်နေ့ တစ်နေ့ လေထုညစ်ညမ်းမှုက ပိုဆိုးလာပါတယ်။ လေထုညစ်ညမ်းမှုကြောင့် ကိုယ့်အသားအရေကို အနည်းနဲ့အများ ထိခိုက်နိုင်ပါတယ်။ အရေပြားမပျက်စီးဖို့ Sunscreen လိမ်းပေးရပါတယ်။ အသင့်စားအစားအသောက်တွေကို ရှောင်ရပါတယ်။ အရာရာ အထိခိုက်များလာတဲ့ အချိန်ကာလမှာ ကိုယ့်မျက်နှာကို ဂရုစိုက်ပေးဖို့လိုပါတယ်။ ဒီထဲမှာ မျက်နှာ ရေငွေ့ရိုက်ခြင်း Steaming လည်းပါဝင်ပါတယ်။ ပျိုမေတို့အနေနဲ့ တစ်ပတ်တစ်ခါ Steam လုပ်ခြင်းကြောင့် ရရှိလာမယ့် ကောင်းကျိုးတွေကို သိထားသင့်ပါတယ်။ ကြည့်လိုက်ရအောင်နော်-

၁။ ကိုယ့်ချွေးပေါက်ထဲက အညစ်အကြေးတွေ အလှကုန်တွေကို ဖယ်ရှားပေးတယ်


သင့်မျက်နှာရေငွေ့ရိုက်တဲ့အခါ ရေနွေးငွေ့က သင့်ချွေးပေါက်တွေကိုအနားယူစေပါတယ်။ ချွေးပေါက်ကို ကျယ်ပြန့်သွားစေပါတယ်။ ချွေးပေါက်ပွင့်သွားတဲ့အခါ အညစ်အကြေးနဲ့ အဆီဖုန်မှုန့်တွေ ထွက်ကျလာစေပါတယ်။ ရေငွေ့ရိုက်ခြင်းကြောင့် မျက်နှာ ကြည်လင် ရှင်းသန့်စေပါတယ်။

၂။ ဝက်ခြံဖြစ်စေတဲ့ ဘတ်တီးရီးယားတွေနဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေးတယ်


သင့်အရေပြားက ခန္ဓာကိုယ်ရဲ့ အကြီးဆုံး အင်္ဂါတွေထဲက တစ်ခုဖြစ်ပါတယ်။ ဒီတော့ ဘတ်တီးရီးယားတွေကပ်ဖို့ ပိုလွယ်ပါတယ်။ ရေငွေ့ရိုက်တဲ့အခါ မလိုအပ်တဲ့ ဘတ်တီးရီးယားအသေတွေကို ဖယ်ရှားရာရောက်ပါတယ်။

၃။ အောက်ဆီဂျင်ပိုရမယ်


ရေငွေ့ရိုက်တာကို လူအများစုက ကြောက်တတ်ကြပါတယ်။ မျက်နှာနီမြန်းသွားတတ်လို့ပါ။ ဒီလိုနီမြန်းသွားတာက အောက်ဆီဂျင်တွေ ဝင်ရောက်သွားလို့ပါ။

၄။ အရေးအကြောင်းသက်သာစေမယ်


Steam ပေးတာက အရေပြားသွေးလည်ပတ်မှုကို ကောင်းမွန်စေပါတယ်။ အရွယ်တင်နုပျိုဖို့ လိုအပ်တဲ့ ကော်လဂျင်ထုတ်လုပ်မှုကို အားပေးရာရောက်ပါတယ်။ အရေးအကြောင်း်သက်သာစေပါတယ်။

၅။ သဘာဝအတိုင်း ရေဓာတ်ပြည့်သွားမယ်


အဆီတွေနဲ့ ဖုန်တွေကွာကျသွားတာကြောင့် အရေပြားကို သဘာဝအတိုင်း အစိုဓာတ်ပေးမယ့် အဆီတွေကို ပိုထွက်လာစေပါတယ်။ ရေငွေ့ရိုက်ခြင်းကြောင့် မျက်နှာလေးက စိုစိုလေးဖြစ်နေစေပါတယ်။

၆။ Skincare အာနိသင်ကို ပိုစုပ်ယူနိုင်မယ်


ရေငွေ့ရိုက်လိုက်တဲ့အခါ ချွေးပေါက်ပွင့်သွားတာမို့ Skincare လုပ်တဲ့အခါ ပိုထိရောက်သွားစေပါတယ်။ Lotion တွေ Cream တွေ လိမ်းတဲ့အခါ သူတို့ရဲ့ အာနိသင်ကို ပိုထိရောက်သွားစေပါတယ်။

သင်အရင်က Steam လုပ်ဖူးလား ပြောပြခဲ့ပါဦး။

Source: Brightside.me

By MyStyle Myanmar